ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် နှစ်လခန့် ကျဆင်းလျက်ရှိသည့် ပြည်တွင်း ရွှေဈေးမှာလည်း
ယခုသီတင်းပတ်မှ စတင်၍ ပြန်လည် မြင့်တက်လာ ကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များ က
ပြောသည်။
"ကမ္ဘာ့ရွှေဈေးက သုံးလေးရက်အတွင်းမှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁,၂၈၀ လောက်
ကနေ ၁,၃၂၈ အထိ တက်သွားတယ်။ ပြည် တွင်း ရွှေဈေးက ကမ္ဘာ့ ရွှေဈေး အတက် အကျပေါ်
မူတည်တာဆိုတော့ ပြည်တွင်းက ရွှေဈေးလည်း တက်လာတာပေါ့။ ကမ္ဘာ့ရွှေဈေးတက်တာက
လည်း စတော့ရှယ်ယာဈေးကျတော့ စီးပွား ရေးသမားတွေက ရွှေကို ပြန်ဝယ်လာ တော့ ကမ္ဘာ့
ရွှေဈေး တက်လာတာပါ" ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူးဖြစ်သူ
ဦးကျော်ဝင်းက ပြောသည်။
ဩဂုတ်လ ၁၃ ရက်နေ့ ပြည်တွင်း ရွှေဈေးမှာ အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၆၉၀,၀၀၀ ရှိပြီး
ပြီးခဲ့ သည့် အပတ်က ဈေးဖြစ်သည့် ၆၈၀,၀၀၀ ၀န်းကျင်မှ မြင့်တက်လာခြင်းဖြစ်ကာ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဈေးနှင့် နှိုင်းယှဉ်ပါက ဈေး မြင့်တက်လာနေကြောင်း တိတ်စိန် ရွှေဆိုင်မှ
ဦးဇော်အောင်က ပြောသည်။
"ဒီအပတ်က ဈေးအတက်ကြမ်းတယ်လို့ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေဈေးက အကျနဲ့
နေနေတဲ့ နှစ်လလောက်မှာ တက်တဲ့နှုန်းကလည်း အရမ်းမများဘူး။ အခုက တစ်ကျပ် သားကို
၇,၀၀၀ ကျော်လောက် တက် သွားတယ်။ အခုလိုတက်တာကလည်း ကမ္ဘာ့ရွှေဈေး အတက်ကြမ်း
လို့ ပြည်တွင်းရွှေဈေးလည်း လိုက်တက်တာပါ" ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ ကမ္ဘာ့ရွှေဈေးမြင့်တက် လာခြင်းကြောင့် ပြည်တွင်းရွှေဈေး လည်း ဆက်လက်မြင့်တက်
လာနိုင်ဖွယ် ရှိ မရှိမှုကိုမူ ခန့်မှန်းရန်ခက်ခဲကြောင်း အောင်သမာဓိ ရွှေဆိုင်မှ မန်နေဂျာဖြစ် သူ
ကိုဝင်းငယ်က ပြောသည်။ "ပြည်တွင်းရွှေဈေးက ဆက်ပြီး တက်မယ် မတက်ဘူးဆိုတာ ခန့်မှန်း
ဖို့ ခက်ပါတယ်။
ကမ္ဘာ့ရွှေဈေးပေါ်မူတည် နေပေမယ့်လည်း တစ်ခါတလေ ကမ္ဘာ့ ရွှေဈေး အပြောင်းအလဲကလည်း
အရမ်းမြန်တော့ ပြည်တွင်းရွှေဈေး ကလည်း အချိန်မရွေးပြောင်းသွားနိုင် တယ်။ တစ်ခါတလေ
ကမ္ဘာ့ရွှေဈေးက တစ်ရက်တည်းမှာတင် ဈေးအပြောင်း အလဲ ဖြစ်တယ်" ဟု ၎င်းက ပြောသည်။
ပြည်တွင်းရွှေဈေး ကျဆင်းနေသည့်အချိန်တွင် ရွှေအရောင်းအဝယ်မှာ ကောင်းမွန်လျက်ရှိသော်
လည်း ရွှေဈေး အပြောင်းအလဲမှာ အခေါက်ရွှေအရောင်းအဝယ်တွင်သာ အပြောင်းအလဲ ရှိပြီး
အထည်အရောင်းအဝယ်မှာ ပုံမှန်သာဖြစ်ကြောင်း ပြည်တွင်းရွှေ လုပ်ငန်းရှင်များက ပြောသည်။
"ရွှေဈေးကျရင် ရွှေအတုံးလိုက် ၀ယ် တဲ့သူတွေ များလာတယ်။ အခေါက် ရွှေ တစ်ကျပ်သားကို
၆၈၀,၀၀၀ လောက်ဖြစ်တုန်းက အဝယ်တော် တော် များလာတယ်။ အခု လောလောဆယ် ဈေး
အတက်မှာတော့ အဝယ် နည်းနည်းအေးသွားတယ်။ လက်ဝတ်ရတနာ အရောင်းအဝယ်ကတော့
ဒီလို ပဲပုံမှန်သွားနေတာပဲ။ သိသိသာသာ ကြီး ရောင်းအား ကောင်းတာတို့ ဘာ တို့ သိပ်မဖြစ်ဘူး"
ဟု အောင်သမာဓိ ရွှေဆိုင်မှ အရောင်းတာဝန်ခံက ပြော သည်။
သို့သော် လက်ဝတ်ရတနာအရောင်း အဝယ်သည် အခေါက်ရွှေဈေးအတက် အကျကဲ့သို့ ဈေးနှုန်း
အပြောင်းအလဲ မသိသာသဖြင့် ပြည်တွင်း ရွှေဈေး အပြောင်းအလဲ ဖြစ်ခြင်းသည် လက် ၀တ်
ရတနာ အရောင်းအဝယ်ကို ထိ ရောက်စွာ ပြောင်းလဲမှု မဖြစ်စေကြောင်း တိတ်စိန်ရွှေဆိုင်မှ
တာဝန်ရှိသူက ပြောသည်။
"ပြည်တွင်းလက်ဝတ်ရတနာ အရောင်း အဝယ်က ပုံမှန်ပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ အစ္စလာမ်ဥပုသ်ကာလ
မပြီးခင်တုန်းကတော့ လက်ဝတ်ရတနာရောင်းအား လေးကောင်းတယ်။ အခုတော့ ရောင်း အားနဲ့
၀ယ်အား ပြန်မျှသွားပါပြီ" ဟု ၎င်းက ပြောသည်။

















