အရည်အသွေးမြင့် အလှ ကုန်ပစ္စည်းဈေးကွက် အပြိုင်အဆိုင် ပိုများလာ

အရည်အသွေးမြင့် အလှ ကုန်ပစ္စည်းဈေးကွက် အပြိုင်အဆိုင် ပိုများလာ

ယခုနှစ် နှစ်ဦးပိုင်းမှ စတင်ကာ အာရှနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ တန်ဖိုးမြင့်အလှကုန် ပစ္စည်း
များဝင်ရောက်လာသဖြင့် ၀ယ်ယူသုံးစွဲသူများအတွက် ရွေးချယ်နိုင်မည့်အခွင့်အလမ်း များ ပိုလာ
သော်လည်း ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်ရမှု ပိုများလာကြောင်း အလှကုန်
ဈေးကွက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

"၂၀၁၂ ခုနှစ်နဲ့တောင် တော်တော်လေးကွာပါတယ်။ ဒီနှစ် နှစ်ဦးပိုင်းကစပြီး တော်တော်ကောင်းတဲ့
နိုင်ငံတကာက နာမည်ကြီးတံဆိပ် တွေ ၀င်လာတယ်။ သုံးစွဲသူတွေအတွက်ကတော့ ရွေးချယ်စရာ
တွေ များသွားတော့ ကောင်းတာပေါ့။ ဒါပေမဲ့ တံဆိပ်တစ်ခုက ဒီမှာ ဈေးကွက်ဖောက်ဖို့နဲ့ ဈေးကွက်
ရှယ်ယာကိုအတိုင်းအတာတစ်ခုထိ ရဖို့ကျတော့ ပိုပြီးရုန်းကန်ရတာပေါ့ " ဟု ပြင်သစ်နိုင်ငံမှ
နာမည်ကြီး အလှကုန်တံဆိပ်ဖြစ်သော အီဗင်ရိုရှေး  (YVES ROCHER) ၏ မြန်မာနိုင်ငံဆိုင်ရာ
တစ်ဦး တည်း ဖြန့်ချိခွင့်ရသည့် ANNAM Myanmar ကုမ္ပဏီမှ မန်နေဂျာ မမေသူဇော်က
ပြောသည်။

ပြည်တွင်းသုံးစွဲသူ အများစုမှာ အလှကုန် ပစ္စည်းဝယ်ယူရာတွင် ကြော်ငြာ၊ အရောင်းမြှင့် တင်
ရေးနှင့် မိမိတို့၏ အသားအရေနှင့် ကိုက်ညီမှု ရှိ မရှိပေါ်မူတည်၍ ရွေးချယ်ဝယ်ယူကြကြောင်း
Bagan Princess Hotelမှ အရောင်းနှင့် ကြိုတင်မှာယူမှုဆိုင်ရာ မန်နေဂျာ မယဉ်မင်းထွေးက
ပြောသည်။

"ဒီမှာက အလှကုန်ပစ္စည်းတစ်ခု ဈေးကွက်ထဲမှာ ပေါက်ဖို့ဆိုရင် ကြော်ငြာက တော်တော် အရေး
ကြီးတယ်လို့ ထင်တယ်။ ပြီးတော့ အရောင်းမြှင့်တင်ရေးနဲ့ ကုန်ပစ္စည်း မိတ်ဆက်ပွဲ တွေလုပ်ဖို့လည်း
လိုတယ်။ သုံးတဲ့သူတွေရဲ့ အသားအရေနဲ့ ကိုက်ညီမှုရှိဖို့လည်း အရေးကြီး ပါတယ်" ဟု ၎င်းက
ပြောသည်။

နိုင်ငံတကာတွင် အောင်မြင်မှုရရှိနေသော် လည်း မြန်မာ့ဈေးကွက်ဝင်နိုင်ရန် ဒေသတွင်း ရာသီဥတု
အခြေအနေနှင့် ကိုက်ညီမှုရှိရန်၊ ဘေး ထွက်ဆိုးကျိုးမရှိသော ပစ္စည်းအမျိုးအစားဖြစ် ရန်နှင့် သင့်
တင့်သောဈေးနှုန်းရှိရန် လိုအပ်ကြောင်းလည်း မမေသူဇော်က ပြောသည်။

"တချို့တံဆိပ်တွေက ဥရောပမှာတော့ အရမ်းအောင်မြင်ပေမဲ့ ဒီနိုင်ငံရဲ့ရာသီဥတုနဲ့ ဒီကလူတွေရဲ့
အသားအရေနဲ့ ကိုက်ညီမှုမရှိရင် ဈေးကွက်ဝင်နိုင်မှာ မဟုတ်ဘူး။ လူတွေက ကုန်ပစ္စည်းတံဆိပ်တစ်
ခုကို စွဲစွဲမြဲမြဲဝယ်သုံးတယ်ဆိုတာက အဲဒီကုန်ပစ္စည်းအပေါ်မှာ ယုံကြည် လို့ ဈေးကြီးပေးပြီး ၀ယ်သုံး
ကြတာလေ။ အသား အရေ ထိခိုက်တာတို့ ဆိုးကျိုးဖြစ်တာတို့ မရှိ သင့်ပါဘူး " ဟု ၎င်းက
ပြောသည်။

လက်ရှိ ပြည်တွင်းဈေးကွက် အတွင်းတွင် Loreal, Mabellin နှင့် Kanebo တို့မှာ ဈေး ကွက်
ရှယ်ယာ အများဆုံးရရှိထားပြီး လူကြိုက် များသော တံဆိပ်များ ဖြစ်ကြောင်း မယဉ်မင်း ထွေးက
ပြောသည်။

ယခုကဲ့သို့ အလှကုန် ဈေးကွက်အတွင်း အပြိုင်အဆိုင်များလျက်ရှိသော်လည်း ဆွစ်ဇာလန်နိုင်ငံမှ
နာမည်ကြီးအလှကုန်တံဆိပ် တစ်ခု ဖြစ်သည့် ALPURE အလှကုန်ပစ္စည်းကို ဩ ဂုတ်လအတွင်းက
မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်ခဲ့သည်။ "ဆွစ်ဇာလန်ကထုတ်တာဆိုတော့ ကောင်း တဲ့
ပစ္စည်းဖြစ်မှာပါ။ဒီကရာသီဥတု၊အသား အရေနဲ့ ကိုက်မယ်ဆိုရင်တော့ လက်ခံကြိုဆို ပါတယ်" ဟု
မမေသူဇော်က ပြောသည်။

ALPURE တံဆိပ်နှင့် အလှကုန်ပစ္စည်းများ ကို ၂၀၀၅ ခုနှစ်မှ စတင် ထုတ်လုပ်ဖြန့်ချိခဲ့ခြင်း ဖြစ်ကာ
လက်ရှိတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံရှိ မြို့ကြီး ၁၁၇ မြို့တွင် ဖြန့်ချိလျက်ရှိပြီး မြန်မာ နိုင်ငံတွင်မူ ပစ္စည်း
အမျိုးအစားပေါင်း ၁၇ မျိုးကို ရန်ကုန်မြို့တွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်းနှင့် တစ်နှစ်အတွင်းတွင်
ခိုင်မာသော ဈေးကွက်ရှယ်ယာရရှိအောင် ဆောင်ရွက် သွားမည်ဟု မြန်မာပြည်တစ်ဦးတည်း ကိုယ်
စားလှယ်ဖြစ်သော ကောင်းဆုကုမ္ပဏီမှ ဌာနကြီးမှူး မစ္စတာဗီဂတ်မတ်တူးက ပြောသည်။

"ပြီးခဲ့တဲ့နှစ်နှစ်အတွင်း အာရှနိုင်ငံတွေရဲ့ အလှကုန်ပစ္စည်းသုံးစွဲမှုရော ဆွစ်ဇာလန်နိုင်ငံ ထုတ် အလှ
ကုန်များအပေါ် စိတ်ဝင်စားမှုရော တော်တော်လေး မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့်ဒီမှာလည်း
ဈေးကွက်ခိုင်မာစွာ ရရှိအောင်အရောင်းမြှင့်တင်ရေးနဲ့ ဖြန့်ချိရေး ကို စနစ်တကျလုပ်သွားမှာပါ"ဟု
၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး