ကေဆောင်စက်မှုဇုန်၊ဆွေးနွေးပွဲ တောင်ကိုရီးယား၊စိတ်မရှည်တော့

ကေဆောင်စက်မှုဇုန်၊ဆွေးနွေးပွဲ တောင်ကိုရီးယား၊စိတ်မရှည်တော့

တောင်နှင့် မြောက် ကိုရီးယားနျစ်နိုင်ငံအကြား ရှားပါးသည့် ပူးပေါင်းဆောင် ရွက်မှုတစ်ခုအဖြစ်
ယခင်က သတ်မှတ် ခဲ့ကြသည့် ကေဆောင်ပူးပေါင်း စက်မှုဇုန်ကို ပြန်လည်ဖွင့်လှစ်ရန် နှစ် နိုင်ငံ
ပြုလုပ်နေသည့် ဆွေးနွေးပွဲ တိုး တက်မှုမရှိဘဲ ရပ်တန့်နေသည့်ကိစ္စ နှင့်ပတ်သက်၍ တောင်ကိုရီး
ယား အစိုး ရက သည်းမခံနိုင်တော့ကြောင်း မြောက် ကိုရီးယားကို ဩဂုတ်လ ၄ ရက်နေ့က
သတိပေးပြောကြားလိုက်သည်။

မြောက်ကိုရီးယား အစိုးရအတွက် ၀င်ငွေရရှိရာ အဓိကအရင်းအမြစ် တစ်ခု ဖြစ်သည့် ကေဆောင် စက်မှုဇုန် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုများ ခြောက်ကြိမ် ပြုလုပ်ခဲ့
သော်လည်း ယင်းစက်မှု ဇုန် ပိတ်လိုက်ရခြင်းအပေါ် တာဝန်ခံ ရေးနျင့် ပတ်သက်ပြီး တစ်ဖက်နှင့်
တစ် ဖက် အချင်းများနေကြသည့် အတွက် ဆွေးနွေးပွဲမှာ ယခုအချိန်အထိ အောင် မြင်မှုမရသေး
ပေ။ စစ်ရေးအရတင်းမာမှုကို အကြောင်း ပြုကာ ဧပြီလ အစောပိုင်းကတည်းက ပိတ်ထားရသည့်
ကေဆောင်စက်မှုဇုန်နှင့်ပတ်သက်ပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် နောက်ဆုံးအကြိမ် ဆွေးနွေးရန်
တောင်ကိုရီးယားအစိုးရက ရည်ရွယ် ထားသည်။

သို့သော် ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသည် နောက် တစ်ကြိမ်ဆွေးနွေးပွဲ
ပြုလုပ်မည့်ရက် ကို မသတ်မှတ်နိုင်ခဲ့ဘဲ တောင်ကိုရီး ယား အစိုးရသည် အထက်စီးဆန်သည် ဟု
မြောက်ကိုရီးယားဘက်မှ တာဝန်ရှိ သူများက စွပ်စွဲထားခြင်းစသည့် မပြေ လည်မှုများနှင့်သာအဆုံး
သတ်ခဲ့သည်။

နှစ်နိုင်ငံအရေးကို ဖြေရှင်းဆောင် ရွက်နေသည့် တောင်ကိုရီးယား၏ တောင်နှင့်မြောက် နှစ်နိုင်ငံ
ပေါင်းစည်း ရေးဝန်ကြီးဌာနသည် မြောက်ကိုရီး ယားအစိုးရကို 'နငတ်ဆိတ်နေမည့်အစား တာဝန်
ခံသည့် စကားနျင့် လုပ်ရပ်တချို့ ကို ပြသရန်' တနင်္ဂနွေနေ့က တိုက်တွန်း ပြောကြားခဲ့သည်။

"မြောက်ကိုရီးယားဘက်က သိထား သင့်တဲ့ အချက်ကတော့ တောင်ကိုရီး ယားအစိုးရရဲ့ သည်း
ခံနိုင်တဲ့ အနေအထားဟာ အတိုင်းအတာတစ်ခုကို ရောက်နေပြီ ဆိုတာပါပဲ" ဟု နျစ်နိုင်ငံ ပေါင်း
စည်းရေးဝန်ကြီးဌာနမှ ပြောခွင့် ရပုဂ္ဂိုလ် ကင်မ်ဟွန်ဆော့က သတင်း ထောက်များကို ပြောကြား
ခဲ့သည်။

"ကေဆောင်စက်မှုဇုန်ဟာ ကိုရီး ယားနှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက် တဲ့ မှတ်ကျောက်တစ်ခု
ဖြစ်တယ်ဆို တာ မြောက်ကိုရီးယားက လက်ခံထား တယ်ဆိုရင် အခုလို နငတ်ဆိတ်မနေဘဲ တာ
၀န်ခံတဲ့စကားနဲ့ လုပ်ရပ်တွေ ပြသ သင့်ပါတယ်" ဟု ၎င်းက ပြောသည်။ နှစ်နိုင်ငံ နယ်စပ် မြောက်
ပိုင်းတွင် ၂၀၀၄ ခုနှစ်က တည်ဆောက်ခဲ့သည့် အဆိုပါ စက်မှုဇုန်သည် ယခင်နှစ်နိုင်ငံ အကြား
တင်းမာမှုများအရ ထိခိုက်မှုမရှိ ခဲ့သော်လည်း ဖေဖော်ဝါရီလတွင် မြောက်ကိုရီးယားက ပြုလုပ်
သည့် နျူက လီးယားစမ်းသပ်မှုကို အကြောင်းပြု ကာ ဖြစ်ပေါ်ခဲ့ရသည့် နှစ်လကြာပေါ်ပေါက်လာ
သည့် တင်းမာမှုကြောင့် နောက်ဆုံးတွင် ပိတ်ပစ်လိုက်ရသည့်အခြေအနေသို့ ရောက်ရှိသွားသည်။

ကိုရီးယားကျွန်းဆွယ်ပေါ်ရှိ စစ်ရေး အရတင်းမာမှုနှင့် တောင်ကိုရီးယား အစိုးရ၏ အမေရိကန်နှင့်
ပူးတွဲစစ်ရေး လေ့ကျင့်မှုအပေါ် မကျေနပ်သည့် မြောက်ကိုရီးယားအစိုးရသည် တောင်ကိုရီးယား
ကုမ္ပဏီ ၁၂၀ ၏ အထည်နှင့် အခြားထုတ်ကုန်များ ထုတ်လုပ်ရာ စက် ရုံအချို့မှ မြောက်ကိုရီယား
အလုပ်သမား ၅၃,၀၀၀ ကို ပြန်လည် ခေါ်ယူထားလိုက် သည်။

အဆိုပါ စက်မှုဇုန်ကို နောက်တစ်ကြိမ် ပိတ်လိုက်ရသည့် အခြေအနေမျိုး မဖြစ်အောင် မြောက်ကို
ရီးယားက အာ မခံပေးရန်နှင့် ကုမ္ပဏီများ၏ ဆုံးရှုံးမှု ခန့်မှန်းချေ စုစုပေါင်း ဒေါ်လာ တစ် ဘီလျံနီး
ပါး၏ တချို့တစ်ဝက်ကို လျော် ကြေးပေးရန် တောင်ကိုရီးယားအစိုးရ က ထပ်တလဲလဲ တောင်းဆို
ထားသည်။

သို့သော် စက်မှုဇုန်ပိတ်လိုက်ရသည့်ကိစ္စသည် တောင်ကိုရီးယားအစိုးရ တွင်သာ တာဝန်ရှိသည်
ဟု အကြောင်းပြကာ မြောက်ကိုရီးယားအစိုးရသည် တောင်ကိုရီးယား၏ တောင်းဆိုမှုကို ပယ်ချ
ခဲ့သည်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး