စားသုံးသူကာကွယ်ရေးဥပဒေအတွက် လုပ်ငန်းရှင်များ ပြင်ဆင်ထားသင့်

စားသုံးသူကာကွယ်ရေးဥပဒေအတွက် လုပ်ငန်းရှင်များ ပြင်ဆင်ထားသင့်

စားသုံးသူကာကွယ်ရေး ဥပဒေ ထွက် ပေါ်လာခဲ့ပါက စားသုံးသူများ အခွင့်အရေးကောင်းများ
ရရှိနိုင်သော်လည်း တိုက်ရိုက်ရောင်းချသည့် လက်လီလုပ် ငန်းရှင်များအနေဖြင့် ဥပဒေပါ စည်း
ကမ်းချက်များနှင့် အံဝင်အောင်လုပ် ဆောင်နိုင်ရန် ကြိုတင်ပြင်ဆင်ထား သင့်ကြောင်း ဇူလိုင်လ
ကုန်ပိုင်းက ကျင်း ပခဲ့သော လက်လီလုပ်ငန်းမိတ်ဆက် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ လက်လီရောင်း
ချသူများအသင်းမှ တာဝန်ရှိသူ များက ပြောသည်။

"စားသုံးသူကာကွယ်ရေးဥပဒေကို အတည်ပြုပြီးလို့ တရားဝင်ထွက်ပေါ် လာခဲ့ရင် စားသုံးသူတွေ
အတွက်အဆင် ပြေမှုတွ အများကြီးရလာမှာပါ။ ကုန်ပစ္စည်းရောင်းချတဲ့သူတွေကလည်း အခုက
တည်းက ကြိုတင်ပြင်ဆင်ထား သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထုတ်လုပ်ရောင်းချသူတွေ
အတွက် စည်းကမ်းတွေ ထွက်ပေါ်လာမယ်။

အထူးသဖြင့်စားသုံးသူတွေနဲ့ တိုက်ရိုက် ထိတွေ့ရတဲ့ လက်လီလုပ်ငန်းရှင် တွေအနေနဲ့ လိုက်နာ
ရမယ့်အချက် တွေ ရှိလာမယ်။ ဒါကြောင့် သတိထားစေချင်ပါတယ်။ အရင်လို ရောင်းပြီး ပစ္စည်းပြန်
မလဲပါလို့ ပြောလို့မရတော့ ပါဘူး။ တစ်ခုခုဖြစ်လာခဲ့ရင် ဖြေရှင်း ပေးရမှာပါ။ ပြစ်ဒဏ်တွေလည်း ရှိပါ
တယ်။ ဒါကြောင့် အခုကတည်းက ကြို တင်ပြင်ဆင်ထားသင့်တယ်" ဟု  City Mart holding
Co Ltdမှဒါရိုက်တာ ဖြစ်သူ ဦးစိုးမိုးသူက ပြောသည်။

ထို့ပြင် လက်လီရောင်းချသူများ သည် ယခင်ဝယ်ယူရောင်းချလျက်ရှိ သည့် ကုန်ပစ္စည်းများအား
ဥပဒေထွက် ပေါ်လာပြီး နောက်ပိုင်းတွင် ကုန်ပစ္စည်းအားလုံးကိုဆက်လက်ရောင်းချနိုင်တော့မည်
မဟုတ်ကြောင်း မြန်မာ နိုင်ငံလက်လီရောင်းချသူများအသင်း ၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဂမုန်း
ပွင့် ကုန်တိုက်၏ အထွေထွေမန်နေဂျာ ဦးနေဝင်းက ပြောသည်။

"အရင်တုန်းက ကျွန်တော်တို့ဆီမှာ င်္ီဗ ခွင့်ပြုချက်မပါတဲ့ ပစ္စည်းတွေ တော်တော်များများ ရောင်းချ
လို့ရတယ်။ ဒီအတွက်လည်း ပြဿနာမရှိခဲ့ဘူး။ ဒါပေမဲ့ ဥပဒေပေါ်ထွက်လာရင် င်္ီဗ ခွင့်ပြုချက်ပါတဲ့
ကုန်တွေကိုပဲရောင်းချရမယ်ဆိုတဲ့ စည်းကမ်းချက်တွေပါလာမယ်။ ဥပဒေကို အတည်ပြုလိုက်ပြီဆို
တာနဲ့ ကျွန်တော်တို့လက်ထဲ မှာရှိနေတဲ့ ကုန်ပစ္စည်းတွေအားလုံး ဟာ လိုအပ်ချက်တွေနဲ့ကိုက်ညီ
ပြီး ဆိုင် ပေါ်မှာ တင်ရောင်းလို့ ရနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါတွေကို လက်လီရောင်း ချတဲ့သူတွေ
အနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တယ်" ဟု ၎င်းက ပြောသည်။

စားသုံးသူကာကွယ်ရေး ဥပဒေ သည် စားသုံးသူများ၏ အခွင့်အရေးနှင့် စားသုံးသူများ၏ တာဝန်
များကိုဖော်ပြသည့် ဥပဒေတစ်ခုဖြစ်သလို လက် လီ ရောင်းချသူများ၏အခွင့်အရေးနှင့် တာဝန်များ
ကိုလည်း ထည့်သွင့်စဉ်းစား သင့်ကြောင်း ဦးစိုးမိုးသူက ပြောသည်။

"ဒီဥပဒေတွေက ဖွ့ံဖြိုးပြီး နိုင်ငံအများစုမှာ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ရှိဖို့လိုအပ်တယ်
လို့ ကျွန် တော်ထင်ပါတယ်။ စားသုံးသူတင် မဟုတ်ဘဲ လက်လီရောင်းချသူတွေဘက်မှာလည်း
အခွင့်အရေးရှိမယ်ဆို ရင် တစ်ဖက်နဲ့တစ်ဖက် မျှမျှတတဖြစ် လာမယ်လို့ ထင်ပါတယ်။ ဒါမှ စားသုံး
သူ ရဲ့ ဆုံးရှုံးမှုက ကိုယ့်ရဲ့ ကုန်ပစ္စည်း ကြောင့်မဟုတ်ဘူးဆိုရင် နာမည် ကောင်းပြန်ရခွင့် ရှိမှာပါ။
လက်လီရောင်းချတဲ့သူတွေကလည်း ကိုယ့်ရဲ့ တာဝန်ကို အပြည့်အဝယူနိုင်ရမယ်။ ကိုယ့်ကုန်ပစ္စည်း
ကြောင့်ဆိုရင်လည်း ပြန်လည်ပေးလျော်မှုကို လုပ်ပေးနိုင်ရ မယ်။

အဲဒါကြောင့် ဒီဥပဒေ ပေါ်ထွက်လာမယ်ဆိုရင် ကျွန်တော်တို့ လက်လီရောင်းချတဲ့သူတွေ အများ
ကြီးပြင်ဆင် ထားရပါမယ်။ နောက်ပြီး ဈေးကွက် ထဲမှာ အမှန်တကယ်ရှိနေကြတဲ့ စားသုံး သူတွေ
ကို သူတို့အတွက် အကျိုးရှိမယ့် တိကျတဲ့ သတင်းအချက်အလက်တွေ ပေးပြီး၊၊ကြော်ငြာတွေကို
လည်းမှန်မှန် ကန်ကန်လုပ်တာမျိုး စတာတွေကို သေသေချာချာလုပ်ရသွားပါမယ်" ဟု ၎င်းက
ပြောသည်။

ထို့ပြင် အဆိုပါ စားသုံးသူကာကွယ်ရေးဥပဒေကို ချိုးဖောက်ပါက ပြစ်ဒဏ် ခံရမည်ဖြစ်ပြီး အဆို
ပါပြစ်ဒဏ်များ အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်း ၀ယ်ရေးဝန်ကြီးဌာနက သီးသန့်ဖွဲ့စည်း
ထားသည့် သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ စားသုံးသူ ကာကွယ်ရေးတရားရုံး
များတွင် စစ် ဆေးရမည် ဖြစ်သည်။ "စားသုံးသူတွေဘက်က မကျေနပ်တာ မျိုးတွေဖြစ်လာရင်
သူ့အနေနဲ့ ပိုက်ဆံ ပြန်လိုချင်ရင် ပိုက်ဆံ၊ ပစ္စည်းလိုချင် ရင် ပစ္စည်း အစရှိသဖြင့် ပြန်ပေးရပါမယ်။

အဲဒီလိုမှ အဆင်မပြေဘူးဆို ရင် စီးပွားကူးသန်းက ဖွဲ့စည်းထားတဲ့ တရားရုံးတွေမှာ သွားပြီးစစ်ဆေး
ခံရ မယ်။ တကယ်ကျူးလွန်လို့ ပြစ်ဒဏ် ကျ ခံရမယ်ဆိုရင် စီးပွားရေးလုပ်ငန်းရှင် တွေ၊ အရောင်း
အဝယ်လုပ်တဲ့သူတွေ ကို ပထမဦးဆုံးအကြိမ်အဖြစ် ပြစ်ဒဏ် ကတော့ ဒဏ်ငွေသုံးသိန်း၊ ထောင်ဒဏ်
သုံးနှစ်၊ ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ် လုံးကျခံတာ မျိုးရှိတယ်။ ဒုတိယအကြိမ် ဆိုရင် ဒဏ်ငွေငါးသိန်း၊
ထောင်ဒဏ်ငါးနှစ်အထက်၊ ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံးကျခံရတာမျိုးတွေ ပါ၀င် တယ်" ဟု
ဦးနေဝင်းက ဇူလိုင်လ ၅ ရက် နေ့က အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့သော ဥပဒေကြမ်းကို၊
ကိုး ကား ပြောသည်။

စားသုံးသူများ အခွင့်အရေးရှိသကဲ့ သို့၊လက်လီရောင်းချသူများအနေနှင့် လည်းအခွင့်အရေးများ၊ရရှိ
လိုကြောင်း အင်းစိန်မြို့နယ်မှလက်လီလုပ်ငန်းရှင် တစ်ဦးကပြောသည်။ "စားသုံးသူတွေရဲ့ အခွင့်
အရေးရှိ သလို လက်လီရောင်းချသူတွေလည်း အခွင့်အရေးတွေ ရှိမလာနိုင်ဘူးလား။ တကယ်လို့
ရမယ်ဆိုရင် ကျွန်မတို့ လည်း လိုချင်ပါတယ်။ ဘယ်လိုအခွင့် အရေးတွေဖြစ်မလဲဆိုတာ သိချင်ပါ
တယ်။ တစ်ခါတလေ စားသုံးသူ၊ ပစ္စည်း ၀ယ်သူတွေရဲ့ လိုအပ်ချက်ကို အမြဲ တမ်း မဖြည့်ဆည်းနိုင်
ပါဘူး။ ကျွန်မ တို့ကလည်း လက်လီဆိုင်ဆိုတော့ လူအင်အားက မလုံလောက်ပါဘူး။ လိုအပ်တဲ့
အခါတွေ ရှိတာပေါ့။ တကယ် လို့များ ဥပဒေထွက်လာပြီး ၀ယ်သူနဲ့ အဆင်မပြေလို့ တရားရုံးရောက်
ရင် အဆင်မပြေဘူး"ဟု၊၎င်းက ပြောသည်။

သို့သော် စားသုံးသူကာကွယ်ရေး ဥပဒေထွက်ရှိခဲ့လျှင်လည်း ထုတ်လုပ် ရောင်းချသူများအနေဖြင့်
ရိုးသားမှန် ကန်စွာ ရောင်းချပါက ဥပဒေနှင့် ပတ် သက်၍ မည်သည့်အခက်အခဲမှ တွေ့ နိုင်မည်
မဟုတ်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဖြစ်သူ ဦးဗအုတ်ခိုင်က ပြောသည်။

"စားသုံးသူတွေအတွက် အဓိကစဉ်းစားပြီးထုတ်လုပ်ရောင်းချမယ်ဆိုရင် ဘယ်လိုစည်းကမ်းတွေပဲ
ထွက်ထွက် အခက်အခဲရှိလာမှာ မဟုတ်ပါဘူး။ ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန် ရောင်းချဖို့ အရေး
ကြီးတာပါ။ တကယ် တမ်းကျတော့ ထုတ်လုပ်ရောင်းချတဲ့ သူတွေကိုယ်တိုင်ကလည်း စားသုံးသူ
တွေပါ။ အဲဒါကိုမေ့ပြီး ကိုယ်ကမရိုး မသားလုပ်မယ်ဆိုရင် အခက်အခဲတွေရှိလာနိုင်တယ်" ဟု ၎င်း
က ပြောသည်။

လက်လီရောင်းချသူများ အသင်းအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေထွက်ရှိလာပါက အဆိုပါ
ဥပဒေ ၌ လိုအပ်ချက်များရှိခဲ့ပါက အကြံပေး ကာ ပြင်ဆင်ရန်တောင်းဆိုသွားမည် ဟု ၎င်းက ပြော
သည်။

စားသုံးသူကာကွယ်ရေးဥပဒေ ရေးဆွဲရန်အတွက် ၂၀၁၁ ခုနှစ်မှစတင်၍ လုပ်ငန်းရှင်များ အကြံပြု
ဆွေးနွေးမှုများရှိခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ တွင် ဥပဒေမူကြမ်း အပြီးရေးဆွဲနိုင်ခဲ့ကာ ထိုဥပဒေ
ကိုအတည်ပြုဆွေးနွေးရန် အတွက် အမျိုးသားလွှတ်တော်သို့ တင်ပြထားပြီး ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး