မတ်ပဲဈေးကွက် လာမည့်လတွင် ဈေးကောင်းရနိုင်မည်မှန်း

မတ်ပဲဈေးကွက် လာမည့်လတွင် ဈေးကောင်းရနိုင်မည်မှန်း

၂၀၁၃ ခုနှစ် ကုန်စည်ဈေးကွက်အတွင်း ဆန်၊ ကြက်သွန်နီ၊ ငရုတ်နှင့် အာလူး စသည့်ကုန်စည်များ
သိုလှောင်သည့် လှောင်လက်များ အမြတ်ထွက်ခဲ့သော် လည်း အရောင်းအဝယ်လောက၏ ထိပ်
တန်းနေရာကို ယူထားခဲ့သည့် မတ်ပဲ လှောင်လက်များမှာ ယခုအချိန်အထိ အကျိုးအမြတ်နည်း
လျက်ရှိပြီး လက်ရှိ တွင် ပြည်ပတင်ပို့ဈေးနှုန်းများ အနည်း ငယ် ပြန်လည်မြင့်တက်လာသော်လည်း
အရောင်းအဝယ်မှာ အေးလျက် ရှိကြောင်း မတ်ပဲ ၀ယ်ရောင်း ကုန်သည် များက ပြောသည်။

ပြည်တွင်း မတ်ပဲဈေးနှုန်းမှာ မြန်မာ နိုင်ငံ၏ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံ၏ ရာသီဥတု
အခြေအနေနှင့် ပဲထွက်ရှိမှုအနေအထားတို့ကို တည်မီကာ အရောင်းအဝယ်ပြုလုပ်ရခြင်းဖြစ်ကာ
ထိုနိုင်ငံ၏ ၀ယ်လိုအားကိုလိုက်ကာ ဈေးနှုန်းအတက်အကျရှိ ကြောင်း နယ်မှပဲကုန်သည်
ဦးစန်းအောင် က ပြောသည်။

"ဒီက မတ်ပဲဈေးကွက်က အိန္ဒိယရူပီး ငွေဈေး အပြောင်းအလဲကြောင့်လည်း ဈေးနှုန်းအတက်အကျ
ဖြစ်တတ်တယ်။ ပဲလောက အခေါ်ဆိုရင် လှိုင်းစီးတယ် လို့ ခေါ်တယ်။ ဒီနှစ် မတ်ပဲဈေးကွက်
အခြေအနေက ပြီးခဲ့တဲ့နှစ်တွေနဲ့စာရင် အကျိုးအမြတ်နည်းနေပြီး အရောင်းအဝယ်လုပ်တဲ့နေရာ
မှာလည်း ဈေးကို တော်တော်ချိန်ဆပြီး လုပ်နေရတယ်။ နယ်ကကုန်သည်တွေကလည်း ရန်ကုန်
ပေါက်ဈေးပေါ်မူတည်ပြီး ရောင်းဝယ်နေကြတယ်"ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက မတ်ပဲ ျွဃ တစ်တန်ဈေးမှာ ကျပ် ၄၀၀,၀၀၀ ရှိခဲ့ပြီး သုံးလအကြာ
ဩဂုတ် လဆန်းတွင် ကျပ် ၆၄၉,၀၀၀ အထိ ဈေးတက်ခဲ့ခြင်းကြောင့် မတ်ပဲလှောင် လက်များအဖို့
အမြတ်အစွန်းများခဲ့သော်လည်း ယခုနှစ်တွင်မူ ဧပြီလဆန်းပိုင်းဈေးမှာ တစ်တန် ကျပ် ၅၇၀,၀၀၀
၀န်းကျင်ခန့်ရှိခဲ့ပြီး ဇူလိုင်လ ကုန်တွင် ၄၅၇,၀၀၀ အထိကျဆင်းခဲ့ကာ ဩဂုတ် လ ၂၇ ရက်နေ့တွင်
ကျပ် ၄၉၈,၀၀၀ အထိသာ ဈေးအနည်းငယ်ပြန်တက်ခဲ့ခြင်းကြောင့် အားရဖွယ်မရှိကြောင်း လုပ်ငန်း
ရှင်များက ပြောသည်။

"ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကဆိုရင် ပြည်တွင်းပဲဈေးနှုန်းက ပြည်ပပို့ဈေး တွေထက် မြင့်တက်လာ
လို့ ကုန်စည်ဒိုင် ထဲက ပွဲစားရှစ်ဦးကို မလုပ်ခိုင်းတော့ ဘူး။ အဲဒါတောင် ဒီလူတွေက ကုန်စည် ဒိုင်
ပြင်ပကနေပြီး လုပ်ကိုင်နေသေး တယ်။ ဒီနှစ်မှာတော့ ကုန်ထုတ်ယူခွင့် စာရွက်စာတမ်းတွေနဲ့
အမှန်တကယ်ကုန်ပစ္စည်း ရွှေ့ပြောင်းဝယ်ယူမှု ရှိမရှိကိုစစ်ဆေးပြီး အရောင်းအဝယ်လုပ် ပြီးသား
ကုန်ထုတ်ယူခွင့်ကိုလည်း ထပ် ဆင့် အရောင်းအဝယ် မလုပ်ရအောင် ထိန်းချုပ်လိုက်တဲ့အတွက်
ဈေးကွက်ထဲမှာ ဈေးကစားတာတွေ နည်းလာတာဖြစ်နိုင်တယ်"ဟု ပဲကုန်သည် တစ်ဦးက
ပြောသည်။

၂၀၀၈ ခုနှစ် နှစ်လယ်ပိုင်းကလည်း ပဲလောကတွင် ထိုကဲ့သို့ ကုန်ပစ္စည်းများ အပြောင်းအရွှေ့ပြု
လုပ်ခြင်းမျိုးမရှိဘဲ ကုန်ထုတ်ယူခွင့် စာရွက်စာတမ်းများဖြင့်သာ နှုတ်ကတိဖြင့် ဈေးနှုန်းနှင့် အချိန်
ကာလ သတ်မှတ်ကာ ကြို ရောင်း ကြိုဝယ်ရောင်းချမှုများပြုလုပ် ခဲ့ပြီး နောက်ပိုင်းတွင် ကမ္ဘာ့
ဈေးနှုန်း အပြောင်းအလဲများကြောင့် ပဲဈေးများ ကျဆင်းခဲ့ပြီး ပဲလောကအတွင်း အကြီး မားဆုံး
ငွေကြေးအရှုပ်အရှင်းကိစ္စများ ပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာအာ ဏာပိုင်အဖွဲ့အစည်းများက
၀င်ရောက် ဖြေရှင်းခဲ့ရကာ ပဲကုန်သည်ငါးဦးမှာ လည်း အရေးယူခံခဲ့ရသည့် ဖြစ်ရပ်များ လည်း
ရှိခဲ့ကြောင်း ပဲအရောင်းအဝယ် လုပ်ငန်းရှင်များကပြောသည်။

"ဒီလို သာဓကတွေရှိခဲ့တာတောင် ဒီနှစ်အထိ ပဲဖိုးငွေ ကျပ်သိန်းထောင် ချီအလွဲသုံးစားမှုတွေက
ဆက်ဖြစ်နေတုန်းပဲ" ဟု ပဲကုန်သည်တစ်ဦးက ပြော သည်။ လာမည့် စက်တင်ဘာလသည် အိန္ဒိ
ယနိုင်ငံတွင် မတ်ပဲပေါ်ချိန်ဖြစ် သော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ပဲအထွက်နှုန်း လျော့ကျနိုင်
သဖြင့် မြန်မာပြည်မှ ၀ယ်ယူမှုများလာနိုင်ခြင်း ကြောင့် မတ်ပဲများ ဈေးကောင်းပိုကောင်းရလာနိုင်
ကြောင်း ပဲကုန်သည် များက ခန့်မှန်းသည်။ မြန်မာနိုင်ငံတွင် မတ်ပဲကို မြစ်ဝ ကျွန်းပေါ်ဒေသ
အနောက်ဘက်ခြမ်း တွင်အများအပြားစိုက်ပျိုးပြီး ပဲခူး၊ မကွေးနှင့် စစ်ကိုင်းဒေသကြီးများတွင်
လည်း စိုက်ပျိုးကြသည်။

ဩဂုတ်လဆန်းပိုင်းက ပြည်ပ ပို့ သည့် မတ်ပဲဈေးမှာ FAQ တစ်တန်လျှင် ဒေါ်လာ ၅၀၀ အောက်သာ
ရှိခဲ့ သော်လည်း နောက်ဆုံးပတ်ရောက် လာချိန်တွင် ဒေါ်လာ ၅၄၀ သို့ ဈေးတက်လာကြောင်း
ပဲကုန်သည်များ က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး