စတော့အိတ်ချိန်းအတွက် ကုမ္ပဏီများပြင်ဆင်

စတော့အိတ်ချိန်းအတွက် ကုမ္ပဏီများပြင်ဆင်

မြန်မာကုမ္ပဏီများ အနေဖြင့် ၂၀၁၅ ရန်ကုန် စတော့အိတ်ချိန်း ဈေးကွက်ဝင်ရောက်နိုင်ရန်အတွက်
အများပိုင်ကုမ္ပဏီ ပြောင်းလဲဖွဲ့စည်းခြင်းဆိုင်ရာ ၀န်ဆောင်မှုများ ပေးနိုင်ရန်အတွက် Thura Swiss
သုတေသနနှင့် အတိုင်ပင်ခံကုမ္ပဏီနှင့် Win Thin & Associates စာရင်းအင်းနှင့် အတိုင်ပင်ခံလုပ်
ငန်းတို့ ဩဂုတ်လ ၁၅ ရက်နေ့ တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

"မြန်မာနိုင်ငံရဲ့ ထိပ်တန်း စာရင်းအင်း နဲ့ အတိုင်ပင်ခံ ကုမ္ပဏီဖြစ်တဲ့ Win Thin & Associates နဲ့
ပူးပေါင်း လုပ်ကိုင်ရတဲ့အတွက် ၀မ်းမြောက်မိပါ တယ်။ ပုဂ္ဂလိကကုမ္ပဏီတွေ အများပိုင် ကုမ္ပဏီအ
ဖြစ် ပြောင်းလဲဖို့ စိတ်ပါ၀င်စားလာခြင်းနဲ့ ၎င်းတို့ရဲ့ အစုရှယ်ယာတွေကို လွတ်လပ်သော ဈေးကွက်
မှာ ရောင်းချနိုင်ဖို့ ကြိုးစားလာတဲ့အပေါ် လည်း ၀မ်းသာမိပါတယ်။ အများပိုင် ကုမ္ပဏီတွေ တိုင်းပြည်
ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ရှိလာမယ်ဆိုတာလည်း ယုံကြည်
မိပါတယ်" ဟု Thura Swiss ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါက်တာအောင်သူရက ပြောသည်။

အများပိုင်ကုမ္ပဏီအဖြစ် ကူးပြောင်း လိုသော ကုမ္ပဏီများအား ကူညီ ဆောင် ရွက်ပေးရာတွင်
စာရင်းအင်းမူဝါဒ ပြုပြင်ပေးခြင်း၊ အသင်းအဖွဲ့ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း၊ အစုရှယ်ယာတန်ဖိုး သတ်
မှတ်ခြင်း၊ ကုမ္ပဏီအလားအလာညွှန်းတမ်းရေးဆွဲခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ခြင်းတို့ကို Thura Swiss
နှင့် Win Thin & Associates တို့က ၀န်ဆောင်မှု ပေးမည် ဖြစ်သည်။

"၂၀၁၅ မတိုင်ခင် ဒီဥပဒေ ထွက်လာ ဖို့ ရှိပါတယ်။ စတော့အိတ်ချိန်းဈေးကွက် အတွက် ကျွန်တော်
တို့ မြန်မာကုမ္ပဏီ တွေ အများပိုင်ကုမ္ပဏီအဖြစ် စနစ် တကျကူးပြောင်းထားဖို့ လိုပါတယ်" ဟု
 Win Thin & Associates ၏ တာဝန်ရှိသူ ဦးမိုးကျော်က ပြောသည်။

အစိုးရက ချထားပေးသော စီးပွားရေးလုပ်ကွက်များနှင့် အခြားစီးပွားရေး ဆိုင်ရာ အခွင့်အလမ်းများ
ကြောင့် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် အများ ပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲရန် အထူး စိတ်ဝင်စား
နေပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ အများပိုင်ကုမ္ပဏီပေါင်း
၆၀ ကျော် မှတ်ပုံတင်ထားပြီး ဖြစ်သည်။

"ကျွန်တော်တို့ဝန်ဆောင်မှုတွေဟာ အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းတဲ့နေရာမှာ အရမ်းအရေးကြီး
ပါတယ်။ ကုမ္ပဏီမှတ်ပုံတင်တဲ့ဟာက နောက်ဆုံး အဆင့် ဖြစ်သင့်ပါတယ်။ အခု မြန်မာ ကုမ္ပဏီ
အများစုက မှတ်ပုံတင်တာကို အရင်ဆုံးလုပ်နေကြတယ်" ဟု ဒေါက် တာအောင်သူရက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး