ကမ္ဘာ့ရွှေဈေးနှုန်း အပြောင်းအလဲကြောင့် ပြည်တွင်းရွှေဈေး အတက်အကျ မြန်ခဲ့

ကမ္ဘာ့ရွှေဈေးနှုန်း အပြောင်းအလဲကြောင့် ပြည်တွင်းရွှေဈေး အတက်အကျ မြန်ခဲ့

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကမ္ဘာ့ ရွှေဈေးမှာ လျင်မြန်စွာ မြင့်တက်ခဲ့ပြီး ယခုအခါတွင်
လျင်မြန်စွာ ပြန်လည်ကျဆင်းခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေး ကွက်တွင်လည်း ရွှေဈေးအတက်
အကျ မှာ မြန်ခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များ က ပြောသည်။

"လွန်ခဲ့တဲ့လေးငါးရက်က ကမ္ဘာ့ရွှေ ဈေး တစ်အောင်စကို အမေရိကန် ဒေါ် လာ ၁,၃၀၀ ၀န်းကျင်
လောက်ကနေ ၁,၄၀၀ ကျော်အထိ တက်သွားတော့ ပြည်တွင်း ရွှေဈေးလည်း အခေါက်ရွှေ တစ်
ကျပ်သားကို ကျပ် ၃၀,၀၀၀ လောက် အထိ လိုက်တက်သွားတယ်။ ဒီအပတ်မှာတော့ ကမ္ဘာ့ရွှေ
ဈေးကလည်း တစ် အောင်စကို အမေရိကန် ၁,၃၉၅ ဒေါ်လာ ကို ပြန်ကျသွားသလို ပြည်တွင်း
ရွှေဈေးကလည်း တစ်သောင်းကျော် ကျော်လောက် ပြန်ကျသွားတယ် " ဟု ရွှေကျင်ရတနာရွှေ
ဆိုင်မှ ကိုဌေးက ပြောသည်။

ထိုကဲ့သို့ ပြည်တွင်းရွှေဈေးကွက် အတက်အကျ လျင်မြန်စွာ ဖြစ်ပေါ်ခြင်း ကြောင့် လုပ်ငန်းရှင်များ
အကြား ရွှေတုံး အရောင်းအဝယ် ကောင်းမွန်ခဲ့ကြောင်း တိတ်စိန်ရွှေ ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးဇော်အောင်
က ပြောသည်။

"ပြည်တွင်းရွှေဈေး တစ်ကျပ်သားကို ကျပ် ရ၃၀,၀၀၀ ၀န်းကျင်လောက်မှာ ရွှေတုံးတွေ အရောင်း
အဝယ် တော်တော်ကောင်းခဲ့တယ်။ တချို့ကလည်း ဈေးကဆက်ပြီး တက်ဦးမယ်ဆိုပြီး ၀ယ် ထား
ကြတယ်။ တချို့ကတော့ ဈေးတက် တုန်း ရောင်းကြတယ်။ လုပ်ငန်းရှင် အချင်းချင်းတင်မဟုတ်ဘဲ
တခြားပြင်ပ က စီးပွားရေးလုပ်ကိုင်သူတွေလည်း ဈေးတက်နေတဲ့ အချိန်လေးမှာ လာ ရောင်းကြ
တယ်။ အခုပြန်ကျသွားတော့ အရောင်းအဝယ်က နည်းနည်းတော့ ပြန်အေးသွားပါတယ်။ဒါပေမဲ့
လည်း ရွှေတုံး အရောင်းအဝယ်ကတော့ လုပ်ငန်းရှင်တွေအတွက် နေ့စဉ်တော့ လုပ်နေရတာပါပဲ"
ဟု ၎င်းက ပြောသည်။

အဆိုပါရွှေဈေး မြင့်တက်ခဲ့သည့်အချိန်တွင် ရွှေတုံးအရောင်းအဝယ်မှာ ပုံမှန်ထက် ၁၅ မှ ၂၀
ရာခိုင်နှုန်းခန့် အထိ ပိုမိုကောင်းမွန်ခဲ့ကြောင်း ရွှေဆိုင် ပိုင်ရှင်များက ပြောသည်။

ထို့ပြင် ကမ္ဘာ့ရွှေဈေး အနိမ့်အမြင့် လျင်မြန်စွာ ဖြစ်ပေါ်ရခြင်းသည် အမေ ရိကန်နှင့် ဆီးရီးယားနိုင်ငံ
တို့၏ နိုင်ငံ ရေးတင်းမာမှု ဂယက်များကြောင့် ဖြစ်နိုင်ကြောင်းလည်း ပြည်တွင်းလုပ်ငန်းရှင်များက
ခန့်မှန်းသည်။

"ကမ္ဘာ့ရွှေဈေး အတက်အကျ ဖြစ် တာက အမေရိကန်နဲ့ ဆီးရီးယားတို့ရဲ့ ပဋိပက္ခကြောင့်လည်း
ပါတယ်။ သူတို့ ဆီက အသံလည်းထွက်ရော ကမ္ဘာ့ရွှေ ဈေးက ချက်ချင်းကို မြင့်တက်သွားတာ
ပြည်တွင်းက ရွှေလုပ်ငန်းရှင်တွေတောင် မလိုက်နိုင်ဖြစ်သွားတယ်။ ဒါပေမဲ့ လည်း ကမ္ဘာ့ရွှေဈေး
တက်တိုင်း ကျ တိုင်းလည်း ပြည်တွင်းရွှေဈေးက တက်တာမဟုတ်ပါဘူး။ ဒေါ်လာဈေး အတက်
အကျလည်းပါသလို ပြည်တွင်း ရွှေဈေးကွက်မှာ အရောင်းအဝယ်ကောင်းတာနဲ့လည်း
ဆိုင်ပါတယ်။ အခု ကတော့ အဲဒီသုံးခုစလုံး ဆုံသွားလို့ ရွှေဈေး ပြန်ကျသွားတာပါ" ဟု မြန်မာ
နိုင်ငံ ရွှေလုပ်ငန်းရှင်းများ ဗဟိုအသင်း မှ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးဌေး က ပြောသည်။

ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ လျှင် ၁,၃၉၀ ဒေါ်လာခန့်မှ ၁,၄၃၅ ဒေါ်လာဝန်းကျင်ခန့်သို့ တက်
သွားပြီးမှ ပြန်လည်ကျဆင်းခဲ့ခြင်းကြောင့် ပြည် တွင်းရွှေဈေးမှာလည်း ဩဂုတ်လ တတိယပတ်ခန့်
တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ရ၁၅,၀၀၀ ၀န်း ကျင်ခန့်မှ ဩဂုတ်လ ၂၈ ရက် နေ့တွင်
မူ ကျပ် ရ၃၀,၀၀၀ ခန့်အထိ ကျပ် တစ်သောင်းကျော်ခန့် ရုတ်တရက် မြင့်တက်ခဲ့ပြီး သုံးရက်ခန့်ကြာ
စက်တင်ဘာ လ ၂ ရက်နေ့တွင် ကျပ် ရ၁၇,၀၀၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။

ပြည်တွင်း ရွှေဈေးသည် ကမ္ဘာ့ရွှေဈေး အပြောင်းအလဲပေါ်များစွာ မူတည် နေသဖြင့်ယခုအခါတွင်
အမေရိကန်ပြည်ထောင်စုနှင့် ဆီးရီးယားတို့၏ နိုင်ငံရေး တင်းမာမှုမှာလည်း ပြန်လည် ပြေလျော့
လာပြီဖြစ်ရာ ကမ္ဘာ့ရွှေဈေး လည်း ကျဆင်းလာသည့်အတွက် ပြည်တွင်းရွှေဈေးကွက်သည် ဆက်
လက် ကျ ဆင်းနိုင်ကြောင်း ဦးဇော်အောင်က ခန့်မှန်းသည်။

ထို့ပြင် ရွှေထည်အရောင်းအဝယ် မှာ ပြည်တွင်းရွှေဈေး အတက်အကျပေါ်မူတည်ကာ အပြောင်း
အလဲမရှိသည့်အတွက် ယခုနှစ်၏ အထည်ရောင်းဝယ်ရေးမှာ ယခင် နှစ်များထက်ကောင်းမွန်ကြောင်း
ရွှေကျင်ရွှေဆိုင်မှ ကိုဌေးက ပြောသည်။

"ရွှေထည်အရောင်းအဝယ်ကတော့ ဒီနှစ်မှာ မဆိုးဘူးလို့ ပြောလို့ရတယ်။ မိုးတွင်းမှာတောင်
အရောင်းအဝယ် က တော်တော်လေးကောင်းနေပြီး အရင်နှစ်တွေတုန်းကလိုလည်း အေးမနေဘူး"
ဟု ၎င်းက ပြောသည်။ ထို့ပြင် ရန်ကုန်မြို့၏ ရွှေတုံး အရောင်းအဝယ်မှာ တစ်နေ့လျှင် သုံး ပိဿာ
မှ ငါးပိဿာအတွင်းရှိကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး