အိန္ဒိယနိုင်ငံထုတ် TATA လုပ်ငန်းသုံးကားများ အရောင်းသွက်လာ

အိန္ဒိယနိုင်ငံထုတ် TATA လုပ်ငန်းသုံးကားများ အရောင်းသွက်လာ

ဂျပန်နိုင်ငံထုတ်ကားများ နေရာယူထား သော မြန်မာနိုင်ငံကားဈေးကွက်တွင် ၂၀၁၁ ခုနှစ်အတွင်း
က ပြောင်းလဲခဲ့ သည့် ကားတင်သွင်းမှုမူဝါဒကြောင့် ပြည်ပနိုင်ငံမှ မော်တော်ယာဉ်များ လွတ်လပ်
စွာ တင်သွင်းခွင့်ရခဲ့ပြီး မော်တော်ကားဝယ်ယူလိုသူများ အနေ ဖြင့် စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်များ
လည်း ရရှိခဲ့ရာ ပြည်တွင်းဝယ်လက်များ အနေဖြင့် ဆီစားသက်သာသော အိန္ဒိယ နိုင်ငံထုတ်ကား
များကို စိတ်ဝင်စားမှုရှိလာကြောင်း TATA ကားများ တင်သွင်းသည့် APEX GREATEST INDUS-
TRIAL Co.,Ltd (AGI) မှ အရောင်းနှင့် ဈေးကွက်ဌာနမှ ဒါရိုက် တာ ကိုထူးအောင်လင်းက
ပြောသည်။

AGI သည် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ မှစတင်ခါ အိန္ဒိယနိုင်ငံထုတ် TATA ကားအမျိုးအစားပေါင်း
၂၀ ခန့်ကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ပြီး လက်ရှိ ဈေးကွက်တွင် အငှားယာဉ်အဖြစ် အသုံးပြုနိုင်
သော TATA ြညေသ နှင့် အသေးစား လုပ်ငန်းသုံးယာဉ်အဖြစ် အသုံးပြုနိုင်သော Light Truck
အမျိုး အစား TATA Super Ace ကားများမှာ ယခုနှစ် ဧပြီလနောက်ပိုင်းမှ စတင်ခါ အဝယ်လိုက်
လာကြောင်း ၎င်းက ပြောသည်။

"အခုလောလောဆယ် Super Ace ကားတွေ အရောင်းသွက်ပါတယ်။ လမ်းပေါ်မှာလည်း တော်
တော်တွေ့ရ တယ်။ ဒီကားတွေအတွက် အာမခံက အနည်းဆုံးတစ်နှစ်နဲ့ ကီလိုမီတာ ၃၀,၀၀၀
ပေးထားတယ်။ ကား အပို ပစ္စည်းလည်း ကျွန်တော်တို့ဆီမှာပဲ ရနိုင် သလို ၀န်ဆောင်မှုလည်းပေး
တယ်"ဟု ကိုထူးအောင်လင်းက ပြောသည်။

ယခင်က ဂျပန်နိုင်ငံမှ တစ်ပတ်ရစ် ကားများကိုသာ ဈေးသက်သက်သာသာ နှင့် ၀ယ်ယူရန်စိတ်
၀င်စားသူများ အနေ ဖြင့် ယခုနောက်ပိုင်းတွင် ကားသစ်များ ၀ယ်ရန် ပိုမိုစိတ်ဝင် စားလာခြင်းကြောင့်
ယခုကဲ့သို့ အရောင်းသွက်လာခြင်း ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

"မြန်မာနိုင်ငံမှာက ဂျပန်ကားကိုပဲ သုံးတာများတော့ အိမ်စီးကားဆိုရင် ကျွန်တော်တို့မယှဉ်နိုင်ဘူး။
လုပ်ငန်း သုံး ကားကတော့ ရှင်းပြရတာ နည်းနည်းလွယ်တယ်။ ကိုယ်ပိုင်လုပ်ငန်း သုံးမယ့်သူတွေနဲ့
ကျောင်းကားလုပ်ဖို့ အတွက် ၀ယ်ကြတယ်။ ပြီးတော့ သူတို့ က ရေရှည်သုံးရမှာဆိုတော့ ၀ယ်တာ
နဲ့ ဒီကားက ဆီစားနှုန်း ဘယ်လောက်ရှိလဲ၊ တစ်နှစ် ဘယ်နှစ်ခါလောက်ပြင်ရမလဲ၊ စဝယ်ဝယ်ချင်း
ဈေးသက်သာပေမယ့် နောက်ပိုင်းမှာ ဘယ်လောက်ထပ်စိုက် ရမလဲ အစရှိသဖြင့် တွက်ကြတယ်။
ဒါကြောင့် စစချင်းမှာ အသစ်ဝယ်ရင် နောက်ပိုင်းအကုန်အကျ သက်သာမယ် ဆိုပြီး တွေးလာကြ
တယ်။ အမြင် နည်းနည်းပြောင်းသွားပြီ။ ကျွန်တော်တို့ ကားက အသစ်ဆိုတော့ အသစ်ဈေးလေး
တော့ ရှိတာပေါ့။ ပြီးတော့ အာမခံလည်း ပေးထားတယ်။ နယ် ၀ယ်လက်တွေက အသစ်ကို ပိုလို
ချင်ကြတဲ့အတွက် ပိုဝယ်ကြတယ်"ဟု ကိုထူးအောင်လင်းက ပြောသည်။

တာတာနာနိုများမှာ ၆၂၄ စီစီ ဓာတ်ဆီသုံးဖြစ်ကာ ဆီစားသက်သာ သောကြောင့် တက္ကစီအဖြစ်
အသုံးပြု ရန် ၀ယ်ကြသော်လည်း ကားအနည်း ငယ်သေးခြင်းနှင့် ဂျပန် ကားများနှင့် ဈေးသိပ်မ
ကွာခြင်းတို့ကြောင့် လူကြိုက် နည်းကြောင်း အငှားယာဉ်မောင်းသမား များက ပြောသည်။

"ကျွန်တော်တို့လောကထဲမှာ တချို့ တွေကတော့ နာနိုကို တက္ကစီလုပ်နေ တာတွေ့နေရတယ်။
ဒါပေမဲ့ ကျွန်တော်တို့ကျတော့ ဘယ်လိုမှ မျက်စိ ထဲမတွေ့ဘူး။ ကျွန်တော့အမြင်အတိုင်း ပြောရ
ရင်တော့ ဒီလိုကားလေးတွေက တရုတ်ကထုတ်တဲ့ ချယ်ရီကားလေး တွေနဲ့ မြန်မာမီနီကားလေး
တွေထက် တောင် သေးနေသေးတယ်။ နေ့တဓူဝ ကားကြီးတွေကြားထဲမှာ မောင်းနေရ တာဆို
တော့ တစ်ခုခုဆိုကိုယ်ပဲခံရမှာ။ ပြီးတော့ ဈေးကလည်း ဂျပန်ကားနဲ့ ဘယ်လောက်မှ ကွာတာ
မဟုတ်ဘူး။ ဘယ်လောက် ဆီစားသက်သာတယ် ပြောနေပေမယ့် သဘောမကျဘူး။ တက္ကစီ
တော့လုံးဝ မလုပ်သင့်ဘူးလို့ ထင်တယ်"ဟု တက္ကစီယာဉ်မောင်းတစ် ဦးက ပြောသည်။

လက်ရှိဈေးကွက်အနေအထားအရ TATA ကားများမှာ ကားသစ်များ ဖြစ်သော်လည်း ဈေးသက်
သာသော ကားဟောင်း ဈေးများနှင့် မယှဉ်နိုင် သည့်အပြင် လက်ရှိ ချမှတ်ထားသော ပေါ်လစီမှာ
ကားဟောင်းကို အားပေး သည့် အနေအထားတွင်ရှိသောကြောင့် အသစ်စက်စက် တင်သွင်းသည့်
ကားသစ်များမှာ ဈေးကွက်ဝင်ရန် များစွာ ကြိုးစားရကြောင်း ကိုထူးအောင်လင်း က ပြောသည်။

"ဂျပန်ကားက ဈေးကွက်ထဲမှာ အရမ်းစိုးမိုးထားတယ်။ အိမ်စီးကား မှာတော့ ဂျပန်ကားကို
ကျွန်တော်တို့ ကျော်ဖို့ သိပ်တော့မလွယ်ဘူး။ ကား ဟောင်းတွေ ရှိနေသရွေ့လည်း မဖြစ် နိုင်သေး
ဘူး။ ကျွန်တော်တို့ဆီမှာ TATA ြညေသ အနီလိုင်စင်ကို သိန်း ၈၀ လောက် နဲ့ရောင်းတယ်။ အပြင်
မှာ ဈေးမြင့်သွား တယ်ဆိုတာကတော့ ၀ယ်ရောင်းတွေကြောင့်ဖြစ်မှာပါ။ ကျွန်တော်တော့ သေချာ
မသိဘူး"ဟု ကိုထူးအောင်လင်း က ပြောသည်။

ဈေးကွက်အတွင်း လုပ်ငန်းသုံး ဂျပန် ကားများမှာလည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကာ
စက်မှုဇုန်ထုတ် ပုဇဉ်းခေါင်း ဓာတ်ဆီသုံးမှာ ကျပ် သိန်း ၁၁၀ ၀န်းကျင်၊ ၂၀၀၃ မော်ဒယ် ဂျပန် နိုင်ငံ
ထုတ် ပုဇဉ်းခေါင်းမှာ ကျပ် ၁၃၅ သိန်းဝန်းကျင်၊ ဒီဇယ်သုံးမှာ ကျပ် သိန်း ၁၈၀ ၀န်းကျင်နှင့် ၂၀၀၁
မော်ဒယ် နှစ်တန် သုံးကန်တာမှာ ကျပ်သိန်း ၁၈၀ ၀န်းကျင်ခန့် ပေါက်ဈေးရှိသည်။

၂၀၁၃ မော်ဒယ်TATA လုပ်ငန်းသုံးကားသစ်များမှာ တင်နိုင်သည့်ဝန်နှင့် အင်ဂျင်အားအမျိုးအစားပေါ် မူတည်ကာ
ဈေးနှုန်းအားဖြင့် ကျပ် ၁၀၅ သိန်းမှ သိန်း ၂၅၀ ခန့်အထိရှိပြီး TATA Nano များမှာ လိုင်စင်အနီ
ကျပ် သိန်း ၈၀ ခန့်နှင့် လိုင်စင်အနက်မှာ အမေရိကန် ဒေါ်လာ ၁၀,၂၀၀ ခန့်ရှိပြီး တက္ကစီအဖြစ်
အသုံးပြုမည်ဆိုပါက ကုမ္ပဏီအမည်ပေါက်ဖြစ်သည်။

TATA ကားများမှာ အခြားကားများ နည်းတူအခွန်ဆောင်ရပြီး Cost Insurance Freight (CIF)
တန်ဖိုးမှာ လည်း အနိမ့်ဆုံး ဒေါ်လာ ၅,၀၀၀ ဖြင့် သာ တွက်ခြင်းထားခြင်းဖြစ်ကြောင်း ကိုထူးအောင်
လင်းက ပြောသည်။

လက်ရှိ ကားတင်သွင်းသည့် မူဝါဒ အရ အသစ်တင်သွင်းသည့် ကားအမျိုး အစားပေါ်တွင် မူတည်
ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနက CIF တန်ဖိုးကို သတ်မှတ်ပေးပြီး ထိုတန်
ဖိုးအပေါ်တွင် မူတည်ကာ အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်
ကြားမှု ဦးစီးဌာနမှ အခွန်များကို ပေးဆောင်ပြီး မှသာ တရားဝင်တင်သွင်းနိုင်ခြင်း ဖြစ်သည်။

TATA nano ကားတစ်စီး ၏ လက်ရှိရောင်းဈေးမှာ အဆိုပါ နှုန်းထားများအရ တွက်ချက်အပြီးတွင်
ရောင်းချသည့် ကုမ္ပဏီအနေဖြင့် ကား တန်ဖိုးအပါအဝင် အခွန်အခများ ပေးဆောင်ပြီးသည့် စရိတ်
များအပေါ်တွင် ရှစ်ရာခိုင်နှုန်းကျော်မျှသာ အမြတ်တင် ရောင်းချထားခြင်းဖြစ်ပြီး ကားတစ်စီး လုံး
တင်သွင်းသည့်အတွက် စုစုပေါင်း ကုန်ကျစရိတ်တွင် ပေးဆောင်ရသည့် အခွန်အခကျသင့်နှုန်းမှာ
၆၈ ရာခိုင် နှုန်းကျော်ခန့်ရှိပြီး ကား၏မူလတန်ဖိုး မှာ ၃၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး