ပြည်တွင်း ကားဈေးကွက်အတွင်း အငှားလုပ်ငန်းသုံးကားများနှင့် ကား ဟောင်းများသာ အနည်း
ငယ်အရောင်း ၀ယ်ဖြစ်ခဲ့ပြီး ပြီးခဲ့သည့်အပတ်က အဝယ်လိုက်ခဲ့သော အမြင့်ကားများမှာ လည်း
အရောင်းအဝယ်အေးခဲ့ကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။
"အခုလောလောဆယ်တော့ ဈေး ကွက်ထဲမှာ အရောင်းအဝယ်သိပ်မကောင်းသေးပါဘူး။ နယ်ဝယ်
လက်ဆင်းပေမယ့် ဈေးကွက်အခြေအနေက ဒီထက်ကောင်းလာဖို့တော့ မရှိဘူးလို့ ထင်ပါတယ်"ဟု
ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုဦးက ပြောသည်။
ယခင်က ဈေးကွက်အတွင်းလူ ကြိုက်များခဲ့သည့် ၁၃၀၀ စီစီ ကား များဖြစ်သော Nissan AD Van
နှင့် Probox ကားများမှာလည်း လက်ရှိတွင် ၀ယ်လက် စိတ်ဝင်စားမှုနည်းကာ အရောင်းအဝယ်
အေးလာပြီး ၀ယ်သူ အကြိုက်လိုက်ကာ လုပ်ကိုင်နေရ သဖြင့် ဈေးကွက်မှာလည်း ယခင်နှင့်
မတူဘဲ ပြောင်းပြန်ဖြစ်လာခဲ့ကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။
"ဈေးကွက်ထဲမှာ တချို့အရောင်း အဝယ်လုပ်တဲ့သူတွေက အရောင်းအဝယ်ကောင်းတယ်ပြော
တယ်။ တချို့ ကလည်း အရောင်းအဝယ် မကောင်း ဘူးလို့ ပြောကြတယ်။ ကျွန်တော့်အမြင် ပြော
ရရင်တော့ ကားအရောင်းအဝယ် အခုနှစ်ထဲမှာ သိသိသာသာကောင်း လာတာမျိုး မရှိသေးဘူး။
တစ်ခါတ လေ ရာသီဥတုအပေါ်မူတည်တယ်။ ရာသီဥတု ကောင်းတဲ့နေ့တွေဆိုရင် အရောင်း
အဝယ် ကောင်းတယ်။နယ် ၀ယ်လက်အဆင်းများရင် အရောင်းအ ၀ယ် ကောင်းတယ်။ အခုဝယ်
လက်တော် တော်များများက နောက်ပိုင်းတင်သွင်း မယ့်၂၀၀၈ ခုနှစ်နဲ့ အထက်ကားတွေကို ၀ယ်
ဖို့စောင့်နေကြတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဈေးနှုန်းက လက်ရှိကားဈေးတွေနဲ့ သိပ်မကွာလို့ပါ။
အဲဒီတော့ ၀ယ်တဲ့သူက ငွေကုန်တာချင်းအတူတူ မော်ဒယ်မြင့်တဲ့ကားကိုပဲ ၀ယ်မယ်ဆိုပြီး စောင့်
ကြတာများပါတယ်"ဟု ကားဝယ်ရောင်း လုပ်ကိုင်သူ ဦးနိုင်မင်းက ပြောသည်။
သတ်မှတ်ထားသည့် ယာဉ်အိုယာဉ် ဟောင်းများအပ်နှံမှု နှောင့်နှေးခြင်း ကြောင့် ယာဉ်ဟောင်း
ဈေးနှင့် စလစ် ဈေးနှုန်းများလည်း မြင့်တက်လာနိုင် ကြောင်း၊ အပ်နှံရန် စောင့်ဆိုင်းနေသည့် 'အ'
အက္ခရာယာဉ်မှာလည်း သက်တမ်း အရ ယခုနှစ် စက်တင်ဘာလတွင် အနှစ် ၂၀ ပြည့်ပြီဖြစ်၍
အောက်တိုဘာလအတွင်း အပ်နှံရန် သတင်းများ ထွက်နေခြင်းကြောင့် အပ်ကားဈေး များ
လာမည့်ရက်များတွင် ပိုမိုတက် နိုင်လာနိုင်ကြောင်း ၀ယ်ရောင်းသမားများက ပြောသည်။
လက်ရှိအပ်နှံလျက်ရှိသည့် 'သ' အက္ခရာကားများမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်မည်
ဆိုပါက ၆၀ ရာခိုင်နှုန်းခန့် အပ်နှံပြီးဖြစ် ကြောင်းလည်း ၀ယ်ရောင်းများက ခန့်မှန်းသည်။ "နောက်
လက်ခံမယ့်အပ်ကားတွေ ကို အခုတောင်လက်ခံလို့ရနေပြီ။ အချိန် သိပ်ကြာသွားရင် မကောင်းဘူး။
စီးပွားရေးသမားတွေ ဈေးကစားနိုင် မယ့် ဈေးကွက် ဖြစ်သွားနိုင်တယ်။ နောက်ပိုင်းဆက်ပြီး အအပ်
ခံမယ့် 'အ' အက္ခရာကားရဲ့နောက်က 'က' အက္ခရာ တန်းကားတွေဖြစ်တဲ့ '၁က' ကားတွေတောင်
အရောင်းအဝယ် လုပ်လာကြ ပြီ။ ဒါပေမဲ့ ခုထိ 'အ' ကိုလက်မခံသေး ဘူး။ အခုဆိုရင် ဈေးကွက်ထဲ
မှာ 'အ' က ကျပ် ၈၇ သိန်းကနေ ၉၃ ၀န်းကျင်လောက်ဈေးရှိပြီး '၁က' အက္ခရာကား တွေကတော့
သိန်း ရ၀ ကနေ သိန်း ၈၀ ၀န်းကျင်လောက် အထိ ဈေးပေါက်နေပါတယ်"ဟု ကားဝယ်ရောင်းလုပ်
ကိုင်သူ ဦးမောင် စိုး က ပြောသည်။
အောက်ကားဈေးကွက်ဖြစ်သည့် သတိပဋ္ဌာန်နှင့် မြောက်ဥက္ကလာပရှိ ကားဝယ်ရောင်း ဈေးကွက်
တွင် အရောင်းအဝယ် အထိုက်အလျောက်ဖြစ်လျက်ရှိကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများ
က ပြောသည်။
" ဗ၊ ဘ၊ လ၊ သ ကားတွေက အခု ဆိုရင် ၁၀၅ သိန်းဝန်းကျင်လောက်ဈေးပေါက်နေတယ်။ တရား
၀င်အပ်နှံဖို့ ထုတ်ပြန်ထားတဲ့ကားတွေဖြစ်လို့ အခုလိုဈေးတွေ ကောင်းနေတာပါ။ တက္ကစီစလစ်က
လောလောဆယ် သိန်း ရ၀ ၀န်းကျင်လောက်ရှိတယ်။ 'က' အက္ခရာတန်းကားတွေကတော့ 'အ'
အက္ခရာအပ်ကားပြီးလောက်မှ ဖြစ်နိုင် ခြေရှိတဲ့အတွက် ဈေးက ကားကြောပေါ်မူတည်ပြီးတော့
အပြောင်းအလဲရှိ တယ်"ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးတင်စိုးမြင့်က ပြောသည်။
လက်ရှိဈေးကွက်အတွင်း လူကြိုက် များလျက်ရှိသော ကားများဖြစ်သည့် HondaFit မှာ သိန်း
၁၄၀၊ Toyota Belta မှာ သိန်း ၁၄၀ မှ ၁၄၅ သိန်း၊ Toyota WISHမှာ ၂၂၅ သိန်း ၀န်းကျင်နှင့်
Toyota IPSUM မှာ သိန်း ၂၁၀ မှ ၂၂၀ ဈေးပေါက်လျက်ရှိသည်။
















