ကုန်သည်စက်မှုအသင်းချုပ်က စွပ်စွဲချက်များ မှားယွင်းကြောင်းပြော

ကုန်သည်စက်မှုအသင်းချုပ်က စွပ်စွဲချက်များ မှားယွင်းကြောင်းပြော

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်၏
ငွေစာရင်းရှင်း တမ်းမှာ ပွင့်လင်းမြင်သာမှုမရှိကြောင်းနှင့် ရန်ကုန်ရှိ အသင်းချုပ် အဆောက်
အအုံအား ကိုယ်ကျိုးအတွက် ပေါင်နှံထားခဲ့သည်ဟူသော စွပ်စွဲချက်များမှာ မှားယွင်းနေ
ကြောင်းနှင့် ဆောင်ရွက်ခဲ့သည့် ကိစ္စတိုင်းကို တာဝန်ယူနိုင် ကြောင်း အသင်းချုပ်ရုံးတွင်
ဩဂုတ် လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဗဟိုအလုပ်အမှု
ဆောင်အဖွဲ့ဝင်များက ပြောသည်။

"ကျွန်တော်တို့ အာမခံနိုင်တာကတော့ အဖွဲ့အစည်းနဲ့ လုပ်တာဖြစ် တဲ့အတွက် ကျွန်တော်တို့
လုပ်ခဲ့တာ တွေအားလုံးက ဆုံးဖြတ်ချက်နဲ့လုပ်ခဲ့တာပါ။ အဖွဲ့အတွင်းမှာ ဆွေးနွေးပြီး၊ မဲခွဲပြီး
တော့မှ ဒီဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ခဲ့တဲ့အတွက် ကျွန်တော်တို့အားလုံး တာဝန်
ယူပါ တယ်။ ရှေ့ကိုလည်း ဒီလိုပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ" ဟု အသင်းချုပ် ဒုဥက္ကဋ္ဌ
ဦးလှမောင်ရွှေက ပြောသည်။

ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ၁ ဒသမ ၄၆၁ ဧက ကျယ်ဝန်းသော မြေနေရာရှိ ပြည်ထောင်
စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ် ရုံးစိုက်ရာ ၁၂ ထပ်
အဆောက်အအုံကို ၂၀၁၁ ခုနှစ် အတွင်းက ကမ္ဘောဇဘဏ်တွင် မြေ နှင့် အဆောက်အအုံကို
ငွေကျပ် သိန်း ပေါင်း ၂၀,၀၀၀ ဖြင့် အပေါင်ထား ကာ ချေးငွေထုတ်ယူခဲ့ပြီး အဆိုပါ ချေး ငွေမှ
 Fortune International လုပ်ငန်း မှ ဦးမြဟန်သို့ ကျပ်သိန်း ၁၅,၀၀၀၊ မြန်မာနိုင်ငံ သစ်လုပ်
ငန်းရှင်များအသင်း သို့ ကျပ်သိန်း ၃,၀၀၀ နှင့် Global Star ကုမ္ပဏီသို့ သိန်း ၂,၀၀၀ အသင်း
ချုပ် အနေဖြင့် ပြန်လည်ထုတ်ချေးခဲ့ ကြောင်းနှင့် အသင်းချုပ်၏ စုငွေ စာရင်း ရန်ပုံငွေမှ ကျပ်
သိန်း ၄,၅၀၀ကို အထူးအစီအစဉ်အနေဖြင့် Global Star ကုမ္ပဏီသို့ ပြန်လည်ထုတ်ချေး ထား
ကြောင်း အသင်းသားအချို့က မြန်မာတိုင်း(မ်)ကို ဩဂုတ်လ ၁၅ ရက်နေ့က ပြောသည်။

အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက် ၍ အသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် မြန်မာနိုင်ငံ
အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်စိုးက အသင်းချုပ်၏ အသင်းအဖွဲ့စည်းမျဉ်း
အခန်း(၁၀)၊ အပိုဒ်(၅၅)၊ အပိုဒ်ခွဲ(စ) တွင် အသင်း ချုပ်၏ ရန်ပုံငွေတိုးပွားစေရေးအတွက်
လတ်တလောသုံးစွဲရန် မလိုသေးသည့် ရန်ပုံငွေပမာဏကိုဖြစ်စေ၊ ချေးငွေရယူ၍ဖြစ်စေ ဘဏ္ဍာ
ရေးစည်းမျဉ်းနှင့် အညီ လိုအပ်သလို စီမံခန့်ခွဲဆောင်ရွက်နိုင်သည်ဟု ဖော်ပြထားကြောင်း ပြော
သည်။

"အခု ဒီအဆောက်အအုံဟာ အရင် ကုန်သည်လမ်းနဲ့ လမ်း၄၀ထောင့်မှာရှိတဲ့ အဆောက်အအုံ
မီးလောင်ပြီး နောက်ပိုင်းမှာ အပူတပြင်း ပြီးအောင်ဆောင်ရွက်ခဲ့ရတာပါ။ အသင်းက Volunteer
အသင်းလည်း ဖြစ်ပါတယ်။ နေပြည်တော် အဆောက်အအုံ ဆောက် လုပ်ရာမှာလည်း ငွေကြေး
မလုံလောက် တဲ့အတွက် ကန်ထရိုက်လည်း မပေးနိုင် ခဲ့ပဲ တစ်ဆောင်ပြီးမှ တစ်ဆောင် ခွဲဆောက်
နေရတာပါ။ အခုလက်ရှိ ရန်ကုန်အဆောက်အအုံကလည်းမပြီး သေးပါဘူး။ နေပြည်တော်မှာလည်း
ဆောက်လုပ်နေဆဲပါ။ ဒါကြောင့် အဆောက်အအုံနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ စာရင်းပိတ်ပြီးတော့
လွှဲပြောင်း နိုင်ခြင်းမရှိသေးတာဟာ စာရင်းမရှင်း နိုင်တာမဟုတ်ပါဘူး"ဟု ၎င်းက ပြော သည်။

ဒုဥက္ကဋ္ဌဖြစ်သူ ဦးလှမောင်ရွှေက "စည်းမျဉ်းနဲ့အညီ ဗဟိုအလုပ်အမှုဆောင်နဲ့ အလုပ်အမှုဆောင်
တွေကို အစည်းအဝေးခေါ်ပြီး အသင်းသားတွေကို ငွေပြန်ချေးပြီး ရလာတဲ့ အမြတ် ငွေတွေကို
အသင်းရန်ပုံငွေအနေနဲ့ ထားပြီး အဆောက်အအုံတွေ ဆောက်ခဲ့တာပါ။ ငွေကြေးအခက်အခဲ
ကြောင့် ဘဏ်ကငွေချေးယူပြီး အသင်း သားတွေကို ပြန်ချေးခဲ့တာပါ။ အမှန် ဆိုရင် အဲဒီလူတွေ
က မချေးချင်ကြ ဘူး။ သူတို့ကို အသင်းချုပ်ရန်ပုံငွေတိုး အောင် ယူသုံးပေးပါလို့ မေတ္တာရပ်ခံပြီး
ချေးခဲ့တာပါ။ ဒီပြဿနာတွေမဖြစ် ခင်ကတည်းက စာရင်းတွေအားလုံးကို လည်း ရှင်းထားပြီးပါပြီ"
ဟု ပြောသည်။

အသင်းချုပ်၏ ၂၂ ကြိမ်မြောက် အသင်းသားစုံညီ အစည်းအဝေးပွဲ ကျင်းပနေစဉ်တွင် ကန့်ကွက်ခဲ့
သော အသင်းသားများထဲမှ တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ် လုပ်သူများအသင်း
မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတင်မောင်ဆင့်က ယခုကဲ့သို့ အသင်းပိုင်အဆောက်အအုံအား
ပေါင်နှံ၍ အသင်းသားများအား အတိုးဖြင့် ပြန်လည်ချေးသည်မှာ အသင်း၏ စည်မျဉ်းစည်းကမ်း၊
ဒေသ ဆိုင်ရာအဖွဲ့အစည်းများ၏ စည်မျဉ်း စည်းကမ်းများကို ဖောက်ဖျက်ရာကျ သဖြင့် အဆိုပါ
ကိစ္စရပ်များအား စာရွက် စာတမ်းများ ပြည့်စုံစွာ စုဆောင်းပြီး ကန့်ကွက်သူအသင်းသားများ စုစည်း
ကာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်သွားမည်ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဒီတစ်ပတ်ထဲမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်။ အခု ရှေ့နေတစ်ယောက်ငှားပြီး အဆောက်
အအုံပေါင် နှံတဲ့ကိစ္စ၊ ငွေစာရင်းရှင်းတမ်းဆိုင်ရာ ကိစ္စတွေနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ စုဆောင်း
နေပါပြီ။ ပြီးတာနဲ့ အစိုးရ ၀န်ကြီးဌာနတွေကို စုံစမ်းစစ်ဆေးပေး ဖို့ ပေးပို့တော့မှာပါ " ဟု ၎င်းက
ပြော သည်။

အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က ဆောင်ရွက်ခဲ့သော ကိစ္စတိုင်းသည် သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့
မှတ်တမ်းနှင့် အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ငွေစာရင်းမှာလည်း ငွေကြေးသုံးစွဲမှုလုပ်ထုံးလုပ်
နည်းများဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထိုနေ့ကပြု လုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်
ပြောသည်။

ကုန်သည်စက်မှုအသင်းချုပ်၏ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုလည်း အဖွဲ့ဝင် ၁၂ ဦး
ဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌမှာ ဦးလှမောင်ရွှေ ဖြစ်ကာ အဆိုပါ အဖွဲ့မှတစ်ဆင့် မီဒီယာများသိလိုသည့်
ကိစ္စများကို ဆက်သွယ်မေး မြန်းနိုင်ရန် အဖွဲ့ဝင်များအား ဆက် သွယ်နိုင်မည့် ဖုန်းနံပါတ်များပေး
ထားကြောင်း ဦးဝင်းအောင်က ပြောသည်။

"အခုလို မီဒီယာတွေနဲ့ပတ်သက်ပြီး လိုအပ်တဲ့ သတင်းအချက်အလက်တွေ ကို ပုံမှန်ထုတ်ပြန်ပေး
တဲ့ အလေ့ အထကတော့ တကယ်လည်းလိုအပ်တဲ့ အချက်ဖြစ်ပါတယ်။၊ပြီးတော့ ၁၄၊ရက် နေ့က
ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှု ဆောင်တွေနဲ့ အလုပ်အမှုဆောင်အဖွဲ့ ၀င်တွေပါ၀င်တဲ့ စုံညီအစည်း
အဝေး ကနေ သတင်းထုတ်ပြန်ရေးကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်ပြီဖြစ်ပါ တယ်။

နောက်ပိုင်းမှာ မီဒီယာက သိချင်တာ မေးချင်တာတွေရှိရင် အဖွဲ့ ၀င်တွေကို အချိန်မရွေး ဆက်
သွယ်မေးမြန်းနိုင်ပါတယ်။ ဒါ့အပြင် စည်းကမ်းတကျတွေ့ဆုံနိုင်ဖို့ တစ်လတစ်ကြိမ် သတင်းထုတ်
ပြန်တဲ့အစည်းအဝေး ပြု လုပ်ပေးပါမယ်။ ဒါမှလည်း အသင်းရဲ့ လုပ်ဆောင်ချက်တွေကို မီဒီယာ
တွေက တစ်ဆင့် အသိပေးနိုင်မှာပါ"ဟု ဦးဝင်းအောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး