စင်ကာပူတွင်ကျင်းပသည့် မြန်မာအလုပ်အကိုင်ပွဲတော် အောင်မြင်မှုရှိ

စင်ကာပူတွင်ကျင်းပသည့် မြန်မာအလုပ်အကိုင်ပွဲတော် အောင်မြင်မှုရှိ

စင်ကာပူနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သော အလုပ်အကိုင်ရှာဖွေရေးပွဲတော် ''First
Myanmar Jobs Fair In Singapore'' သို့ အလုပ်အကိုင် ရှာဖွေသူ ထောင်ပေါင်းများစွာတက်
ရောက်ခဲ့ကြပြီး အောင်မြင်ခဲ့ကြောင်း အဆိုပါပွဲတော်ကျင်းပသည့် ကုမ္ပဏီက ပြောသည်။

အဆိုပါပွဲကို ပြည်တွင်း အလုပ် အကိုင်ရှာဖွေရေး ကုမ္ပဏီဖြစ်သည့် Career Development
Consul-tancy Co., Ltd (စီဒီစီ) က ကြီးမှူး၍ ဩဂုတ်လ ၁၇ နှင့် ၁၈ ရက်နေ့များတွင် ပင်နာ
ဆူလာဟိုတယ်တွင် ကျင်းပခဲ့ ခြင်းဖြစ်သည်။

"မှန်းထားတာထက် ပိုအောင်မြင်ခဲ့ ပြီး လူ ၃၀၀၀ လောက် လာခဲ့ပါ တယ်။ ဒီအရေအတွက်က
ကျွန်တော် တို့မျှော်မှန်းထားတဲ့ လူဦးရေထက်ကို အများကြီး ကျော်လွန်ခဲ့ပါတယ်။ ဒီပြပွဲကိုလုပ်ရ
တဲ့ ရည်ရွယ်ချက်က လည်း အရည်အချင်းရှိတဲ့ မြန်မာနိုင်ငံ သားတွေကို ကိုယ့်နိုင်ငံမှာ ပြန်လည်
အလုပ်လုပ်ကိုင်နိုင်ဖို့နဲ့ သူတို့ရနိုင်မယ့် အခွင့်အရေးတွေအတွက် ဆွေးနွေးနိုင် ပြီးသူတို့နဲ့ထိုက်တန်
တဲ့ အခွင့်အရေး တွေ တကယ်ကို ရနိုင်အောင် ဖန်တီးပေး ထားတဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်"ဟု
စီဒီစီဒါရိုက်တာ ဦးလင်းကျော်ထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

အဆိုပါပွဲတော်တွင် နာမည်ကြီး လုပ်ငန်းများဖြစ်သော City Mart Holding? Coca Cola Pinya
Beverages, KBZ Bank, Ooredoo, Nokia Siemens Network, Fonterra, CDSG,
Schneider Electric, Forever Group, AA Medical, Myanmar Brewery နှင့် MMRD Group
တို့ ပါ၀င်ပြသခဲ့ပြီး ဘဏ်လုပ်ငန်းကို ပိုမိုစိတ်ဝင်တစား လေ့လာသူများခဲ့ကြောင်း ပြပွဲကျင်းပ သည့်
တာဝန်ခံများက ပြောသည်။

"ကုမ္ပဏီတွေတော်တော်များများက ဒီလိုလုပ်တာကို သဘောကျတယ်။ ကိုယ့်တိုင်းပြည်က
လူတွေကို ပြန်ခေါ်ချင်တဲ့သဘောပါ။ ဟိုမှာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြံုနဲ့ အတတ်ပညာတွေကို
ပြည်တွင်းမှာ ပြန်ဝေမျှစေချင်တာပါ" ဟု ဦးလင်းကျော်ထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပြန်လည်၍ လာ ရောက်လုပ်ကိုင်လိုသူများကို ခေါ်ယူ နိုင်ရန် ရည်ရွယ်ကာ
ကျင်းပသည့် အဆိုပါ အလုပ်အကိုင်ပွဲတော်ကို ထိုင်းနိုင်ငံတွင်လည်း လာမည့်နှစ်လ ကျော်တွင်
ကျင်းပမည်ဖြစ်ပြီး၊စင်ကာပူ နိုင်ငံတွင်လည်း ထပ်မံကျင်းပမည် ဖြစ်ကာ နောက်ပိုင်းတွင်လည်း
အခွင့် အလမ်းများ ပိုမို ဖန်တီးနိုင်ရန် မလေးရှားတွင် ပြုလုပ်ရန် အစီအစဉ် ရှိကြောင်း ၎င်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး