မြန်မာနိုင်ငံတွင်းသို့ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးများ နည်းမျိုးစုံဖြင့် တရားမဝင် တင်သွင်း
လျက်ရှိပြီး အဆိုပါ ဆေးများသည် ထိရောက်မှုအာနိသင်နည်းပါးခြင်း၊ လူနှင့် ပတ်ဝန်းကျင်ကို
လွန်စွာ ထိခိုက်နိုင်စေခြင်းတို့ကြောင့် အဆိုပါကိစ္စကို ပြင်းထန်စွာ အရေးယူပေးရန်နှင့် မြန်မာနိုင်ငံ
ဓာတ်မြေဩဇာ မှတ်ပုံတင်ခွင့်ဥပဒေအား ပြင်ဆင်ပေး ရန် မြန်မာနိုင်ငံတောင်သူလယ်သမား
အသင်း (ယာယီ) က ပြည်သူ့လွှတ်တော် အပါအဝင် သက်ဆိုင်ရာ ၀န်ကြီးဌာန များဖြစ်သော
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဌာနများသို့ ဇူလိုင်လ ၂၂ ရက်နေ့က တင်ပြခဲ့သည်။
"လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ သုံး နေတဲ့ ဓာတ်မြေဩဇာတွေထဲမှာ နိုင်ငံတကာမှာ တားမြစ်ထား
တဲ့အမျိုးအစား တွေပါနေတယ်။ ဘာတွေ ဘယ်လောက် ထည့်ထားမှန်းလည်းမသိတော့ လယ်
သမားတွေသုံးတဲ့အခါမှာ အန္တရာယ် ဖြစ်စေပါတယ်"ဟု မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း
(ယာယီ) ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
ထို့ပြင် ဓာတ်မြေဩဇာ မှတ်ပုံတင်ရာတွင်လည်း အားနည်းချက်များရှိနေပြီး ပါ၀င်မှုနှုန်းထားများကို
သေချာစွာ စစ်ဆေးပေးပြီးမှ ခွင့်ပြုသည့် မှတ်ပုံတင်ဥပဒေသစ်ကို အမြန်ဆုံး ပြဋ္ဌာန်းပေးရန်
လိုကြောင်း ဒေါက်တာစိုးထွန်းက ပြောသည်။ "နိုင်ငံတကာ ဓာတ်မြေဩဇာဥပဒေမှာဆိုရင်
NPK လို့ခေါ်တဲ့ နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်နဲ့ ဖော့စဖရပ် ပါ၀င် မှုနှုန်းက ၂၅ ရာခိုင်နှုန်းပြည့်မှ
ခွင့်ပြု တာပါ။ ဒီမှာက မသတ်မှတ်ထားပါ ဘူး "ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်း ၍ လွန်ခဲ့သော လများ
အတွင်းက ဓာတ်မြေဩဇာများ၏ အရည်အသွေး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး နောက်
ပြည်တွင်း၌ သုံးစွဲနေသော ဓာတ်မြေဩဇာအများစုမှာ အန္တရာယ် ရှိကြောင်း တွေ့ရှိခဲ့သည်ဟု ဆန်စပါးစိုက်ပျိုးရေးပညာရှင် ဒေါက်တာမင်းအောင်က ပြောသည်။
ပြည်တွင်းရှိ စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်လုပ်သော ဓာတ်မြေဩဇာများမှာ လည်း NPKပါ၀င်မှုနှုန်း
သုံးရာခိုင်နှုန်း ၀န်းကျင်သာရှိကြောင်းတွေ့ရှိရပြီး ၎င်း တို့ထဲမှ အချို့တံဆိပ်များမှာ အောင်တံ ခွန်၊
ကမ္ဘာလုံး၊ ချမ်းသာ၊ တိုးပွား၊ ရွှေသီးနှံ၊ ကမ္ဘာကျော်၊ ရွှေပြည့်ဝနှင့် တို့တောင်သူ တို့ ဖြစ်သည်။
ယင်းတို့အားသုံးစွဲပါက မြေဆီလွှာပျက်စီးဆုံးရှုံးမှုများ ဖြစ်စေ နိုင်ကြောင်းနှင့် ထိုဓာတ်မြေဩဇာများ
တွင် NPK ပါ၀င်မှုနှုန်း ထည့်သွင်းဖော် ပြထားခြင်း မရှိကြောင်းလည်း အဆိုပါ ပေးပို့စာတွင်
ဖော်ပြထားသည်။
















