Isuzu ယာဉ်များကို ဂျပန်နိုင်ငံမှ ပညာရှင်များက အခမဲ့ စစ်ဆေး ဆောင်ရွက်ပေးမည်

Isuzu ယာဉ်များကို ဂျပန်နိုင်ငံမှ ပညာရှင်များက အခမဲ့ စစ်ဆေး ဆောင်ရွက်ပေးမည်

မြန်မာနိုင်ငံတွင် ရောင်းချပြီးဖြစ်သည့် ဂျပန်နိုင်ငံထုတ် Isuzu ယာဉ်များအား ဩဂုတ်လ နောက်ဆုံး
ပတ်တွင် မော် တော်ယာဉ်အခြေအနေနှင့် ပြင်ဆင်ရန် လိုအပ်သည်များကို အခမဲ့စစ်ဆေးဆောင်
ရွက်ပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံရှိ Isuzu Motors နှင့် ပူးပေါင်းလုပ်ကိုင်သည့် MTG
Company Limited က ကြောညာချက် ထုတ်ပြန် ခဲ့သည်။

ယခုအခါ ဩဂုတ် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဂျပန်နိုင်ငံမှ အင်ဂျင်နီယာ များ လာရောက်ကာ
တစ်နေ့လျှင် Isuzu ကားအစီးရေ ၃၀ ခန့် လက်ခံကာ အခမဲ့ စစ်ဆေးဆောင်ရွက်ပေးသွား မည်ဖြစ်
ပြီး မော်တော်ယာဉ်များနှင့် ပတ်သက်၍ လိုအပ်ချက်များနှင့် ပြင် ဆင်ရန် လိုအပ်သည်များကို ဆွေး
နွေးသွားမည်ဖြစ်သည်။

အဆိုပါစစ်ဆေးမှုကို Isuzu service clinic အမှတ် ၁၇၂/၁၇၃ မြို့ပတ်လမ်း၊ ၂/ခ ရပ်ကွက်
ကမ္ဘောဇဘဏ်အနီး မင်္ဂလာဒုံမြို့နယ် တွင် စစ်ဆေးပေးသွားမည် ဖြစ်သည်။ ဂျပန်နိုင်ငံမှ ကျွမ်း
ကျင်ပညာရှင်များက မြန်မာနိုင်ငံမှ ၀ယ်ယူထားသူများ၏ Isuzu ကားများကို သေချာစွာ အခမဲ့
စစ်ဆေးဆွေးနွေးအပြီးတွင်၊ယာဉ်ပိုင်ရှင် များက မိမိတို့ Isuzu ယာဉ်များကို ပြင်ဆင်လိုပါက ရန်
ကုန်အင်းစိန်လမ်းမ ပေါ်ရှိ လှိုင်ရတနာအိမ်ရာရှိ MIT Isuzu Workshop တွင် လက်ခ အထူး
လျှော့ဈေးနှုန်းဖြင့် ဩဂုတ်လ ၂၈ ရက်နေ့ နောက်ပိုင်းတွင် စတင်ပြင် ဆင်နိုင်မည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး