မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်၏ ငွေစာရင်းရှင်းတမ်းနှင့်
ပတ်သက်၍ ကန့်ကွက်ခဲ့သည့် အသင်းဝင်ဦးခင်လှိုင်၏ မေးမြန်းချက်များကို ဖြေရှင်းပေးရန်အတွက်
အသင်းချုပ်မှ တာဝန်ရှိသူ ကိုးဦးနှင့် ကာယကံရှင်တို့ ဩဂုတ်လ ၆ ရက်နေ့က အသင်းချုပ်ရုံးခန်း
တွင်တွေ့ဆုံခဲ့သော်လည်း တစ်စုံတစ်ရာ သဘောတူညီချက်မရရှိသေးကြောင်း ဦးခင်လှိုင်က
ပြောသည်။
ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သော ့ငြ်္ဃဃှု ၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား
စုံညီအစည်းအဝေးတွင် ထွက်ပေါ်လာခဲ့သော ကန့်ကွက်သူ ၁၂ ဦးထဲမှ အသင်းဝင် ဦးခင်လှိုင်၏
မေးမြန်းမှုများကို ဖြေရှင်းပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စု
၀န်ကြီး ဦးဝင်းမြင့်က ဇူလိုင် လ ၁၇ ရက်နေ့တွင် အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်ထံသို့ တရားဝင်
စာပေးပို့ခဲ့ခြင်းကြောင့် ဒုဥက္ကဋ္ဌသုံးဦးနှင့် အခြားအမှုဆောင်ကောင်စီဝင်ငါးဦး အပါအဝင် ပြင်ပစာရင်း
စစ်ဦးအောင် ညွန့်တို့က ဦးခင်လှိုင်အား ခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော် အဓိက ဦးတည်နေတာက ငွေစာရင်း ရှင်းတမ်းနဲ့ ဆိုင်တဲ့ ကိစ္စတစ်ခု တည်းကိုပါ။ ရွေး
ချယ်ခံရတဲ့ ပုဂ္ဂိုလ်တွေ ကိစ္စနဲ့ ပတ်သက်ပြီးကတော့ ၀န်ကြီးဦးဝင်းမြင့် ကိုယ်တိုင်က တာဝန်ယူပေး
မယ်လို့ အစည်း အဝေးကျင်းပတဲ့နေ့မှာပဲ ပြောခဲ့တဲ့အတွက် ဘာမှမပြောလိုတော့ပါဘူး။ သူကနိုင်ငံ
တော်အဆင့်ဝန်ကြီးဖြစ်တဲ့ အတွက်ပါ"ဟု ဦးခင်လှိုင် က ပြောသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင်
ဦးခင်လှိုင်က စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးတို့ မှ အားနည်းချက်များကို ထပ်မံထောက်ပြ
မေးခွန်းများထုတ်ခဲ့သည့်အပြင် ငွေစာရင်းရှင်းတမ်းနှင့် ၎င်း၏တောင်းဆိုချက်လေးရပ်တို့အား မရရှိခဲ့
သဖြင့် ထပ်မံတွေ့ဆုံဆွေးနွေး ပွဲကို ဩဂုတ်လ ၁၅ ရက်မှ ၂၀ ရက်နေ့ကြား တွင် ထပ်မံပြုလုပ်ပေး
မည်ဟု အလုပ်အမှုဆောင် များက ပြောဆိုခဲ့ကြောင်း ဦးခင်လှိုင်က ပြော သည်။
"ဘဏ္ဍာရေးအခြေအနေက ပွင့်လင်းမြင်သာမှုမရှိသေးပါဘူး။ ကျွန်တော်တောင်းဆိုထားတဲ့ အချက်
လေးချက်ကိုလည်း လုံးဝမရရှိသေးပါ ဘူး။ ဒါပေမဲ့ ကျွန်တော် မေးထားတဲ့မေးခွန်းတွေကလည်း
ချက်ချင်း ပြန်ဖြေလို့ မရနိုင်တဲ့မေးခွန်းတွေဆိုတော့ အချိန်တစ်ခုတော့ စောင့်ဖို့လို တာပေါ့ "ဟု
၎င်းက ပြောသည်။
အသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကောင်စီဝင်နှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ် ငန်းရှင်များ
အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်စိုး က ဩဂုတ်လ ၁၄ ရက် နေ့တွင် ရွေးချယ်ခံ ဗဟို အလုပ်အမှု
ဆောင်အဖွဲ့ဝင်များ၊ အလုပ်အမှု ဆောင်အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ အစည်းအဝေး ကျင်းပသွား
မည်ဖြစ်ပြီး ဦးခင်လှိုင်၏တင်ပြမှု များအား ထည့်သွင်းဆွေးနွေးသွားမည်ဟု ပြော သည်။
"သူတို့တွေရဲ့ သဘောထားကိုယူပြီး ၂၀ ရက် ထက်နောက်မကျဘဲ ပူးပေါင်းဆောင်ရွက်သွား မှာပါ။
သင်းဖွဲ့စည်းမျဉ်းမှာလည်း အသင်းသားတွေရဲ့ အကြံဉာဏ်တွေကို လက်ခံဆောင်ရွက်ပေးဖို့ ရေး
သားထားပါတယ်" ဟု ဦးမြင့်စိုးက ပြောသည်။
ဦးခင်လှိုင်နှင့် ဆွေးနွေးစဉ်က ပြည်ပခရီးစဉ် အဖြစ် ဂျာမနီနိုင်ငံသို့ သွားရောက်နေသည့် အသင်း
ချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က ကန့်ကွက် သူများ၏ ထောက်ပြဝေဖန်မှုများအား ဗဟို အလုပ်အမှု
ဆောင်များနှင့် အလုပ်အမှုဆောင် များကို အသိပေးကာ လိုအပ်သည်များကို ဆက် လက်ဆောင်
ရွက်သွားမည်ဟု ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာအပြီး ဩဂုတ်လ ၁၀ ရက်နေ့က မြန်မာတိုင်း(မ်)
ကို ပြောသည်။
"အသင်းဆိုတာ တစ်ဦးတစ်ယောက်ရဲ့ဆန္ဒ နဲ့ဆောင်ရွက်တာမျိုး၊ ကိုယ်ရေးကိုယ်တာကိုရှေ့တန်း
တင်ပြီး ဆောင်ရွက်တာမျိုး လုပ်လို့မရ ပါဘူး။ ကျွန်တော်က ဥက္ကဋ္ဌရာထူးကို ရထားပေမယ့် ဒီရာ
ထူးဟာ ဗဟိုအလုပ်အမှုဆောင်နဲ့ အလုပ်အမှုဆောင်တွေရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင် ရွက်ပေး
ရမယ့် တာဝန်ပဲရှိပါတယ်"ဟု ၎င်းက ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် သည် ဇူလိုင်လ
၂၈ ရက်နေ့တွင် အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်ထံ အခြားကန့်ကွက်သူအားလုံးနှင့်ပါ တွေ့ဆုံ၍
ဖြေရှင်းရန်နှင့် ပြီးစီးမှုအခြေအနေအား ပြန်လည်တင်ပြပေးရန် စာ တစ်စောင် ထပ်မံပေးပို့ထားခဲ့
ကြောင်းလည်း အသင်းဝင်များက ပြောသည်။
















