အီးယူသို့၊တင်ပို့ကုန်များ၊အခွန်ကင်းလွတ်ခွင့် အတွက် ညှိနှိုင်းမှုအဆင့်တွင်သာ ရှိနေဆဲ

အီးယူသို့၊တင်ပို့ကုန်များ၊အခွန်ကင်းလွတ်ခွင့် အတွက် ညှိနှိုင်းမှုအဆင့်တွင်သာ ရှိနေဆဲ

ဥရောပသမဂ္ဂနိုင်ငံများသို့ ရေထွက်ကုန် ပစ္စည်းများ တင်ပို့ခွင့်ရရှိထားသည့် မြန်မာနိုင်ငံမှ အီးယူ
အသိအမှတ်ပြု စက်ရုံများသည် ယခုအခါတွင် ပို့ကုန် များအပေါ် အခွန် ကင်းလွတ်သည့် အကျိုး
ခံစားခွင့် (GSP) အား အဆိုပါနိုင်ငံများမှ ၀ယ်ယူသူများနှင့် ညှိနှိုင်းမှု များသာ ပြုလုပ်နိုင်သေးသည့်
အတွက် GSP အကျိုးရလဒ်ကို သေချာစွာမသိ နိုင်သေးကြောင်း အီးယူနိုင်ငံများသို့ ရေ ထွက်ကုန်
ပစ္စည်း တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များက ပြောသည်။

"ကျွန်တော်တို့ စက်ရုံ အနေနဲ့က သူတို့နဲ့ ဈေးကွက်ပြတ်နေတာကြာပြီ။ ကျွန်တော်တို့နိုင်ငံက အီး
ယူရဲ့ အခွန် ကင်းလွတ်ခွင့်ရတယ် ဆိုကတည်းက သူတို့ဆီက သွင်းကုန်သမားတွေက အရင်
အဆင်ပြေတာပါ။ သူတို့တွေက ဟိုဘက်မှာ အခွန်ဆောင်စရာ မလိုတော့ဘူး။ သူတို့တွေက
အခွန်ဆောင် ရလို့ ကျွန်တော်တို့ဆီက ပို့ကုန်တွေကို အခွန်အခဖြတ်ပြီး ဈေးပေးတာဆိုတော့
ကျွန်တော်တို့ကလည်း သူတို့ဈေးပြန် ညှိပေးနိုင်မှ GSP ရဲ့အကျိုးရလဒ် ကို ခံစားရမှာပါ" ဟု
ရွှေယမုံရေထွက် ကုန်ပစ္စည်း ထုတ်လုပ်သည့်စက်ရုံမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအေးက
မြန်မာတိုင်း(မ်)ကို ပြောသည်။

အီးယူသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့လျက်ရှိသည့်  General Food Technology and
Indrustrial မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးညွန့်က "ကျွန်တော်တို့ အီးယူရဲ့ အခွန်ကင်းလွတ်ခွင့်
ကို ဇူလိုင် ၁၉ ရက်နေ့က ရခဲ့ပါပြီ။ အခု လောလောဆယ်တော့ ဟိုဘက်နဲ့ဒီဘက်က ညှိနှိုင်းမှုပဲ
ရှိပါသေးတယ်။ ကျွန်တော်တို့ဘက်ကလည်း ဈေးပြန်ညှိဖို့ကိုတော့ တောင်းဆိုထားပါတယ်။
တင်ပို့မှုကတော့ အရင်တိုင်းပုံမှန်ပါပဲ" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနေနှင့် အခွန်ကင်းလွတ်ခွင့်ရရှိပြီး ငွေလဲလှယ်နှုန်းများ မြင့်တက်မှုများရှိခဲ့သော်လည်း
ပြည်ပတင်ပို့ ရောင်းချသူများ အနေဖြင့် အကျိုးသက်ရောက်မှုမှာ ထိထိရောက် ရောက်မရှိကြောင်း
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အဖွဲ့ဝင်ဖြစ်သူ ဦးဟန်ထွန်းက ပြောသည်။

"အီးယူက GSP တရားဝင်ပေးပေ မယ့်လည်း ပေးပေးချင်း ရတာမျိုး မဟုတ်ဘူးလေ။ ကြားထဲမှာ
အချိန်တွေ အများကြီးယူရသေးတယ်။ ပို့ကုန် သမားတွေအနေနဲ့ညှိနှိုင်းနေရတော့ ပို့ကုန်က များ
များစားစား မသွားဘူး" ဟု ၎င်းက ပြောသည်။

အီးယူအခွန်ကင်းလွတ်ခွင့် မရရှိသည့်အချိန်က မြန်မာနိုင်ငံမှ အီးယူသို့ တင်ပို့နိုင်သည့် စက်ရုံ သုံး
ရုံသာရှိပြီး အခွန်ကင်းလွတ်ခွင့်ရရှိပြီး နောက်ပိုင်းတွင် တစ်ရုံ ထပ်မံတိုးလာကာ ယခု အခါတွင် အီး
ယူသို့ တင်ပို့ခွင့်ရရန်အတွက် လျှောက်ထားထားသည့်စက်ရုံ မှာ လေးရုံရှိကြောင်း မြန်မာနိုင်ငံငါး
လုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။ "အခုလောလောဆယ်တော့ အီးယူ စံချိန်
အတွက် လျှောက်ထားတဲ့ စက်ရုံ လေးရုံရှိတယ်။ ကျွန်တော်တို့ ဌာန အနေနဲ့ အီးယူက သတ်မှတ်
ထားတဲ့ စံချိန်တွေ ပြည့် မပြည့်ကို အဲဒီစက်ရုံ တွေကို စစ်ဆေးပေးရပြီး သူတို့တွေကို ပြန်ပြီးထောက်
ခံချက်ပေးရတယ်။ ကျွန်တော်တို့ စစ်ရတဲ့ စက်ရုံတွေက အီးယူက စံချိန်တွေနဲ့ညီတယ်ဆိုရင်
ကျွန်တော်တို့က သူတို့ဆီ ထောက်ခံပေး ရပါတယ်" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး