ကြက်ဥနှင့် ဘဲဥ အထွက်နှုန်းကောင်းလာခြင်းကြောင့် ဈေးကျဆင်းသွားဖွယ်ရှိ

ကြက်ဥနှင့် ဘဲဥ အထွက်နှုန်းကောင်းလာခြင်းကြောင့် ဈေးကျဆင်းသွားဖွယ်ရှိ

ကြက်ဥ၊ ဘဲဥနှင့် အသားတိုးကြက်သား ဈေးများ ပြီးခဲ့သည့်လအတွင်း အဆ မတန် မြင့်တက်ခဲ့ရာ
မှ ဩဂုတ်လဆန်း ပိုင်းမှစတင်ကာ ဈေးအနည်းငယ် ကျဆင်းခဲ့ပြီး နောက်ပိုင်းတွင်လည်း ဆက်လက်
ကျဆင်းသွားဖွယ်ရှိသည့် အတွက် စားသုံးသူများအနေဖြင့် အဆင်ပြေလာတော့မည်ဖြစ်ကြောင်း
ကြက်ဥ၊ ဘဲဥ ရောင်းဝယ်သူများနှင့် အသားတိုးကြက် မွေးမြူရေးလုပ်ငန်းရှင်များက ပြောသည်။

"ကြက်ဥနဲ့ ဘဲဥဈေးတွေကတော့ ဒီလမှာပဲ စပြီး နည်းနည်းပြန်ကျလာ တယ်။ နောက်ပိုင်းလည်း
ဆက်ပြီးကျသွားဖို့ပဲရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဲဥအထွက်နှုန်းကလည်း ပြန် ကောင်းလာ
ပြီ။ ပြီးခဲ့တဲ့လတွေက ဘဲဥ အထွက်နှုန်း ကျတယ်။ ဘဲဥအထွက်နှုန်းကျတော့ ကြက်ဥဝယ်လိုအား
က များပြီး ကြက်ဥကလည်း ဈေးတက် တယ်။ ဘဲဥကလည်း အဝင်နည်းတဲ့ အတွက် ဈေးတက်
တယ်။ အဲဒါကြောင့် ၀ယ်လိုအားနဲ့ ရောင်းလိုအား မမျှဖြစ် ပြီး ကြက်ဥနဲ့ ဘဲဥတွေ ဈေးမြင့်ကုန်
တာ ပါ။ အခုတော့ ဘဲဥက ပြီးခဲ့တဲ့လထက် အထွက်နှုန်း သုံးဆယ်ရာခိုင်နှုန်းလောက် တိုးလာ
တယ်"ဟု ဘဲဥ၊ ကြက်ဥရောင်းဝယ်သူများအသင်းမှ ဒုတိယဥက္ကဋ္ဌဖြစ် သူ ဦအောင်သောင်းက
ပြောသည်။

ယခုကဲ့သို့ ကြက်ဥနှင့် ဘဲဥများ ဈေး ကျဆင်းမှုသည် လက်ကားဈေးကွက် အတွင်းတွင်သာ
ကျဆင်းမှုရှိနေပြီး လက်လီဈေးကွက်တွင်မူ ဈေးအမြင့် ဖြင့်သာ ဆက်လက်ရောင်းချလျက်ရှိနေ
သေးသည့်အတွက် စားသုံးသူများ အနေဖြင့် တက်ဈေးဖြင့်သာ ၀ယ်ယူနေရသေးကြောင်း
၎င်းကပြောသည်။

"ကျွန်တော်တို့ လက်ကားဒိုင်တွေကတော့ ဈေးနှုန်းကျရင် အကျဈေးနဲ့ စပြီးရောင်းနေပါပြီ။
ဒါပေမဲ့လည်း ရပ်ကွက်ထဲက လက်လီအရောင်းဆိုင် တွေအနေနဲ့ကျတော့ ဈေးချပြီး မရောင်း
သေးတာကို တွေ့ရပါတယ်။၊ဒါပေမဲ့ နောက်ပိုင်း ကြက်ဥ၊ ဘဲဥတွေ လှိုင်လှိုင် ထွက်လာရင်
သူတို့လည်း ဈေးချပြီး ရောင်းကို ရောင်းရတော့မှာပါ"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ပြီးခဲ့သည့်လတွင် ကြက်ဥနှင့် ဘဲဥ ဈေးနှုန်းမှာ ၁၂၅ ကျပ်နှင့် ၁၃၀ အထိ ရှိခဲ့သော်လည်း
ယခုလဆန်းပိုင်းတွင် လက်ကားဈေးမှာ တစ်လုံးလျှင် ၁၀၇ ကျပ်သာရှိတော့ကြောင်း ကြက်ဥနှင့်
ဘဲဥ အရောင်းဒိုင်များက ပြောသည်။ မိုးတွင်းကာလ စပါးစိုက်ပျိုးချိန်တွင် ဘဲများအတွက်
စားကျက်နည်းပါးကာ ဥဥရန် ခက်ခဲသောကြောင့် အထွက်နှုန်း နည်းခဲ့ပြီး ယခုအခါ ဘဲများအတွက်
ဥ ဥနိုင်ရန်နေရာရရှိလာသည့်အတွက် အထွက်နှုန်း တက်လာခြင်းကြောင့် နောက်ပိုင်းတွင်
ဥအထွက်နှုန်း ပိုလာ နိုင်ကြောင်း ဘဲဥနှင့် ကြက်ဥအရောင်း ဒိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

"ဘဲဥအထွက်နှုန်းက အရင်လတွေ မှာ ကောင်ရေတစ်ရာကိုမှ သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ ဥနိုင်
တယ်။ အဲဒါ ကလည်း သူတို့တွေမွေးဖို့ စားကျက် နည်းတာကြောင့်ပါ။ အခုတော့ ဒီလက စပြီး
အထွက်နှုန်း ပြန်တက်လာတယ်။ ကောင်ရေ တစ်ရာကို ခြောက်ဆယ်ရာခိုင်နှုန်းလောက် တက်
လာတယ်။ ထက်ဝက်လောက် တက်လာတာ ဆို တော့ ရောင်းအားနဲ့ ၀ယ်အား နည်းနည်း မျှလာ
တာပေါ့။ ရှေ့ဆက်ပြီး ဒီထက်အထွက်နှုန်းတက်ဖို့ပဲ ရှိပါတယ်။ ကြက် ဥကလည်း အထွက်နှုန်းက
ရှစ်ဆယ်ရာ ခိုင်နှုန်းလောက် ရှိတယ်။ ကြက်ဥ အထွက်နှုန်းကတော့ ပုံမှန်ဆိုပေမယ့် ဘဲဥအထွက်
နှုန်းများတော့ သူရဲ့ဝယ်လိုအား နည်းနည်းလျော့သွားတာပေါ့" ဟု ၎င်းက ပြောသည်။

ထို့ပြင် အသားတိုးကြက်သားဈေး နှုန်းများမှာလည်း ပြန်လည်ကျဆင်းခဲ့ပြီး သားငါးပုစွန်များ
ပေါများလာခြင်း ကြောင့် ကြက်သားဝယ်လိုအား အနည်း ငယ်လျော့နည်းကာ ဈေးကျခြင်းဖြစ်
ကြောင်း ကြက်ဘဲဒိုင်မှ ဥက္ကဋ္ဌဖြစ်သူ ဦးလှဆန်းအောင်က ပြောသည်။

"ကြက်သားဈေး ပြန်ကျသွားရတာကတော့ အသား၊ ငါးနဲ့ ပုစွန်တွေ ဈေး ကွက်ထဲမှာ ပြန်ပေါများ
လာလို့ ဒီဘက် က ကြက်သားဝယ်လိုအား ကျတာ ကြောင့် ဈေးပြန်ကျသွားတာပါ။ အရင် တုန်း
က ကြက်သားဝယ်လိုအားက ဈေး ကွက်ထဲမှာ အရမ်းကိုများခဲ့တာ။ အဲဒါ ကြောင့်လည်း ဈေးတွေ
တက်သွားတာ ပါ။ အခုတော့ အသားတိုးကြက် ခြံဖမ်း ဈေး တစ်ပိဿာကို ၂,၇၀၀ ပဲရှိတော့ တယ်။
လက်ကားရောင်းဈေးကတော့ တစ်ပိဿာကို ကျပ် ၂,၉၀၀ ကနေ ၃,၀၀၀ အထိ ရောင်းပါတယ်။
ဒါပေမဲ့ တချို့လက်လီဈေးတွေမှာတော့ အခု ထိ တစ်ပိဿာကို ကျပ် ၆,၀၀၀ အရင် ဈေးနဲ့ပဲ ရောင်း
နေကြတုန်းပဲ"ဟု ၎င်းက ပြောသည်။

ကြက်သားဈေးများမှာ ပြီးခဲ့သည့်လတွင် ခြံဖမ်းဈေး တစ်ပိဿာလျှင် ကျပ် ၃,၅၀၀ နှင့် ယင်း
အထက်တွင် သာရှိခဲ့ပြီး ယခုလဆန်းမှစတင်ကာ တစ်ပိဿာလျှင် ကျပ် ၂,၇၀၀ ထိ ကျဆင်းသွား
ခဲ့ကြောင်း အသားတိုးကြက်ရောင်းဝယ်သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကြက်ဥ၊ ဘဲဥဒိုင်များသို့ နေ့စဉ်ပျှမ်းမျှ ၀င်ရောက်လျက် ရှိသည့် ဘဲဥအရေအတွက်မှာ
အလုံး ရေ ၉၀,၀၀၀ မှ ၁၀၀,၀၀၀ နီးပါခန့်ရှိ ပြီး အများစုမှာ ဧရာဝတီတိုင်းဒေသ ကြီးမှ ၀င်ရောက်
ခြင်းဖြစ်ပြီး ပြီးခဲ့ သည့်လတွင်မူ အလုံးရေ လေးသောင်း မှ ငါးသောင်းခန့်သာ ၀င်ရောက်ခဲ့ကြောင်း
ဒိုင်များက ပြောသည်။ ကြက်ဥ မှာမူ အလုံးရေ တစ်သိန်းအထက်ခန့် ၀င်ရောက်လျက် ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး