ကမ္ဘာ့ပုစွန်ထုတ်လုပ်မှုများ ကျဆင်းလာပြီး၊ဈေးနှုန်းမြင့်တက်

ကမ္ဘာ့ပုစွန်ထုတ်လုပ်မှုများ ကျဆင်းလာပြီး၊ဈေးနှုန်းမြင့်တက်

အမေရိကားနှင့် ဥရောပဈေးကွက်များသို့ ပုစွန် အဓိက တင်ပို့သည့်နိုင်ငံများဖြစ်ကြသည့် တရုတ်
နှင့် အရှေ့တောင်အာရှနိုင်ငံများရှိ ပုစွန် မွေးမြူရေးကန်များတွင် ပြီးခဲ့သည့်လေးနှစ် ကျော်ခန့်မှ
စတင်၍ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပွားကာ ပုစွန်အသေအပျောက်များခဲ့ခြင်း ကြောင့် ထုတ်လုပ်
မှုကျဆင်းခဲ့ပြီး ကမ္ဘာ့ပုစွန် ဈေးမှာလည်း ပြီးခဲ့သည့်လများအတွင်း၊အမြင့် ဆုံးဈေးအထိ တက်လာ
ခဲ့သည်။

"ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းကစပြီး ထုတ်လုပ်မှုတွေကျဆင်းခဲ့တဲ့နောက်ပိုင်း ပုစွန် တွေလည်း
ရှားပါးလာပါတယ်" ဟု အရှေ့တောင် အာရှရှိ ပုစွန်မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက် ၍ ဆယ်စုနှစ်
တစ်ခုကျော်ကြာ အတွေ့အကြုံရှိပြီဖြစ်သည့် ဩစတြေးလျနိုင်ငံ အခြေစိုက် မွေးမြူရေးနှင့် ရေလုပ်
ငန်းဆိုင်ရာ ကုမ္ပဏီ ျွငိူနပ ဗဆကေ်နနိ မှ အကြံပေးအရာရှိဖြစ်သူ မက်သယူး ဘရစ်ခ်က ပြောသည်။

လတ်တလောဖြစ်ပေါ်လျက်ရှိသည့် သက်တမ်း မစေ့မီ သေဆုံးသည့်ရောဂါ Early Mortality
Syndrome (EMS) သည် ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံရှိ ပုစွန်မွေးမြူရေးကန်များအတွင်း စတင်
ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများသို့ တဖြည်းဖြည်း ကူးစက်ပျံ့နှံ့
လာခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာ့ပုစွန်ပြည်ပတင်ပို့ ဈေးကွက်၏ ရ၀ ရာခိုင်နှုန်းကို အဆိုပါ လေးနိုင်ငံ က
ရယူထားကြောင်း ကမ္ဘာ့ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ Food and Agricultural
Organization (FAO) ၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။

ကမ္ဘာ့ပုစွန် ဆိတ် ဈေးကွက်အတွင်း ပြည်ပတင်ပို့မှုကို ဦးဆောင်လျက်ရှိသည့် ထိုင်းနိုင်ငံ၏ ပုစွန်
မွေးမြူရေးလုပ်ငန်းများတွင် ၂၀၁၂ ခုနှစ်ကုန် ပိုင်းတွင် နြှ ရောဂါ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

"ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ကျွန်တော့်ရဲ့ မွေးမြူရေးကန်မှာ ဒီရောဂါစဖြစ်တာပါ။ စုစု ပေါင်းထုတ်
လုပ်နှုန်းရဲ့ ၈၀ ရာနှုန်းလောက် ဆုံးရှုံးခဲ့ရပါတယ်" ဟု ထိုင်းနိုင်ငံအရှေ့ပိုင်း ချန်တာပူရီဒေသရှိ
ဆူရီရပ်သ် ပုစွန်မွေးမြူ ရေးလုပ်ငန်း၏ ဥက္ကဋ္ဌဖြစ်သူ ပရာယွန် ဟွန်ဂရပ် က ပြောသည်။

၎င်းက မွေးမြူရေးကန်အတွင်းရှိ ရေမှာ ရောဂါပိုး ပျံ့နှံ့နေသည့်အတွက် လုပ်ငန်းလည် ပတ်နိုင်ရန်
ပြင်ပမှရေသစ်ကို ထည့်သွင်းမွေးမြူ ရန် လိုအပ်ကြောင်း ပြောသည်။ ပြီးခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်
ကျော် သုံးဆယ်အတွင်း စီးပွားဖြစ်ပုစွန်မွေးမြူရေးလုပ် ငန်းတွင် ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုးမွှား
များကြောင့် ကူးစက် ပြန့်ပွားသည့် ကပ်ရောဂါနှင့် ရောဂါအမျိုး ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး EMS ရောဂါမှာ
နောက်ဆုံးဖြစ်ပွားလျက်ရှိသော ရောဂါ ဖြစ်ကာ သိပ္ပံပညာရှင်များကိုယ်တိုင်ပင် ယခု အချိန်အထိ
အဖြေမရှာနိုင်သေးပေ။

သို့သော်လည်း FAO ၏ သုတေသနပြုလုပ် ချက်များတွင် အဆိုပါရောဂါမှာ ဘက်တီးရီး ယားပိုး
တစ်မျိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ကာ ထိုရောဂါကြောင့် ပုစွန်များမှာ အရွယ်မတိုင်မီ သေဆုံးကြ
သော်လည်း လူကိုမူ အန္တရာယ်မဖြစ် စေနိုင်ကြောင်း ဖော်ပြခဲ့သည်။

"အခုရောဂါက တော်တော်တော့ ဆန်းပါ တယ်။ အရင်တုန်းကဖြစ်ခဲ့တဲ့ ရောဂါတော်တော်များများ
က ပုစွန်ကို ဗိုင်းရပ်ရောဂါပိုးကူး စက်တာမျိုးပါ။ နြှ ကတော့ အဲဒီလိုမဟုတ်ဘဲ ပုစွန်အကောင်ထဲမှာ
ရှိတဲ့ ဘက်တီးရီးယားပိုး တစ်မျိုးကို အရင်ကူးစက်ပြီး နောက်ပိုင်းမှာ ပုစွန် ရဲ့ကိုယ်တွင်းမှာ အဆိပ်
သင့်ပြီး စောစောစီးစီး သေတော့တာပါပဲ" ဟု ဘန်ကောက်မြို့ရှိ၊ FAO ရုံးချုပ်မှ ငါးလုပ်ငန်းဆိုင်ရာ
အကြီးတန်းအရာရှိဖြစ်သူ ဆိုင်မန် ဖန်ဂါ စမစ်က ပြောသည်။

"အခုတော့ ဒီရောဂါနဲ့ပတ်သက်လို့ ဓာတ်ခွဲခန်းထဲမှာ ရောဂါပိုး မွေးထားတာလောက်ပဲ လုပ်နိုင်ပါ
သေးတယ်" ဟု ၎င်းက ပြောသည်။ ယခင်က အာရှတိုက်မျိုးရင်း ဖြစ်သည့် ကျားပုစွန်မျိုးကို အာရှ
တိုက်တွင်းနိုင်ငံများရှိ ပုစွန်မွေးမြူရေးလုပ်ငန်းများတွင် ကျယ်ကျယ် ပြန့်ပြန့် မွေးမြူကြသော်လည်း
၂၀၀၁ ခုနှစ်မှ စတင်ကာ ရောဂါကူးစက်ခံရမှု ရာနှုန်းနည်းသည့် တောင်အမေရိကဒေသပေါက်
ပုစွန်ဖြူကို ပြောင်းလဲမွေးမြူလာကြသည်။

ထိုသို့ ပြောင်းလဲ မွေးမြူခြင်းကြောင့်လည်း ကမ္ဘာ့ ပုစွန်ဈေးကွက်၏ ပြည်ပတင်ပို့မှုတွင် အာရှနိုင်ငံ
များကသာ လွှမ်းမိုးထားနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကျယ်ပြန့်စွာမွေးမြူလာခဲ့ခြင်းနှင့် အတူ ပုစွန်အထွက်နှုန်း မြင့်တက်လာခဲ့ကာ နောက်ဆုံးတွင် မွေးမြူရေးကန်အတွင်း အကောင် အရေ
အတွက်များကာ ပြည့်ကျပ်လာခဲ့ပြီး နောက်ဆုံးတွင် ကန်များမသန့်ရှင်းမှုကြောင့် ရောဂါများ
ဆက်တိုက်ဖြစ်ပွားကာ အဖြေရှာမရ နိုင်သည့် EMS ရောဂါ ဖြစ်ပွားလာခြင်းဖြစ် ကြောင်း
ထိုင်းနိုင်ငံ အအေးခန်းအစားအစာ အသင်းဥက္ကဋ္ဌ အရမ်ဝပ်တနာနွန့်က ပြောသည်။

"ဒီရောဂါက ဘုရားသခင်က ဖန်ဆင်းလိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့တွေ
တော်တော်လေးကို လောဘတက်ခဲ့ကြ တာကိုး" ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့်နှစ်၊ထိုင်းနိုင်
ငံ၏၊ပုစွန်ထုတ်လုပ် မှုမှာ တန် ၄၈၅,၀၀၀ ရှိခဲ့ပြီး ၈၀ ရာခိုင်နှုန်းကို ပြည်ပ တင်ပို့ခဲ့သော်လည်း
ယခုနှစ်ပုစွန်ထုတ်လုပ်မှုမှာ တန်ချိန် ၂၇၀,၀၀၀ သာ ရှိနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။

"ပုစွန်လုပ်ငန်း အနာဂတ်၊ကောင်းဖို့၊ ထိုင်း အပါအဝင် ပုစွန်မွေးမြူတဲ့နိုင်ငံတိုင်း၊ ရေရှည် မှာ၊
အကောင်ရေ ဘယ်လောက်ကို၊ကန်ထဲမှာ မွေးသင့်တယ်ဆိုတာကို အဖြေရှာဖို့ လိုလာပါပြီ" ဟု
အရမ်ဝပ်တနာနွန့်က ပြောသည်။

EMS ရောဂါ မဖြစ်ပွားခင်က တရုတ်နိုင်ငံ၏ ပုစွန်ထုတ်လုပ်မှုမှာ နှစ်စဉ် တန်ချိန်ပေါင်း ၁ ဒသမ ၅
သန်းကျော်ရှိကာ ယင်းမှ တန်ချိန် ၂၀၀,၀၀၀ ကျော်ကို ပြည်ပဈေးကွက်သို့တင်ပို့ ကြောင်း တရုတ်
ရေထွက်ကုန် ထုပ်ပိုးသန့်စင်ရေးလုပ်ငန်း ဒုဥက္ကဋ္ဌ ကျူအီက ပြောသည်။ နြှ ရောဂါ ပျံ့နှံ့ဖြစ်ပွားပြီး
နောက်ပိုင်းတွင် တရုတ်နိုင်ငံသည် ပြည်တွင်းစားသုံးမှုဖူလုံစေရန် အိန္ဒိယနှင့် အီကွေဒေါနိုင်ငံများမှ
ပုစွန် များ ပြန်လည်တင်သွင်းခဲ့ရသည်။

အလားတူပင် ဗီယက်နမ်နိုင်ငံမှာလည်း နိုင်ငံ တွင်း ပုစွန်မွေးမြူရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ
ပုံမှန်လည်ပတ်နိုင်ရန် ပြည်ပမှ ပုစွန် များ ပြန်လည်တင်သွင်းကာ လုပ်ကိုင်နေခဲ့ရ သည်။

ပြည်တွင်း ထုတ်လုပ်မှုပမာဏ ကျဆင်း ခဲ့သော်လည်း ပုစွန်ဈေးနှုန်းမှာ နိုင်ငံတကာဈေး ကွက်တွင်
မြင့်တက်လာမှုကြောင့် ယခုနှစ် ပထမ ခုနစ်လအတွင်း ပြည်ပတင်ပို့မှုမှ စုစုပေါင်း အမရိကန် ဒေါ်
လာ ၁ ဒသမ ၄ ဘီလျံခန့် ရရှိခဲ့ပြီး ထိုပမာဏမှာ နှစ်အလိုက်နှိုင်းယှဉ်မှု အရ ၁၄ ဒသမ ရ ရာနှုန်း
မြင့်တက်လာကြောင်း ဗီယက်နမ်နိုင်ငံပင်လယ်စာထုတ်လုပ်ရောင်းချသူများအသင်းက ပြောသည်။

သို့သော် ထိုကဲ့သို့တင်ပို့မှုများအနက် ပြည်ပ နိုင်ငံများမှ တင်သွင်းကာ မွေးမြူခဲ့သည့်ပုစွန် များမှ
မွေးမြူထုတ်လုပ်ခြင်းများလည်း ပါ၀င်ခြင်း ဖြစ်ပြီး နိုင်ငံအနေဖြင့် ပြည်ပမှတင်ပို့သည့် စုစုပေါင်း
အရင်းအနှီးငွေမှာ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ရှိခဲ့သည်။ နှစ်စဉ် ပုစွန်တန်ချိန် ၈၀,၀၀၀ ခန့်
ထုတ်လုပ် လေ့ရှိသော မလေးရှားနိုင်ငံတွင်လည်း EMS ကပ်ရောဂါဒဏ်ကို ရင်ဆိုင်နေရဆဲ ဖြစ်ပြီး
စီးပွားဖြစ်ထုတ်လုပ်မှုမှာလည်း ၄၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

"အဓိက လုပ်ရမှာကတော့၊ဒီရောဂါကို ကျော်လွှားနိုင်ဖို့ပါ" ဟု မလေးရှားပုစွန်လုပ်ငန်း အသင်း
ဥက္ကဋ္ဌ ဆာအိဒ်က ပြောသည်။ ကျွမ်းကျင်သူများကလည်း နြှ ရောဂါ ကင်းသည့်နိုင်ငံများမှ၊ပုစွန်
တင်သွင်းခြင်းမှာ ရေရှည်ပြဿနာကိုဖြေရှင်းနိုင်သည့်နည်းလမ်း မဟုတ်ကြောင်း သတိပေးကြ
သည်။

အဆိုပါ EMS ရောဂါမှာ မေလအတွင်း ကလည်း မက္ကဆီကိုနိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ ပြီး လက်ရှိ
တွင် ဘင်္ဂလားဒေ့ရှ်၊ အီကွေဒေါ၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံများတွင်လည်း တွေ့ရှိသည့် သတင်း
များ ပေါ်ထွက်လာပြီ ဖြစ်သည်။

"တခြားနိုင်ငံတွေကို၊ဒီရောဂါ၊ကူးစက်လာခဲ့ ရင်ပုစွန်တွေလည်း ရှေ့လျှောက် တော်တော်ကို
ရှားပါးလာတော့မှာပါ" ဟု မက်သယူးဘရစ်ခ်က ပြောသည်။

(ဘန်ကောက်ပို့စ်) 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး