ပြည်ပမှ ထပ်မံဝင်ရောက်လာသည့် စားအုန်းဆီများ အရည်အသွေးပြည့်ဝ မှု မရှိသည့်သတင်းများ
ပေါ်ထွက်လာ ပြီးနောက် ဈေးကွက်အတွင်း ယခင် လက်ကျန်စားအုန်းဆီသိုလှောင်ထားသူ များ၏
ဈေးကစားမှုကြောင့် လာမည့်ရက်များအတွင်း ဈေးနှုန်းများမြင့်တက် လာဖွယ်ရှိကြောင်း စားအုန်းဆီ
လုပ်ငန်းရှင်များက ပြောသည်။
"လတ်တလော ပြည်တွင်း ဆီထုတ် လုပ်မှု အခက်အခဲဖြစ်နေတာကို အခွင့်ကောင်းယူပြီး
ဆီလှောင်ထားတဲ့ကုန် သည်တချို့က ဈေးမြှင့်တင်နေကြ တယ်။၊သူတို့လက်ထဲမှာ လှောင်ထား
တဲ့ဆီတွေ ကုန်သွားရင် ဈေးပြန်ကျသွား ပြီး တက်ဈေးနဲ့ ၀ယ်ထားတဲ့သူတွေ အရှုံးပေါ်တော့တာပဲ"
ဟု ကုန်စည်ရောင်းချသူ ဦးမောင်ရီက ပြောသည်။
ဆိပ်ကမ်းသို့ ဆီတန်ချိန် ၁၅,၀၀၀ ခန့်ရှိသည့် စားအုန်းဆီတင်သင်္ဘော သုံးစင်း ရောက်ရှိခဲ့ပြီး
ထိုစားအုန်းဆီ များတွင် ရေပါ၀င်မှုရှိသည်ဆိုကာ ဆိပ်ကမ်းရှိ ဆီကန်များသို့ ဆီချခြင်း မရှိနိုင်
သည့်သတင်းများ ထွက်ပေါ်ခဲ့ သည့်အပြင် ဆီကန်များတွင် အနည်၊ အမှုန်နှင့် အနံ့များရှိနေသည့်
သတင်း များပါ ပေါ်ထွက်ခဲ့သည်။
ထိုသတင်း များကို အခြေခံကာ ဆီလှောင်ထားသူ များ၏၊ဈေးကစားမှုကြောင့် စားအုန်းဆီ လက်
ကားဈေးမှာ ဇူလိုင်လ ၂၆ ရက်နေ့ က တစ်ပိဿာလျှင် ကျပ် ၁,၅၀၀ ရှိခဲ့ရာမှ ဩဂုတ်လ ၃ ရက်
နေ့တွင် ၁,၅၇၀ အထိ ဈေးတက်ခဲ့ပြီး ဩဂုတ်လ ၆ ရက်နေ့တွင် ကျပ် ၁,၅၃၀ ရှိခဲ့သည်။
"အခုလို ဈေးကစားလိုက်လို့ ဆီ လှောင်လက်တွေအနေနဲ့ ဆီ တစ်ပီပါ ကို ကျပ် ၅,၀၀၀ လောက်
အမြတ်ထွက် သွားကြတယ်" ဟု ဆီကုန်သည် ဦးမောင်လှမြင့်က ပြောသည်။ အဝယ်တော် ဦးနေ
လင်းက "စားဆီ အရည်အသွေးကျတဲ့သတင်း ထွက်လာ ပြီး ဩဂုတ်လဆန်းလောက်က စပြီး ဆီ
လှောင်တဲ့ ကုန်သည်တွေလက်ထဲက ဈေးတွေက တစ်ပိဿာကို ကျပ် ၄၀ ကနေ ရ၀ အထိ တက်
သွားတယ်"ဟု ပြောသည်။
















