တစ်ဦးချင်းပါမစ်ဖြင့်သာ တင်သွင်းခွင့်ပြုထားသော ၂၀၀၈ ခုနှစ်နှင့် အထက် မော်ဒယ်ကားများကို
အရောင်းပြခန်းလုပ်ငန်းရှင်များအား မကြာမီတင်သွင်း ခွင့်ပြုမည်ဆိုသည့် သတင်းများပေါ် ထွက်
လျက်ရှိပြီး အမှန်တကယ် တင်သွင်း ခွင့်ပြုလိုက်ပါက လက်ရှိ ဈေးကွက် အတွင်း ရှိနှင့်ပြီးသား
ကားများ ဈေးပိုမို ကျဆင်း လာနိုင်ကြောင်း ကားဝယ် ရောင်းလုပ်ကိုင်သူများက ပြောသည်။
လက်ရှိ ကားအရောင်းပြခန်း ဖွင့်လှစ်ထားသူများအနေဖြင့် ၂၀၀၈ ခုနှစ်နှင့်အထက် မော်ဒယ်မြင့်
ကားများ ကို တင်သွင်းခွင့်ရရှိရန်အတွက် ယခင် ခွင့်ပြုခဲ့သည့် ပါမစ်အဟောင်းနှင့် တင်သွင်းထား
သောကား အစီး ၁၀၀ ရာကျော် ရောင်းချပြီးဖြစ်ရမည်ဖြစ်ပြီး ထိုသို့ရောင်းချပြီးသူများကိုသာ တင်
သွင်းခွင့်ပြုမည်ဆိုသည့် သတင်းများ လတ်တလော ထွက်ပေါ်နေကြောင်း ကားဈေးကွက်အတွင်း
မှ ၀ယ်ရောင်း လုပ်ငန်းရှင်များက ပြောသည်။
"အဲဒီလို မော်ဒယ်မြင့်ကားတွေကို တင်သွင်းဖို့ကိုလည်း ကားအရောင်းပြ ခန်းတွေက ကားဟောင်း
ပါမစ်နဲ့ အစီး တစ်ရာကျော် ရောင်းပြီးသားဖြစ်နေရ မယ်ဆိုတဲ့သတင်းတွေထွက်လာတယ်။ နောက်
ပြီး ကားသစ် ရောင်းမယ့် အရောင်းပြခန်းတွေလည်း ၂၀၁၂ မော်ဒယ်လ်နဲ့ အထက် ကားတွေကိုပါ
ရောင်းချခွင့်ပြုမယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်နေတယ်" ဟု ကားဝယ် ရောင်းလုပ်ကိုင်သူ
ဦးကြည်ညွန့် က ပြောကြားသည်။
ကားဝယ်ရောင်းသမား အများစု ကလည်း အဆိုပါသတင်းများကြောင့် ကားဈေးကွက်အတွင်း
ယခင်က တင်သွင်းပြီးကားများဈေးနှုန်းကျဆင်းလာနိုင်သည့်အပြင် အပ်နှံကားစလစ်ဈေး နှုန်းများ
လည်း ဆက်လက်ဈေးမြင့်လာနိုင်ကြောင်း ပြောသည်။ "ဒီကားတွေကို ထပ်ပြီးတင်သွင်းခွင့်
ပြုတာက ကောင်းပါတယ်။
ဒါပေမဲ့ ဈေးကွက်ထဲမှာ ရောင်းချင်တာကများ ပြီး ၀ယ်လိုအားက နည်းနေသေးတယ်။ ကားတွေ
ထပ်ဝင်ရင်တော့ အရောင်းအ ၀ယ်ကျသွားပြီး အပ်ကားဈေးတွေက တော့ ထပ်တက်လာဦးမယ်လို့
ခန့်မှန်း ရတယ်။ အခုတောင် စလစ်ဈေးက အမည်ပေါက်ကို ၁၀၅ သိန်းလောက် ပေါက်နေတယ်။
စလစ်ဈေးနဲ့ နည်း နည်းခွာပြီး အရောင်းအဝယ်လိုက်လုပ် နေရတယ်"ဟု ကားအရောင်းအဝယ် လုပ်
ကိုင်သူ ကိုဦးက ပြောသည်။ ဈေးကွက်အတွင်း ၂၀၀၈ ခုနှစ်နှင့် အထက်ကားများ တင်သွင်းရောင်း
ချ မည်ဆိုသော်လည်း လုပ်ငန်းသုံးကား ဈေးကွက်ကိုမူ ဆိုးရွားစွာ ထိခိုက်မှု ရှိနိုင်မည် မဟုတ်ကြောင်း
ကားဝယ်ရောင်းလုပ်ငန်းရှင်များက ပြောသည်။
"ဈေးကွက်ထဲက လက်ရှိလုပ်ငန်း သုံးကားတွေကတော့ တစ်စီးကို ငါး သိန်းလောက် အရှုံးခံပြီး
လျော့ရောင်း လာရတယ်။ ဒါပေမဲ့ အရင်ဈေးနှုန်း တွေနဲ့သွင်းထားတဲ့ ကားတွေဖြစ်နေတဲ့ အတွက်
ကြောင့် ရှုံးတော့ မရှုံးသေးပါ ဘူး။ လုပ်ငန်းသုံးကားတွေ ဒီရက်ပိုင်းဈေးကျလို့လားမသိဘူး အဝယ်
တော့ နည်းနည်းပြန်လိုက်လာတယ်"ဟု ကား ၀ယ်ရောင်း ကိုငယ်လေးက ပြောသည်။
နယ်ဝယ်လက်များ အဆင်းနည်းခဲ့ ခြင်းကြောင့် ဈေးကွက်ငြိမ်ခဲ့ပြီး အနိမ့် ကားများသာ အရောင်း
အဝယ်ဖြစ်လျက် ရှိကြောင်း ၀ယ်ရောင်းများက ပြော သည်။ "နယ်မြို့တွေမှာ အက္ခရာနိမ့်တဲ့ကား
တွေ အရောင်းအဝယ်ဖြစ်တယ်။ အဲဒီကားတွေက ဈေးနှုန်းကလည်း သိန်း ၆၀ အထက်လောက်ပဲ
ရှိနေတော့ ငွေနည်းနည်းနဲ့့၊၀ယ်ချင်တဲ့သူတွေအ တွက်ကျတော့ အဲဒီလိုကားမျိုးတွေဝယ် မှ အဆင်
ပြေတယ်"ဟု ကားဝယ်ရောင်း လုပ်ကိုင်သူ ဦးမင်းညွန့်က ပြောသည်။
ဈေးကွက်အတွင်း လက်ရှိအပ်နှံသည့် အပ်ကား အမည်ပေါက်မှာ ကျပ် ၁၀၆ သိန်းဝန်းကျင်ခန့်ဖြစ်
နေ သော်လည်း ဗ၊ ဘ၊ လနှင့် သ အက္ခရာ ကားများမှာမူ ကျပ် ၁၀၅ သိန်းဝန်းကျင်ခန့်ရှိပြီး ဩဂုတ်
လ ၂၅ ရက်နေ့တွင် ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်း ရေးစီမံချက်အရ ကျန်ရှိသည့် 'အ' အက္ခရာ
ကားကို လက်ခံပေးသွားမည်ဖြစ်ကြောင်း ဈေးကွက်တွင်းမှ လုပ်ငန်းရှင်များက ပြောသည်။
















