မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုနျင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်ရည်ရွယ်ကာ အိန္ဒိယအစိုးရ
ပိုင်ဘဏ်တစ်ခု ဖြစ်သော အိန္ဒိယပို့ကုန်သွင်းကုန်ဘဏ် EXIM ဘဏ်ရုံးခွဲကို ရန်ကုန်မြို့တွင် စက်တင်
ဘာလ ၉ ရက်နေ့က ဖွင့်လှစ် လိုက်သည်။
၂၀၁၂ ခုနှစ်၊ ဗမလအတွင်းက အိန္ဒိယ ၀န်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက် ခဲ့ပြီး မြန်မာ့နိုင်ငံကြား
ကုန်သွယ်မှုဘဏ်နျင့် ယင်းဘဏ်တို့အကြား စီမံကိန်း ၁၆ ခုအတွက် စုစုပေါင်းဒေါ်လာသန်း ၅၀၀
တန် သဘောတူစာချုပ်ကို ရေးထိုး ခဲ့ကြသည်။
ထို့ကြောင့် ယင်းဘဏ်သည် အိန္ဒိယ အစိုးရ၏ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံတွင်းလုပ်ဆောင်နေသော
ရထားလမ်းဖောက်လုပ်ခြင်း၊ ဆက်သွယ်ရေး၊ စွမ်းအင်နျင့် မော်တော်ယာဉ်ထုတ်လုပ်ရေး ကဏ္ဍ
စသည်တို့အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၄၇ သန်းထည့်ဝင်ပြီး အိန္ဒိယကုမ္ပဏီများ မြန်
မာနိုင်ငံ တွင် တည်ထောင်နိုင်ရန်လည်း ကူညီ ဆောင်ရွက်မှုများပေးကာ အထောက် အပံ့များ
လည်း ပေးခဲ့သည်။
EXIM ဘဏ်၏ ဦးဆောင်ညွှန်ကြား ရေးမှူး မစ္စတာရမ်ဂါနစ်သမ်က နျစ်နိုင်ငံ ကုန်သွယ်မှုမှာ လျင်
မြန်စွာမြင့်တက်လာ ခဲ့ပြီး မြန်မာနိုင်ငံ၏ ပို့ကုန်များသည် အိန္ဒိယနိုင်ငံအတွက် ဒုတိယအကြီးမား
ဆုံး ဈေးကွက်ဖြစ်ကြောင်း ပြောသည်။
၂၀၁၂ တစ်နှစ်လုံးအရ အိန္ဒိယနှင့် မြန်မာ၏ စုစုပေါင်းကုန်သွယ်မှုမှာအမေရိကန်ဒေါ်လာ ၁ ဒသမ
၈ ဘီလျံရှိပြီး လွန်ခဲ့သော ဆယ်နှစ်ကျော်က ဒေါ်လာသန်း ၄၀၀ သာရှိခဲ့သည်။
၂၀၁၁ ခုနှစ်၊ စက်တင်ဘာလအတွင်း ကလည်း ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ဒေါ်လာ သုံး
ဘီလျံအထိရောက် ရှိရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး
ချုပ် ဦးမြင့်ဆွေက ပြောသည်။
"မြန်မာနိုင်ငံရဲ့ ဈေးကွက်ကလည်း ပွင့်လင်းမြင်သာလာပြီဖြစ်တဲ့အတွက် ဒီကုန်သွယ်မှုမျှော်မှန်းချက်
က ပြည့်မီလာနိုင်ပါတယ်"ဟု ၎င်းက ပြောသည်။ အိန္ဒိယနိုင်ငံသို့ သစ်နှင့် သစ် အချောထည်များ၊
မီးသွေးနျင့် ပဲမျိုးစုံ အစရှိသော စိုက်ပျိုးရေးထွက် စား သောက်ကုန်များ၏ ၉၅ ရာခိုင်နှုန်းမှာ မြန်မာ
နိုင်ငံမှ တင်ပို့ခြင်းဖြစ်ပြီး အိန္ဒိယ မှ ဆေးပစ္စည်း၊ သံနှင့် စတီးပစ္စည်းများ၊ အီလက်ထရွန်းနစ်ပစ္စည်း
စသည်တို့ကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည်။
အိန္ဒိယ၏ မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံမှုသည် ၂၀၀၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၃ ခုနှစ်၊ မတ်လအထိ
ဒေါ်လာ ၁၉၂ သန်း သာရှိသေးသော်လည်း ဆက်သွယ်ရေး ကဏ္ဍ၊ အခြေခံအဆောက်အအုံ၊ ဟို
တယ်နှင့် ခရီးသွားလာရေး၊ ဏိုက်ပျိုး မွေးမြူရေး၊ သတ္တုတွင်းနျင့် အခြား သယံ ဇာတတူးဖော်မှုများ
နှင့် ဘဏ္ဍာရေး လုပ်ငန်းများတွင် ထပ်မံဝင်ရောက်လာ နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးမစ္စတာ Gautam Mukhopadhaya က နှစ်နိုင်ငံ
ကုန်သွယ်မှုအတွက် ရေကြောင်းဖြင့် သွား လာနိုင်သည့် အခွင့်အလမ်းပေါင်းများ စွာရှိနေပြီး
အိန္ဒိယ၏အရှေကမြောက် ဘက်ဒေသတွင် တည်ရှိသော ဘင်္ဂလား ပင်လယ်အော်ကိုဖြတ်ကာ
မြန်မာနိုင်ငံ အရှေကဘက် ပင်လယ်ဆိပ်ကမ်းမြိုကဖြစ် သည့် စစ်တွေမြို့သို့ ကူးသန်းရောင်းဝယ်
နိုင်မည့် စီမံကိန်း ဖော်ဆောင်လျက်ရှိ ပြီး ယင်းမှတစ်ဆင့် အရှေကတောင်အာရှ သို့ စီးပွားရေးချဲ့
ထွင်နိုင်မည်ဖြစ်ကြောင်း ပြောသည်။
"မြန်မာနိုင်ငံဟာ လာမယ့်နှစ်တွေ မှာ အရှေကတောင်အာရှတစ်ခုလုံးရဲ့ အဓိကစီးပွားရေးဆက်
သွယ်ချက်ဖြစ်လာနိုင်ပါတယ်။ အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားလာရှိတဲ့
အပေါ်မှာ စိတ်ဝင်စားပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ အရမ်းစိတ်ဝင်စားပါတယ်"ဟု ၎င်းက
ပြောသည်။

















