ရေကြီးမှုကြောင့် စပါးခင်းများရေလွှမ်းကာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိ

ရေကြီးမှုကြောင့် စပါးခင်းများရေလွှမ်းကာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိ

ပြီးခဲ့သည့် ရက်များအတွင်း မိုးဆက်တိုက်ရွာ သွန်းမှုများကြောင့် မြန်မာနိုင်ငံနေရာအနှံ့ အပြားတွင်
ရေကြီးမှုများဖြစ်ပေါ်လျက်ရှိပြီး စပါးခင်းများရေလွှမ်းမိုးခံရသဖြင့် ပျက်စီးဆုံးရှုံး မှုများရှိကြောင်း ဒေ
သခံ တောင်သူလယ်သမား များက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ပြီးခဲ့တဲ့လ ၂၀ ရက်နောက်ပိုင်းကတည်း က လယ်တွေစပြီး ရေမြုပ် နေတာ။ ကျွန်တော်တို့ ကျေး
ရွာအုပ်စုတစ်ခုတည်းမှာတောင် ဧက ၃၀၀ ကျော်လောက်ရေလွှမ်းနေတယ်။ ရေက အခုထိ ပြန်မ
ကျသေးဘူး။ ရေကျသွားရင်လည်း ဒီစပါးတွေပျက်စီးသွားပြီ။ နုန်းတွေက စပါးပင်တွေမှာ ကပ်သွား
မှာလေ။ ရေကျသွားမှ လယ်ပြန်ထွန် ပြီး မျိုးပြန်ကြဲရမှာ"ဟု မလစ်ကျေးရွာအုပ်စု ရေကျော်ရွာမှ
ကိုလှိုင်ဝင်းက ပြောသည်။

လှည်းကူးမြို့နယ် မလစ်ကျေးရွာအုပ်စုမှ လယ်သမားအချို့မှာ ယမန်နှစ်ချေးငွေများ ပြန်မဆပ်နိုင်၍
ယခုနှစ်အတွက် စိုက်ပျိုး စရိတ်ချေးငွေရရှိခြင်းမရှိသည့်အပြင် ယခု ကဲ့သို့ စပါးခင်းများ ပျက်စီးဆုံးရှုံး
သဖြင့် အလွန်အခက်ကြံုနေရကြောင်း လယ် ၁၇ ဧက ပိုင် ကိုလှိုင်ဝင်းက ပြောသည်။

"ဒီနှစ်စိုက်ပျိုးစရိတ်လည်းမရတော့ ကိုယ့် ဘာသာရှာဖွေပြီးစိုက်ထားရတာ။ တစ်ဧကကို သွင်းအား
စုတွေက ၅၀,၀၀၀ ကျော်ကုန်တယ်။ အခုတော့ စိုက်ထားသမျှလယ်တွေအားလုံးရေလွှမ်းသွားပြီ။
ကျွန်တော်တို့အတွက်တော့ တော်တော် အခက်အခဲဖြစ်ပါတယ်။ ခုလိုဖြစ်နေတာ ဒီနှစ်နဲ့ပါဆိုရင် သုံးနှစ်ဆက်တိုက်ရှိပြီ။ ရေနုတ်မြောင်းတွေက ရေထွက်အားနည်းတော့ လယ်ထဲကရေတွေက
မိုးကြီးပြီဆို အပြင်ကို ပြန် မကျတော့ဘူး" ဟု ၎င်းက ပြောသည်။ ဖျာပုံမြို့နယ် ကြက်ဖမွှေးဇောင်း
ကျေးရွာအုပ် စုတွင်လည်း ရေလွှမ်းဧက ၉၀၀ ကျော်ရှိခဲ့ကာ ယခု လဆန်းပိုင်းမှ ရေပြန်ကျသဖြင့်
အပျက်အစီးများကြောင်း ယင်းကျေးရွာမှ လယ်ဧက ၁၅၀ ပိုင် ကိုတင်ဌေးအောင်က ပြောသည်။

"မိုးစရွာတော့ ကျွန်တော်တို့စပါးပင်တွေက သက်တမ်းတစ်ပတ်ကျော်ပဲရှိသေးတာ။ ရေက ၁၅ ရက်
ကျော်လောက် လယ်ထဲမှာ ၀ပ်နေတော့ စပါးပင်တွေသေကုန်တာပေါ့။ ကျွန်တော်ဆို ဧက ၁၅၀ မှာ
၁၀၀ ကျော်ပျက်စီးသွားတယ်။ ရေကြီးတုန်းကတော့ ဘယ်လောက်ပျက်စီးသွား တယ်လို့ ပြောလို့
မရဘူးလေ။ အခုရေပြန်ကျ တော့မှ အပင်တွေ ဘယ်လောက်တောင်သေသွားလဲ ဆိုတာသိရတာ။ ဒါတောင် နေရာတော်တော်များများမှာ ရေပြန်မကျသေးတာတွေရှိတယ်" ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ဆီမှာ အခုလိုရေမကြီးတာ ငါးနှစ်လောက်ရှိပြီ။ တာတွေလည်းမြှင့်ထားတာပဲ။ ဧရာ
၀တီမြစ်ရေက အရမ်းတက်ပြီး ရေ တွေက အယ်သွားတော့ အထဲက ရေကိုအပြင် ထုတ်နိုင်စွမ်း
မရှိတော့ဘူး။ နောက်ဆို သမားရိုးကျ စပါးတွေပဲ စိုက်လို့တော့မရတော့ဘူး။ အခု နောက်ပိုင်းနှစ်
တွေမှာ ရာသီဥတုဖောက် ပြန်မှုတွေက တစ်နှစ်ထက် တစ်နှစ် ပိုဆိုးလာ တော့ ရေဒဏ်ခံနိုင်တဲ့
စပ်မျိုးးစပါးတွေကို စိုက်ပျိုးးရေးပညာရှင်တွေဘက်က၊စီစဉ်ပေး နိုင်မှ အဆင်ပြေမှာ" ဟု ၎င်းက
ပြောသည်။

အင်္ဂပူမြို့နယ်တွင်လည်း ရေလွှမ်းဧက ၃,၀၀၀ ကျော် ရှိနေပြီး လယ်မြေအများစုမှာ ရေမကျသေး
ကြောင်း ဒေသခံတောင်သူ ဦးတင် ထွန်းက ပြောသည်။ "ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး ရေကြီးနေ
တာ ခုထက်ထိပြန်မကျသေးဘူး။ မိုးကအရမ်း များပြီး ရေထွက်ပေါက်တွေကမမှန်တော့ စပါးခင်း
တွေအကုန် ရေနစ်ကုန်တယ်။

ကျွန် တော်တို့က မြစ်နဲ့လည်းနီးတော့ မိုးများရင် ရေက ချက်ချင်းတက်လာတာ။ ကျွန်တော်အခု
မိုးစပါးအတွက် ၃၅ ဧကစိုက်ထားတာ။ ဧက ၂၀ကျော် မြုပ်နေပြီ"ဟု တလိုင်းကွင်းကျေးရွာအုပ်စု
ကနစိုးကုန်းကျေးရွာမှ ဦးတင်ထွန်းက ပြောသည်။ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း အဆိုးဝါး ဆုံး
သော ရေကြီးမှုဒဏ်ကိုခံခဲ့ရသော်လည်း မြန်မာနိုင်ငံ၏အဓိက ဆန်စိုက်ပျိုးရာ ဒေသများ၌ အလွန်
အကျွံ ပျက်စီးထိခိုက်မှုများ မရှိသည့်အပြင် နိုင်ငံတော်အရန်ဆန်များလည်း ပိုလျှံစွာရှိနေပြီး ကုန်
သည်များလက်ထဲတွင်လည်း ဆန်အလုံအလောက်ရှိနေခြင်းတို့ကြောင့် ဆန် ပြတ်လပ်မှု မရှိနိုင်
ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ရေကြီးမှုဒဏ်ကိုတော်တော်လေးခံရတာက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာဖြစ်တဲ့အတွက် ဧရာ
၀တီနဲ့ ပဲခူးလို စပါးအများဆုံးစိုက်တဲ့နေရာတွေကို ထိတာနဲ့ စာရင်တော်သေးတာပေါ့။ စပါးဈေးက
တော့ ရေကြီးထားတဲ့အတွက် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခက်အခဲတွေကြောင့် ၂၅ မှတ်ဆန်
တစ်အိတ်ကို ၅၀၀ ကျော် လောက်တက်လာတယ်" ဟု အသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်း
ရေးမှူး ကိုအောင်ဇော်ဦးက ပြောသည်။

သို့သော် ရေလွမ်းမိုးမှုကြောင့် ကရင်ပြည်နယ် တစ်ခုတည်းတွင်ပင် စိုက်ပျိုးဧက စုစုပေါင်း ၏ ၉၀
ရာခိုင်နှုန်းနီးပါး ပျက်စီးသွားပြီး မိသားစု ပေါင်း ၆,၇၃၃ကျော် ရွှေ့ပြောင်းခဲ့ရကြောင်း NGO အဖွဲ့တစ်ခု
က ကောက်ခံထားသော စာရင်းများတွင် ဖော်ပြသည်။ "ကရင်ပြည်နယ်မှာရှိတဲ့ စိုက်ပျိုးဧက
စုစု ပေါင်း ၄၄,၀၀၀ မှာ ဧက ၃၉,၀၁၀ ပျက်စီး သွားတယ်။ လူ ၃၄,၀၀၀ ကျော်ရွှေ့ပြောင်းခဲ့ရ
တယ်"ဟု၊ထိုအဖွဲ့မှ၊တာဝန်ရှိသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး