မြန်မာနိုင်ငံ၏ မကြာမီက စတင်ခဲ့ သည့် ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံ ၏ စီးပွားရေးကို သိသိ
သာသာ တိုးတက် လာစေကြောင်း အကြံပေးကုမ္ပဏီ Michael Nesbitt က သုံးသပ်သည်။
အခြေခံအဆောက်အအုံ မပြည့်စုံ ခြင်းနှင့် အိမ်ခြံမြေဈေးနှုန်း မြင့်မားခြင်း တို့သည် ပြည်ပရင်းနှီး
မြှုပ်နှံသူများ ၀င် ရောက်ရန် ကြန့်ကြာနေစေသည့် အဟန့်အတားများအဖြစ် ဆက်လက်တည်
ရှိနေသော်လည်း ဘဏ်လုပ်ငန်း များ ခေတ်နှင့်အမီ ပြောင်းလဲခြင်း၊ နည်းပညာဆက်သွယ်ရေး
လုပ်ငန်းကို ပုဂ္ဂလိကလုပ်ကိုင်ရန် ဖွင့်ပေးခြင်းနှင့် အာမခံလုပ်ငန်းတွင် ဖြေလျှော့ပေး ခြင်းစသည့်
ပြုပြင်ပြောင်းလဲမှုများ သည် မြန်မာ့စီးပွားရေး အဆင့်ဆင့်ပြောင်းလဲတိုးတက်ရေးအတွက် အရေး
ပါသည့် အခန်းကဏ္ဍမှ ပါ၀င်နိုင်ကြောင်း အဆိုပါ အကြံပေးကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်
ခံစာရေးသားထုတ်ပြန်ရေး မန်နေဂျာ Mr Nesbitt က ပြောသည်။
"ကိုကာကိုလာနဲ့ ယူနီလီဗာလို ကမ္ဘာ့ ဈေးကွက်ဝင် ကုမ္ပဏီကြီးတွေနဲ့ တခြား ကုမ္ပဏီငယ်တွေ
၀င်လာတာဟာ မြန်မာ့ ဈေးကွက်ကို ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည် မှု ပိုရှိလာတာ ပြနေတာပါ"
ဟု သတင်း စာရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။
Mr Nesbitt သည် အကြံပေးကုမ္ပဏီ ၏ '၂၀၁၄ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ' နှင့် ပတ်
သက်သည့် သတင်းစာရှင်းလင်းပွဲ မတိုင်မီ သုတေ သနပြု လုပ်ရာတွင် သမ္မတရုံးဝန်ကြီး ဌာန
၀န်ကြီးဦးစိုးသိန်းနှင့် တွေ့ဆုံခဲ့ပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် သက် ဆိုင်သည့် လုပ်ငန်းများနှင့်
ပတ်သက် ပြီး ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံရှိ စီးပွားရေး၊ အခြေခံ အဆောက်အအုံ၊ ဘဏ်လုပ်ငန်းနှင့် အခြားကဏ္ဍများ၏ ဖွံ့ဖြိုး
တိုးတက်မှု နှင့် ပတ်သက်သည့် အသေးစိတ် အချက် အလက်များ ပေးနိုင်ရန် အဆိုပါအစီရင်
ခံစာကို ရေးသားခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြော ကြားခဲ့သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ်သည် လုပ်ငန်းလုပ်ပိုင်ခွင့်ရ ကာလအတွင်း ရင်းနှီးမြှုပ်နှံသူ
များ၏ လုပ်ငန်းများအား နိုင်ငံပိုင်သိမ်းခြင်း နှင့် စာချုပ်ဖျက်သိမ်းခြင်း စသည့်ကိစ္စ များ ပေါ်ပေါက်
မလာစေရန်လည်း အာမခံပေးထားကြောင်း ဦးစိုးသိန်း ပြောသည်။ ထို့ပြင် စာချုပ်သက်တမ်း
ပြည့်သွား ပါက ရင်းနှီးမြှုပ်နှံသူများသည် ၎င်း တို့၏ ငွေရင်းကို ပြန်လည်လွှဲပြောင်း ရယူနိုင်သည်
ဟု ၎င်းက ပြောသည်။
စီးပွားရေးအရ အရေးယူမှုများသည် မြန်မာနိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝ
မရှိကြောင်းနှင့် ပြုပြင် ပြောင်းလဲမှုများကို ဆက်လက်ဆောင် ရွက်သွားမည်ဟု ၎င်းက ပြောကြား
ခဲ့သည်။
(oxfordbusinessgroup.com)
















