ရန်ကုန်မြို့ ကုန်စည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများ တက်လာ

ရန်ကုန်မြို့ ကုန်စည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများ တက်လာ

ဩဂုတ်လဆန်းပိုင်းက မိုးဆက်တိုက်ရွာသွန်း ခြင်းကြောင့် ဖြစ်ပေါ်ခဲ့သောရေလွှမ်းမိုးမှုများ အပြီး၊
မြဝတီနယ်စပ် ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ ကြက်သွန်နီ ပြန်လည်တင်ပို့မှုများ ရှိလာခြင်း၊ အိန္ဒိ
ယတွင် ရေကြီးမှုကြောင့် စက်တင်ဘာလ အတွင်းထွက်မည့် ကြက်သွန်အထွက်နှုန်းကျဆင်းနိုင်
ခြင်းနှင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ကြက်သွန်ဝယ်လိုအား တက်လာခြင်း တို့ကြောင့်
ပြည်တွင်းကြက်သွန်နီဈေးများ မြင့် တက်လာကာ လာမည့်ရက်သတ္တပတ်များ အတွင်း ကြက်
သွန်နီဈေးနှုန်းများမှာ လက်ရှိ ဈေးနှုန်းများထက် ပိုမိုမြင့်တက်လာနိုင်ဖွယ် ရှိကြောင်း ဘုရင့်နောင်
ကုန်စည်ရောင်းဝယ်ရေး နှင့် ပွဲရုံတန်းမှ ကြက်သွန်ကုန်သည်များနှင့် အဝယ်တော်များက
ပြောသည်။

ဩဂုတ်လ ၂၀ ရက်နေ့က ဆိပ်ဖြူကြက် သွန်နီဈေးမှာ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ရ၄၀ နှင့်
အမြင့်စမှာ ကျပ် ၈၁၀ ရှိခဲ့ပြီး အဆိုပါ ဈေးမှာ ယခုနှစ် ကြက်သွန်နီ ဈေးကွက်တွင် အမြင့်ဆုံးဈေး
ဖြစ်ကြောင်း ကြက်သွန်နီကုန် သည် ဦးထွန်းစိန်က ပြောသည်။

"ဒီနှစ် နွေကြက်သွန် ရန်ကုန်မှာ အတက် ကြမ်းချက်ကတော့ ဆိပ်ဖြူတစ်ပိဿာကို ကျပ် ရ၄၀
ကနေ ၈၁၀ ကြားလောက်အထိကို တက် သွားတယ်။ ထပ်ပြီးတော့လည်း ဈေးတွေတက်လာနိုင်
သေးတယ်"ဟု ၎င်းက ပြောသည်။

ဩဂုတ်လဆန်းပိုင်းက ကြက်သွန်နီ တစ်ပိဿာဈေးနှုန်းမှာ ကျပ် ၅၇၀ မှ ၆၆၀ ၀န်း ကျင်ရှိပြီး အဆို
ပါရက်များအတွင်း ရန်ကုန် ဈေးကွက်သို့ သုံးရက်ဆက်တိုက် တစ်နေ့လျှင် ကြက်သွန်နီပိဿာချိန်
နှစ်သိန်းခွဲခန့် ရောက်ရှိခဲ့ကြောင်း ကြက်သွန်နီ ကုန်သည်များက ပြောသည်။

"အဲဒီလို ကြက်သွန်နီတွေ ၀င်လာပြီး နောက်ငါးရက်လောက်လည်းကြာရော တစ်ရက် ကို ပိဿာ
ချိန် ရ၈,၀၀၀ လောက်ပဲဝင်တော့ တယ်။ အဲဒီနောက်ပိုင်း ဈေးကွက်ထဲ မှာ ကြက်သွန်နီဈေးက ၆၆၀
ကနေ ရ၃၀ လောက်အထိကို တက်သွားတယ်။ ပြည်ပကိုတင်ပို့တဲ့ ကုမ္ပဏီတွေက ကြက်သွန်ထွက်
တဲ့ဒေသတွေ အထိ လိုက်ဆင်းပြီးဝယ်ကြတော့ နယ်ဈေး တောင် တစ်ပိဿာကို ရ၀၀ ၀န်းကျင်
လောက် အထိဖြစ်သွားတယ်။ ကားခကလည်း တစ်ပိဿာ ကို ၃၅ ကျပ်ကနေ ၄၀ လောက်ရှိတော့
ရန်ကုန် ဈေးကွက်မှာ တစ်ပိဿာကို ၈၀၀ ကျော်သွား တာပါ"ဟု ဘုရင့်နောင်ပွဲရုံတန်းမှ ကြက်သွန်
နီကုန်သည် ဦးမောင်ညွန့်က ပြောသည်။

လွန်ခဲ့သည့်လေးလခန့်က ဈေးကွက်အတွင်း နွေကြက်သွန်များမှာ တစ်ပိဿာလျှင် ကျပ် ၂၅၀ မှ
၃၅၀ ၀န်းကျင်ခန့်ရှိခဲ့သည်။ ထိုကာလက ဈေးများ ကျဆင်းခဲ့ခြင်းမှာ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဆိပ်
ဖြူအလုံးကြီး ရှယ်တစ်ပိဿာ ကျပ် ၁,၈၅၀ ၀န်းကျင်အထိ ဈေးကွက်တစ်လျှောက် အမြင့်ဆုံးဈေး
ရခဲ့ခြင်းကြောင့် နွေကြက်သွန် စိုက်ပျိုးသူများသဖြင့် အထွက်နှုန်းကောင်းခဲ့ ကာ ဈေးပေါခဲ့ခြင်းဖြစ်
ပြီး ဇူလိုင်လဆန်းပိုင်း အထိ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၃၆၀ မှ ၄၂၅ ကျပ် အတွင်းသာ ရှိခဲ့ကာ
ယခုမှသာ ဈေးများတက်လာခြင်းဖြစ်ကြောင်း ကြက်သွန်ကုန်သည်များက ပြောသည်။

၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်များကလည်း ကြက်သွန်နီဈေးနှုန်းများမြင့်တက်ခဲ့ဖူးကြောင်း ကြက်သွန်ကုန်သည်များက ပြောသည်။ ပြည်တွင်းကြက်သွန်ဈေးနှုန်းမြင့်တက်မှုမှာ လှောင်လက်
တို့ လက်ဝယ်ရှိချိန်တွင်သာ ဖြစ်ပေါ်လျက်ရှိပြီး စိုက်ပျိုးသူများမှာ ၂၀၁၀ နှင့် ၂၀၁၂ ခုနှစ် မိုးကြက်
သွန် ထွက်သည့်ရာသီတွင် သာ အကျိုးအမြတ်ရရှိခဲ့ပြီး မိုးကြက်သွန်နီမှာ ဒီဇင်ဘာလလယ်တွင်
ဈေးကွက်ထဲသို့ဝင်ရောက် ပြီး နွေကြက်သွန်နီမှာ မတ်လကုန်ပိုင်းတွင် ဈေးကွက်သို့ ပုံမှန်ရောက်ရှိကာ နှစ်ပတ်လည်လှောင်ရာတွင် နွေကြက်သွန်နီကိုသာ လှောင်လေ့ရှိကြောင်း
ဈေးကွက်အတွင်းမှ လုပ်ငန်းရှင် များက ပြောသည်။

"၂၀၁၀ ဇွန်လဆန်းလောက်က ကြက်သွန်နီတစ်ပိဿာကို ၁၇၀ ကနေ ၂၅၀ လောက်အထိ
ဈေးကျသွားတယ်။ အဲဒီအချိန်တုန်းက ရန်ကုန် က ကုန်ခြောက်ဆိုင်တွေမှာ တစ်ပိဿာဝယ်ရင်
ငါးဆယ်သား လက်ဆောင်ပေးမယ်ဆိုပြီး ဆိုင်း ဘုတ်ထောင်ပြီး ရောင်းတဲ့အထိ ဖြစ်ခဲ့သေး တယ်"
ဟု ကြက်သွန်အဝယ်တော်တစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး