နိုင်ငံတကာမှ စွမ်းအင်ကုမ္ပဏီကြီး များ ပါ၀င်သည့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်
တင်ဒါ ခေါ်ယူမှုအတွက် အပြီးသတ်အောင် မြင်သည့် အဖြေကို ယခုနှစ်ကုန်ပိုင်း တွင် အစောဆုံး
ကြေညာနိုင်မည် ဖြစ် ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အရာ ရှိကြီးတစ်ဦးက ပြောသည်။
"အကြိုတင်ဒါအောင်တဲ့ ကုမ္ပဏီတွေကို အခုနေပြည်တော်မှာ အချက် အလက်စစ်ဆေးမှုတွေ
လုပ်နေကြ တယ်။ ဩဂုတ်လလယ်လောက်တော့ ပြီးမှာပါ။ တင်ဒါနောက်ဆုံး ပြန်တင်ရ မယ့်ရက်
က နိုဝင်ဘာ ၁၅ ဖြစ်ပြီး ၀န်ကြီး ဌာနက ပြန်စစ်ဆေးတာက တစ်လ ကနေ တစ်လခွဲလောက် ကြာ
မယ်။ ဒါကြောင့် ဒီဇင်ဘာလကုန် ဒါမှမဟုတ် နောက်နှစ် ဇန်နဝါရီလဆန်းမှာ တင်ဒါအောင်တဲ့သူ
တွေကို ကြေညာဖို့ ရှိပါတယ်" ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို
ပြောသည်။
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်း (ြဥွန) သည် ကမ်းလွန်ရေနံနှင့် သဘာဝ
ဓာတ်ငွေ့ လုပ်ကွက်ပေါင်း ၃၀ အတွက် ပြီးခဲ့သည့် ဧပြီလက တင်ဒါခေါ်ယူခဲ့ရာ နိုင်ငံ တကာမှ
ကုမ္ပဏီပေါင်း ရ၅ ခု က တင်ဒါလျှောက်လွှာများ တင်သွင်းခဲ့ကြ ပြီး၊ အကြိုတင်ဒါ အောင်မြင်သည့်
ကုမ္ပဏီ ၆၁ ခုစာရင်းအား ြဥွန က ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါစာရင်းတွင် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ နယ်သာ လန်၊ ပြင်သစ်၊ အစ္စရေး၊
အာရပ်စော် ဘွားများနိုင်ငံ၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊
စင်ကာပူ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ စွမ်းအင်ကုမ္ပဏီ များနှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီတစ်ခုလည်း
ပါ၀င်ခဲ့သည်။
အစိုးရသစ်လက်ထက် ပထမဆုံးခေါ် ယူခဲ့သည့် ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက်
တင်ဒါအား နိုင်ငံ တကာ စွမ်းအင်ကုမ္ပဏီများ အလွန် စိတ်ဝင်စားခဲ့ကြပြီး မြန်မာနိုင်ငံ၏ စွမ်းအင်
ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလုပ် ကိုင်ရန် အဆိုပြုလျှောက်လွှာများ အပြိုင် အဆိုင် တင်ခဲ့ကြသည်။
ထုတ်ပြန်ထား သော အကြိုတင်ဒါအောင်မြင်သည့် ကုမ္ပဏီများ စာရင်းတွင် ဩစတြေးလျ နိုင်ငံမှ
ကုမ္ပဏီ ၁၁ ခုနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ ကုမ္ပဏီခုနှစ်ခုအထိ ပါ၀င်ခဲ့ကြသည်။
"ဒီတစ်ကြိမ် တင်ဒါက စိတ်ဝင်စားတဲ့ လူတော်တော်များတယ်။ အရင်တုန်း ကတော့ နိုင်ငံတကာ
က အရေးယူပိတ် ပင်မှုတွေ ရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့ စွမ်းအင် လုပ်ကွက်တွေကို တရုတ်နဲ့ ထိုင်း
ကိုပဲ အများဆုံးပေးခဲ့ရတာလေ။ ဒီတစ်ကြိမ်တော့ နိုင်ငံတကာကအင် အားကြီး ရေနံကုမ္ပဏီကြီး
တွေလည်း ပါလာတော့ တော်တော်အကြိတ်အနယ် ရှိတယ်။ ဒါပေမဲ့ တင်ဒါရွေးချယ်ရေး ကော်
မတီအနေနဲ့ ပွင့်လင်းမြင်သာမှု ကိုပဲ အဓိကအခြေခံသွားမှာပါ။ တခြား နိုင်ငံရေး၊ စီးပွားရေးလွှမ်းမိုး
မှုတွေကို ထည့်မစဉ်းစားဘဲ ငွေရေးကြေးရေးနဲ့ နည်းပညာပိုင်းကိုအခြေခံပြီး ရွေးချယ် သွားမှာပါ"
ဟု စွမ်းအင်စီမံကိန်းဦးစီးဌာနက ၎င်းတာဝန်ရှိသူက ပြောသည်။
တင်ဒါခေါ်ယူထားသော ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၃၀ တွင် ကမ်းနီးလုပ်ကွက်
၁၁ ခုနှင့် ရေနက်ပိုင်းလုပ်ကွက် ၁၉ ခု ပါ၀င်ပြီး ကုမ္ပဏီ တစ်ခုချင်းစီအနေဖြင့် လုပ်ကွက်သုံးခုစာ
အတွက် အဆိုပြုလျှောက် လွှာများကိုလည်း လက်ခံလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ရခိုင်၊ မုတ္တမနှင့်
တနင်္သာရီကမ်းလွန်လုပ်ကွက်များတွင် တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်နှင့် ဗီယက်နမ်နိုင်ငံံများမှ
ကုမ္ပဏီ ၁၂ ခုတို့ လက်ရှိ လုပ်ကိုင်လျက်ရှိပြီး စီးပွား ဖြစ်ထုတ်လုပ်နိုင်သော လုပ်ကွက်များ အဖြစ်
မုတ္တမကမ်းလွန် ပိုင်းတွင်ထိုင်း နိုင်ငံသို့ တင်ပို့ရောင်းချနေသော ရတနာနှင့် ရဲတံခွန်စီမံကိန်းများနှင့်
ရခိုင်ကမ်းလွန်တွင် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသော ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းတို့
ရှိသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မ ရှင်က ထုတ်ပြန်ထားသောစာရင်းများ အရ ရေနံနှင့်သဘာဝ
ဓာတ်ငွေ့ကဏ္ဍ ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအထိ အမေရိကန်
ဒေါ်လာ ၁၄ ဒသမ ၃၇၂ ဘီလျံရှိပြီ ဖြစ်သည်။
















