ရေကြီးမှုသတင်း အကြောင်းပြုကာ ဆန်ဈေးကစားမှုများရှိလာ

ရေကြီးမှုသတင်း အကြောင်းပြုကာ ဆန်ဈေးကစားမှုများရှိလာ

ပြီးခဲ့သည့်လကုန်ပိုင်းက မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြန်မာပြည်အချို့ ဒေသများတွင်
စပါးစိုက်ကွင်းများ ရေ ကြီးရေလျှံမှုကို အကြောင်းပြုကာ ပြည် တွင်းဆန်ဈေးနှုန်းနှင့် ဆန်ကွဲ
ဈေးများ မြင့်မားလာကြောင်း ပြည်တွင်း ဆန်ကုန် သည်များက ပြောသည်။

"ပြီးခဲ့တဲ့လကုန်ပိုင်းလောက်က မြဝတီအပါအဝင် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ထဲမှာရှိတဲ့ နယ်မြို့
တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်တယ်။ အခု ရေ ကျပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြန် ကောင်း
သွားပါပြီ။ ဒါပေမဲ့ တရုတ်နယ်စပ်မှာ မြန်မာ့ဆန်ဈေးတွေ နည်း နည်းတက်သွားတဲ့ အတွက်ကြောင့်
ပြည်တွင်းဆန်ဈေးကွက်မှာ အဝယ်လိုက် လာတယ်" ဟု ဘုရင့်နောင်ပွဲရုံမှ ဆန် ကုန်သည် ကိုနိုင်
၀င်းက ပြောသည်။

အလားတူပင် မြစ်ဝကျွန်းပေါ်ဒေသ တွင် ရေကြီးမှုဖြစ်ပေါ်ကာ လယ်များ ရေမြုပ်ခဲ့သောကြောင့်
ဆန်စပါးလက်ကျန် နည်းသည်ဆိုသည့် သတင်းများထွက် ပေါ်လာကာ ရန်ကုန်ဆန်ဈေးကွက်တွင်
ဆန်ကြမ်းနှင့် ဆန်ချောတစ်အိတ် လျှင် ကျပ် ၁,၀၀၀ ကျော်နှင့် ဆန်ကွဲတစ် အိတ်လျှင် ကျပ် ၅၀၀
ခန့် ဈေးတက်လာခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုကဲ့သို့ ဆန်ဈေးနှုန်းများတက်လာသည်ကို ထိန်းညှိနိုင်ရန်ရည်ရွယ်ကာ မြန်မာနိုင်ငံ ဆန်ကုန်
သည်များအသင်းနှင့် ပြည်ပသို့ဆန်တင်ပို့သည့် ကုမ္ပဏီ အချို့တို့ ပူးပေါင်းကာ ဩဂုတ်လ ၉ ရက်
နေ့မှ စတင်၍ ၀ါးတန်းလမ်းရှိ ဆန် ကုန်စည်ဒိုင်တွင် ဆန်တစ်အိတ်လျှင် ကျပ် ၁၈,၀၀၀ နှုန်းဖြင့်
လွတ်လပ်စွာ ၀ယ်ယူနိုင်ရန် ရောင်းချမှု ပြုလုပ်ခဲ့ခြင်းကြောင့် ဆန်ဈေးနှုန်းများ တန့်သွားခဲ့ကြောင်း
ဈေးကွက်အတွင်းမှ လုပ်ငန်းရှင်များက ပြောသည်။

"ကုမ္ပဏီတွေက ရောင်းတဲ့ဆန်တွေ က အပြင်မှာရောင်းနေတဲ့ ဈေးတွေ ထက်သက်သာပေမယ့်
အရည်အသွေး က သိပ်မကောင်းဘူး။ ဒါကြောင့် နေ့စဉ်ပုံမှန် ဈေးကွက်ထဲကို ၀င်လာနေတဲ့ ဆန်
အမျိုးအစားတွေ ဒုတိယပတ်လောက် ကစပြီး နောက်ပိုင်းမှာ ဈေးတွေ တက်လာနိုင်တယ်" ဟု
ဆန်ကုန်သည် ဦးဇော်ဝင်းက ပြောသည်။

ဈေးကွက်အတွင်းမှ ကုန်သည်များ ၏အဆိုအရ ဆန်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ပြုလုပ်ရာ
တွင် ပြသ ထားသည့် ဆန်နမူနာကိုကြည့်ရှုကာ ကုန်သည်အချင်းချင်း ဈေးနှုန်းညှိဝယ် ယူခြင်းဖြစ်
သည်။

ထို့ပြင် ရောင်းသူက ပွဲရုံအရောက် ဆန်ပို့ပေးခြင်းဖြစ်ပြီး ဆန်လာပို့ချိန်တွင်လည်း အရောင်း
အဝယ်ပြုလုပ်စဉ်က ပြသခဲ့သည့်နမူနာ ဆန်နှင့် တိုက်ပြီးစစ်ဆေးပြီးမှသာ ကုန် လက်ခံပြီး ကုန်ဖိုး
ငွေကို သတ်မှတ်ရက်တွင် ပေးချေရခြင်းဖြစ်သည်။

့သော် ယခုလက်ရှိ ကုမ္ပဏီများ က ဆန်ရောင်းချရာတွင် ကုန်စည်ဒိုင် တွင်နမူနာကြည့်ရှုကာ
ကုန်စာရင်းပေး ပြီး ကုမ္ပဏီသို့ ငွေကြိုသွင်းပြီးနောက် စက်မှုဇုန်ရှိ ဂိုဒေါင်များတွင် ၀ယ်ယူသူ များက
သွားရောက် ထုတ်ယူရကြောင်း၊ ထိုသို့ သွားရောက် ထုတ်ယူရာတွင် လည်း ဆန်ကုန်စည်ဒိုင်တွင်
နမူနာ ပြသသည့်ဆန်နှင့် အရည်အသွေး ကွာဟ မှုရှိသော်လည်း ငွေပေးသွင်းပြီးဖြစ်၍ ထိုဆန်များ
ကိုသာ လက်ခံရယူရကြောင်း အဆိုပါဆန်ဝယ်ယူသူများကပြောသည်။

"အဲဒီဆန်တွေကိုဝယ်ဖို့အတွက် ကုန်သည်တွေက လက်ငင်းငွေချေ ပြီး ၀ယ်ရတဲ့အပြင် အရည်
အသွေးလည်း မမှန်တဲ့အတွက် ကုမ္ပဏီကဆန်တွေ ကို အလုအယက်ဝယ်တဲ့သူ မရှိတော့ ဘူး"
ဟု ဘုရင့်နောင်ပွဲရုံကုန်စည် ရောင်းဝယ်ရေးဝင်းအတွင်းမှ ဆန်ပွဲရုံ ပိုင်ရှင်တစ်ဦးက ပြောသည်။

၎င်းအပြင် ဧပြီလအတွင်း ဆန်တစ် အိတ်လျှင် ကျပ် ၁၄,၅၀၀ နှင့် ၁၅,၀၀၀ ၀န်းကျင်ဈေးဖြင့်
၀ယ်ယူထားသည့် ကုမ္ပဏီဆန်များမှာ ပြင်ပဈေးနှုန်း မြင့်မားနေချိန်တွင် ပြည်တွင်းသို့ ထုတ်
ရောင်းချခြင်းကြောင့် အမြတ်အစွန်း များပင်ရရှိကြောင်း ၎င်းက ပြောသည်။

ပြည်ပသို့ ဆန်တင်ပို့သည့်သင်္ဘော များ နှစ်လခန့် ရပ်နားထားခဲ့သဖြင့် ပြည်တွင်းဆန်များကို
မြဝတီနှင့် မူဆယ် ဒေသများသို့ အလုံးအရင်း တင်ပို့မှု များရှိခဲ့ကြောင်း ဆန်ကုန်သည်များ က
ပြောသည်။

မြဝတီတွင် ရေကြီးမှုကြောင့် ပြည်ပ တင်ပို့ရန် ဂိုဒေါင်များတွင်လှောင်ထား သည့် ဆန်နှင့် ဆန်ကွဲ
အိတ်ရေ သောင်း ဂဏန်းဝန်းကျင်ခန့် ရေစိုပျက်စီးခဲ့ရ ကြောင်း မြဝတီမြို့သို့ ကုန်သွားရောက်
ပို့ဆောင်သူ ကုန်တင်ယာဉ်မောင်း တစ်ဦး က ပြောသည်။

"အခုရက်ပိုင်းဖြစ်ခဲ့တဲ့ ရေကြီး ရေလျှံမှုက ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ကုန်ပိုင်းက ရေကြီးတာနဲ့စာရင်
မပြော ပလောက်ဘူး။ ရေထဲမှာ စပါးပင် အရွက် ပေါ်နေရင်တောင် ၁၀ ရက် လောက်ထိ အပင်
က မသေဘူး။ အခု ကျောင်းကုန်းဒေသမှာဆိုရင် ရေပြန်ကျသွားပြီး ရန်ကုန်-ပုသိမ်ကားလမ်း
ရေမတင်တော့ဘူး။ အခုဆိုရင် မြစ်ဝကျွန်း ပေါ် မှာ ထွန်တုံးပိတ်ခါနီးနေပြီ ကောက်စောစပါးထွက်
မယ့် စက်တင်ဘာလ ကုန်ဖို့ ရက်ပေါင်းလေးဆယ်အတွင်းမှာ စိုးရိမ်ရလောက်အောင် ရေကြီးရေ
လျှံမှုတွေ မဖြစ်ဘူး။ နောက်ပြီး နယ်စပ်ကို ဆန်အလုံးအရင်းနဲ့ မတင်ပို့ဘူးဆိုရင်တော့ ဆန်ကြမ်း
ဈေးတွေ ဒီထက်ပိုပြီး မတက်နိုင်ဘူး"ဟု ကျောင်းကုန်းမြိုကနယ် မှ ဆန်စက်ပိုင်ရှင် ဦးစန်းက
ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက နွေဆန်တစ်အိတ်ကို ကျပ် ၁၅,၅၀၀ မှ ၁၆,၀၀၀ ခန့် ရှိနေချိန်တွင်
နိုင်ငံတော် က အရန်ဆန်များကို တစ်အိတ် ကျပ် ၁၅,၀၀၀ ၀န်းကျင်ဖြင့် အမြောက်အမြားထုတ်
ရောင်းခဲ့ပြီး အဆိုပါအရန်ဆန်များမှာလည်း ၄၆ ပေါင်တိုက် တင်း ၁၀၀ လျှင် ကျပ် ၃၂၀,၀၀၀
နှုန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သောကြောင့် ပြန်ထုတ်ရောင်းချိန်တွင် အမြတ်အစွန်း များပင် ရရှိခဲ့ကြောင်း
ဆန်ကုန်သည်နျင့် ဆန်ပွဲရုံပိုင်ရှင်များက ပြောသည်။

ဩဂုတ်လ ဒုတိယပတ်အတွင်း နွေ ဆန် တစ်အိတ်လျှင် ကျပ် ၄,၀၀၀ နျင့် ပေါ်ကျွဲ တစ်အိတ်လျှင်
ကျပ် ၆,၀၀၀ ဈေးတက်ခဲ့သော်လည်း ပေါ်ဆန်းဈေး နှုန်းမှာ သိသာစွာ ကွာခြားမှုမရှိဘဲ လက် လီဈေး
ကွက်တွင်မူ နွေဆန်တစ်ပြည်လျှင် ကျပ် ၉၅၀၊ ဗပါ်ကျွဲ တစ်ပြည်လျှင် ကျပ် ၁,၀၅၀ နှင့် ပေါ်ဆန်း
တစ်ပြည် ကျပ် ၁,၁၀၀ မှ ကျပ် ၁,၄၀၀ ၀န်းကျင် ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း ဆန် လက်လီ
ရောင်းချသူများက ပြော ကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး