ပြီးခဲ့သည့်သီတင်းပတ် ရန်ကုန်ကား ဈေးကွက်အတွင်း နယ်ဝယ်လက်အဆင်းများလာသဖြင့် အမြင့်
ကားများ အရောင်းဝယ်ဖြစ်ခဲ့သော်လည်း ပုံမှန် အရောင်းအဝယ်ဖြစ် လျက်ရှိသည့် ၁၃၀၀ စီစီ ကား
များမှာ အရောင်းအဝယ် အေးခဲ့ကာ စလစ်ဈေးနှုန်းများလည်း အေးနေကြောင်း ကားအရောင်းအဝယ်
လုပ်ကိုင်သူများက ပြောသည်။
"ဈေးကွက်ကတော့ ခြံုပြောရရင် အရောင်းအဝယ် မကောင်းဘူး။ အရောင်းအဝယ်က အရင်ကလို
ပြန် ကောင်းတဲ့ခေတ်ကို ရောက်ဖို့ ဖြစ်လာ မှာ မဟုတ်တော့ဘူး။ အကုန်လုံး ဒီလိုပဲ တစ်ဝဲလယ်
လယ်နဲ့ ပြီးနေတော့ မှာပါ။ အခုတောင် မြန်မာပြည်အထက်ပိုင်းက ၀ယ်လက်တချို့ဆင်းလာတာ
နဲ့ ကြုံလို့ အရောင်းအဝယ် နည်းနည်း ဖြစ်တယ်။ အဲဒီလိုဖြစ်ပေမယ့် ပုံမှန်အရောင်းအဝယ် ဖြစ်နေ
တဲ့ ၁၃၀၀ စီစီကားအုပ်စုထဲက Nissan, Honda Fit နဲ့ Pro Box ကားတွေ အရောင်းအဝယ် နည်း
သွားတယ်။ နယ်ဝယ်လက်ကတော့ အမြင့်ကားတွေထဲက သိန်း ၂၀၀ ကျော်တန်ကားတွေဖြစ်တဲ့
Mark II, Kluger,Pajero, Mark-Xနဲ့ RAV4 ကားတွေကို အမေးများပြီး ၀ယ်ကြတာတွေရှိတယ်"
ဟု ၀ါရင့်ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးကြည်ညွန့်က ပြောသည်။
၂၀၀၈ ခုနှစ်နှင့်အထက် ကားများ တင်သွင်းခွင့်ပြုမည့်သတင်းများ ထွက်ပေါ်အပြီး အရောင်းဝယ်
အနည်းငယ်တန့်သွားခဲ့ပြီး ကားဝယ်လိုသူအများစုမှာလည်း ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့်ကား
များ ထပ်မံဈေးနှုန်းကျဆင်းနိုင်သည့်ဟုယူဆကာ အခြေအနေကိုစောင့်ကြည့်လျက်ရှိခြင်းကြောင့်
အရောင်းအဝယ် မရှိသလောက် အေးသွားခဲ့ခြင်းဖြစ်ကြောင်း ကားဝယ် ရောင်းလုပ်ကိုင်သူများက
ပြောသည်။
အဆိုပါအသစ်တင်သွင်းရောင်းချမည့် ၂၀၁၂ ခုနှစ် ၂၀၁၃ ခုနှစ်ထုတ် မော်တော်ကားများကို
တင်သွင်းရာတွင် ကားအရောင်းပြခန်းများအား အစီးရေတစ်ရာ အထိတင်သွင်းခွင့်ပြု မည်ဖြစ်သော်
လည်း ဘယ်မောင်းများ သာ တင်သွင်းခွင့်ပြုသွားမည်ဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း
၀ယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
"ကားဈေးကွက်ထဲမှာကတော့ အခြေ အနေအမျိုးမျိုးအပေါ်မှာမူတည်ပြီး လုပ်ကိုင်နေကြတာပဲ။
အဲဒီအထဲမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက ထုတ် ပြန်ချက်တွေလည်း ပါပါတယ်။အဓိက က
တော့ စီးပွားကူးသန်းက ထုတ်ပြန် ချက်တွေပေါ်မှာမူတည်ပြီးအရောင်း အဝယ်တွေ အပြောင်းအ
လဲရှိနေသေး တယ်။ အခုဆိုရင် ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ် ကားတွေကို တင်သွင်းခွင့်ပေးမယ်။ တစ်ပတ်
ရစ်ကားရောင်းတဲ့နေရာတွေ ကိုလည်း ဘယ်မောင်း၊ ညာမောင်းမခွဲ ဘဲတင်သွင်းခွင့်ပြုမယ်ဆိုတဲ့
သတင်း တွေ လည်း ထွက်နေပြီး ဂျာနယ်တွေမှာ လည်း ဖတ်နေရတယ်။ လူတိုင်းနီးပါး ကားစီးနိုင်
ပေမယ့် ပြည်တွင်းမှာလည်း ယာဉ်နဲ့လမ်းအင်အားမမျှလို့ လမ်းကြော တွေ နေ့တိုင်းနီးပါး ပိတ်နေ
တာကို လည်း ထည့်ပြီးစဉ်းစားသင့်ပါတယ်။ ကားတင်သွင်းခွင့် မူဝါဒအသစ် ပေါ်ထွက်လာပြီးတဲ့
နောက်ပိုင်းကစလို့ ယာဉ်ကြောပိတ်ဆို့မှုတွေကို နေ့စဉ်နဲ့ အမျှ ကြံုတွေ့နေရပြီ" ဟု ကား ၀ယ်
ရောင်းလုပ်ကိုင်သူ ကိုမျိုးက ပြော သည်။
ကားဈေးကွက်အတွင်း ယခင် ရက်ပိုင်းက ပုံမှန်အရောင်းဝယ်ဖြစ် လျက်ရှိသည့် သီရိမင်္ဂလာ ကား
ရောင်း ၀ယ်ရေးစခန်းနှင့် မင်းရဲကျော်စွာ ကားကွင်းများမှာလည်း အရောင်းဝယ်ပါး လျက်ရှိကြောင်း
၀ယ်ရောင်းလုပ်ငန်း ရှင်များက ပြောသည်။ "ကားဈေးကွက်ကလည်း ထုတ်ပြန်တဲ့သတင်းပေါ်မှာ
အခြေခံပြီး ပြောင်းလဲရတာတွေရှိတယ်။ အခုဆိုရင် ၂၀၀၈ ခုနှစ် တင်သွင်းခွင်ြ့ပုမယ်ဆိုတဲ့ နောက်
ပိုင်းကစလို့ အရောင်းအဝယ်ကျသွားတယ်။ အရင်ပုံမှန်အရောင်း အဝယ်ဖြစ်တဲ့ ကားတွေကလည်း
သူဟာနဲ့သူ ရောင်းလိုက်ဝယ်လိုက်နဲ့ မို့လို့ ဈေးကွက်ထဲမှာ အလုပ်ဖြစ်နေတာ ပါ။ ပြီးခဲ့တဲ့ တစ်ပတ်
လောက်ကစပြီး နယ်ဝယ်လက်တွေ နည်းနည်းဆင်းလာ တဲ့တွက်ကြောင့် အရောင်းထိုင်းနေတဲ့
ဈေးကွက်က သူဟာနဲ့သူ ပြန်ပြီးတော့ စိုလာတယ်။ အရောင်းဝယ်ကောင်းဖို့ ကတော့ ထုံးစံအတိုင်း
ပဲ မိုးရာသီ အကုန်ပိုင်းဖြစ်တဲ့ သီတင်းကျွတ် ရာသီ ကိုပဲ မျှော်ရတော့မယ်။
မြောက်ဥက္ကလာပနဲ့ သံသုမာ ကားပွဲစားတန်းတွေကတော့ ကားဟောင်းဈေးကွက်နဲ့ အပ်ကားတွေ
အရောင်းအဝယ်ဖြစ်နေပါတယ်။ လုပ်ငန်းသုံးကားဈေးကွက်ကတော့ အရင်ထက်စာရင် ခပ်ပါးပါးပါပဲ"
ဟု ကားဝယ်ရောင်းလုပ်ကိုင် သူ ဦးမင်းညွန့်က ပြောသည်။ ကားဈေးကွက်အတွင်း လက်ရှိအပ်နှံ
လျက်ရှိသည့် 'သ' အက္ခရာကားများမှာ ဈေးကွက်အတွင်းအမည်ပေါက် ကျပ် ၁၀၄ သိန်းမှ ၁၀၆
သိန်းခန့်ရှိပြီး ဆက်လက် အပ်နှံရန်ရှိသည့် 'အ' အက္ခရာကားများမှာ ၈၅ သိန်းမှ သိန်း ၉၀ ကျော်
အထိ ပေါက်ဈေးရှိပြီး ကားကောင်းကားသန့်များ ဖြစ်ခြင်းကြောင့် အပ်နှံသူ နည်းပါးနိုင်ဖွယ်ရှိကြောင်း
ကားဝယ်ရောင်းလုပ်ကိုင်သူများက ခန့်မှန်းသည်။
















