မုတ္တမကမ်းလွန်ပိုင်းတွင် အသစ်တွေ့ရှိထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ သိုက် M3 လုပ်
ကွက်မှ စီးပွားဖြစ်ထုတ် လုပ်ခြင်းကို ၂၀၁၈ ခုနှစ်တွင် စတင် နိုင်မည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီ
က M3 လုပ်ကွက်တွင် ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စမ်းသပ်တူးဖော်နေခဲ့ရာ လက်ရှိအချိန်တွင်
ရှာဖွေရေးတွင်း များမှ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် လေဆီများ စမ်းသပ်အောင်မြင်ခဲ့ပြီး ဖြစ်သည်။
"လောလောဆယ်တော့ ရှာဖွေတွေ့ ရှိမှုပမာဏကို အသေးစိတ်တိုင်းတာရေးနဲ့ အကဲဖြတ်တွင်းတူး
တာတွေ ဆက်လုပ်နေပါတယ်။ ရရှိတဲ့အချက် အလက်တွေအပေါ် အခြေခံပြီး ထုတ်လုပ်နိုင်မယ့်
အပေါ့စား ရေနံစိမ်း(Condensate) နဲ့ သဘာဝဓာတ်ငွေ့ ပမာဏကို အသေးစိတ်လေ့လာ
တွက် ချက်ရဦးမယ်။ စီးပွားရေးတွက်ခြေ ကိုက်သဘာဝဓာတ်ငွေ့နဲ့ ရေနံစိမ်း တွက်ချက်ပြီးရင်
ကမ်းလွန်ပိုင်းနဲ့ ကုန်း တွင်းပိုင်းလုပ်ငန်းတွေအတွက် အချိန် လေးနှစ်ကနေ ငါးနှစ်အထိ ကြာဦး
မယ်။ အစောဆုံး ၂၀၁၈ ဆိုရင် စထုတ်နိုင်မှာပါ" ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက
မြန်မာတိုင်း(မ်)ကို ပြောသည်။
မုတ္တမကမ်းလွန်ရှိ အဆိုပါ M3 လုပ် ကွက်တွင် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော် ထုတ်လုပ်ခြင်း
လုပ်ငန်းများကို စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထိုင်း နိုင်ငံမှ
PTTEP ကုမ္ပဏီတို့ (PSC - Production Sharing Contract) စာချုပ်ချုပ်ဆို၍ အဆိုပါကုမ္ပဏီမှ
ရာနှုန်း ပြည့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေခြင်းဖြစ် ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့စီးပွား ဖြစ်ရှာဖွေတွေ့
ရှိပါက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက အစု ရှယ်ယာ ၂၀ မှ ၂၅ ရာခိုင်နှုန်းအထိ ပါ၀င်
ခွင့်ရှိမည် ဖြစ်သည်။
"ထုတ်ယူနိုင်မယ့် ပမာဏကို တွက် ချက်ပြီးမှ ထုတ်လုပ်မှုကာလ ကြာမြင့်ချိန်ကို သတ်မှတ်နိုင်မှာ
ပါ။ ဒီ M3 လုပ် ကွက်က ထုတ်ယူရရှိမယ့် သဘာဝဓာတ် ငွေ့ ပမာဏအားလုံးကို ပြည်တွင်းသုံး
အတွက် ဖြည့်ဆည်းပေးသွားမှာပါ" ဟု အဆိုပါတာဝန်ရှိသူက ပြောကြားသည်။
ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီသည် မုတ္တမကမ်းလွန်ပိုင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း
ခြောက်ခု တွင် လက်ရှိ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိပြီး စမ်းသပ်တူးဖော်ဆဲအဆင့် စီမံကိန်းများ
လေးခုတွင် အဓိကလုပ်ကိုင်သူအဖြစ် ရာနှုန်းပြည့်နီးပါး လုပ်ကိုင်နေပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး
ဓာတ်ငွေ့သိုက်များဖြစ်သော ရတနာ နှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ၂၆ ရာခိုင်
နှုန်းနှင့် ၁၉ ရာခိုင်နှုန်း အသီးသီး ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီဖြစ်သည်။
ရခိုင်၊ မုတ္တမနှင့် တနင်္သာရီကမ်းလွန် လုပ်ကွက်များတွင် တရုတ်၊ ထိုင်း၊ ကိုရီး ယား၊ ဂျပန်နှင့်
ဗီယက်နမ်နိုင်ငံများမှ ကုမ္ပဏီ ၁၂ ခု လက်ရှိလုပ်ကိုင်လျက် ရှိပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု
ကော်မရှင်က ထုတ်ပြန်ထားသော စာရင်းများအရ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍ၏ နိုင်ငံ
ခြားရင်းနှီး မြှုပ်နှံမှုပမာဏမှာ ၂၀၁၃ ခုနှစ်၊ဖေဖော် ၀ါရီလအထိ 'ကန်'ဒေါ်လာ ၁၄ ဒသမ ၃၇၂
ဘီလျံနှင့် သဘာဝဓာတ်ငွေ့ တစ်ခုတည်းမှ ၀င်ငွေမှာ၂၀၁၁ ခုနှစ် တွင် အမေရိကန်ဒေါ်လာ
၁ ဒသမ ၈ ဘီလျံနီးပါးရှိပြီ ဖြစ်သည်။
















