ပြီးခဲ့သည့် အပတ် ရန်ကုန်ကား ဈေး ကွက်အတွင်း နယ်ဝယ်လက်အဆင်းရှိ ခဲ့သဖြင့် လုပ်ငန်းသုံး
ကားများနှင့် အိမ် စီးကားများ အရောင်းအဝယ်ဖြစ်ခဲ့ပြီး အပ်နှံရန် ကျန်ရှိနေသည့် 'အ' အက္ခရာ
ကားများ ဈေးကျကာ စလစ်ဈေးနှုန်း များလည်း တန့်နေခဲ့ကြောင်း ကား အရောင်းအဝယ် လုပ်ကိုင်
သူများက ပြောသည်။
"ဒီတစ်ပတ်ဈေးကွက်ကတော့ မဆိုး ဘူးလို့ ပြောလို့ရတယ်။ နယ်ဝယ်လက် တွေဆင်းလာပြီးတော့
သူတို့ဒေသနဲ့ကိုက်ညီမယ့် ကားတွေကို လာဝယ်ကြ တော့ ဈေးကွက် နည်းနည်းလှုပ်လာ တာပေါ့။
အဓိက အကြမ်းခံတဲ့ ်သကမ တ့နနူ ိမငလန ကားတွေနဲ့ လုပ်ငန်းသုံး ကားတွေထဲကဆိုရင် အင်ဂျင်
ပါ၀ါ ၆၆၀ စီစီရှိတဲ့ ှကဖကုင ခွေးဘီးလူး ကားတွေ အမေးများခဲ့တယ်" ဟု ကားဝယ်ရောင်း လုပ်ကိုင်
သူ ကိုနိုင်မင်းက ပြောသည်။
ကားဈေးကွက်အတွင်း ယခင်ရက်ပိုင်း ကအရောင်းအဝယ် ပါးခဲ့သော်လည်း ယခုအပတ်တွင်မူ
အရောင်းအဝယ်ကောင်းလာခဲ့ပြီး မင်းရဲကျော်စွာယာဉ် ရောင်းဝယ်ရေးစခန်းသည် နေရာ ကျယ်
၀န်း၍ အရောင်းအဝယ်လုပ်ရာ တွင် ကြည့်ရှုသူတို့ အဆင်ပြေသည့် အတွက် ၀ယ်ယူသူများ
အနေဖြင့် သီရိ မင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းထက် ထိုနေရာကို ပိုမိုကြိုက်နှစ်သက်ကြောင်း
ကားအရောင်းအဝယ်လုပ်ကိုင်သူများ က ပြောသည်။
"သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းကို သွားကြည့်ဖြစ်ပါတယ်။ ဟိုမှာ က ကားရပ်စရာနေရာ
မရှိတော့ အဆင် မပြေဘူး။ နောက်တစ်ခုက ကုမ္ပဏီ ကား တွေ ရပ်ထားလို့ နေရာကျဉ်းတာရယ်၊
အလင်းရောင် ကောင်းကောင်းမရတာ ရယ်၊ နေရာကျယ်ဝန်းမှု မရှိတာရယ် ကြောင့် မင်းရဲကျော်စွာ
မှာပဲ ၀ယ်ဖြစ်တာများတယ်။ မင်းရဲကျော်စွာကတော့ အကောင်းကြီးမဟုတ်ပေမယ့် ဒီဝင်းထဲ မှာက
ကြည့်လို့ကောင်းအောင် သွား ကောင်းအောင် လမ်းတွေခင်း အမိုးတွေ ထောက်နဲ့ ၀ယ်သူကို ပြဖို့
အဆင်ပြေအောင် လုပ်ထားကြတယ်။
၀ယ်သူက ကားစမ်းချင်တယ်ဆိုရင်လည်း ပြည်လမ်းပေါ်မှာ ကားစမ်းနိုင်တယ်။ အဲဒီ အားသာချက်
တွေကြောင့် မင်းရဲကျော် စွာ ကားကွင်းကို ကားဝယ်မယ့်သူတွေ ပို စိတ်ဝင်စားတယ်"ဟု ကား
အရောင်း အဝယ်လုပ်ကိုင်သူ ကိုအောင်သူက ပြောသည်။ ဈေးကွက်အတွင်း အင်္ဂလိပ်အက္ခရာ
ပြောင်းလဲထားသည့်ကားများကို ၀ယ် ယူမှုများ ရှိလာကြောင်းလည်း ၀ယ် ရောင်းလုပ်ငန်းရှင်များ
က ပြောသည်။
"နောက်ပိုင်း ကားဝယ်ထားတဲ့သူတွေတော်တော်များများက အင်္ဂလိပ် အက္ခရာပြောင်းထားပြီး
သားကားတွေ ကို စိတ်ဝင်စားကြတယ်။ ၀ယ်ထားပြီး သား ကားတွေက နံပါတ်မပြောင်းရ သေး
တော့ ပြန်ပြောင်းဖို့ဆိုတာက နောက်နှစ် လိုင်စင်သတ်တမ်း တိုးမှဖြစ် မှာဆိုတော့ တစ်ခါတည်း
ပြီးအောင်ဆို ပြီး ၀ယ်တဲ့သူတွေရှိတယ်။ အခုဆိုရင် လိုင်စင်သတ်တမ်းတိုးချိန်မှာ မြန်မာ အက္ခရာ
ကားတွေကို ဩဂုတ်လ ၂၈ ရက် နေ့ကစပြီး အင်္ဂလိပ်အက္ခရာပြောင်းဖို့ ကညနက ကြေညာထား
တယ်။ ဒါတင်မ ကဘူး စီစီအက္ခရာကားနဲ့ စက်မှုဇုန် ထုတ်ကားတွေကိုလည်း အင်္ဂလိပ်အက္ခရာကို
ပြောင်းခိုင်းထားတယ်"ဟု ကားဝယ်ရောင်းတစ်ဦးက ပြောသည်။
မော်တော်ယာဉ်များ၏ အက္ခရာ များကို အင်္ဂလိပ်အက္ခရာ ပြောင်းလဲရာ တွင်ယာဉ်တိုက်မှုများနှင့်
စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်များကိုစစ်ဆေး ရာတွင် အသုံးပြုသည့် ယာဉ်စစ်ဆေးရေးစက်
မှာ အင်္ဂလိပ်အက္ခရာကိုသာ သိရှိခြင်းကြောင့်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မီဒီ
ယာများနှင့်တွေ့ဆုံစဉ် ပြောသည်။
"ကညနက အင်္ဂလိပ်အက္ခရာ ပြောင်း လဲတဲ့နေရာမှာ ကားတင်သွင်းသူရဲ့ ပါမစ်မှာပါတဲ့ လိပ်စာ
အတိုင်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ဒေသဆိုင်ရာ အမှတ်အသား အက္ခရာအတိုကောက်
တွေကို ရိုက်နှိပ်ထားတယ်။ ကားတစ်စီး ရဲ့နံပါတ်ကိုကြည့်လိုက်တာနဲ့ ဒီကား က ဘယ်တိုင်းဒေသ
ကြီးနဲ့ ပြည်နယ်က ဆိုတာကို တစ်ခါတည်း ပြောလို့ရ တယ်" ဟု ကားအရောင်းအဝယ် လုပ် ကိုင်
သူ ဦးမင်းညွန့်က ပြောသည်။
















