တရုတ်-အာဆီယံ ကုန်စည် ပြပွဲ၌ မီဒီယာထူးချွန်ဆုကို မြန်မာတိုင်း(မ်) ရရှိ

တရုတ်-အာဆီယံ ကုန်စည် ပြပွဲ၌ မီဒီယာထူးချွန်ဆုကို မြန်မာတိုင်း(မ်) ရရှိ

ဆယ်ကြိမ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွင်း နှစ်စဉ်အောင်မြင်စွာ
ကျင်းပ နိုင်ရန် ပါ၀င်ကာ သတင်းဆောင်းပါး များ ရေးသားပေးခြင်းအတွက် ထူးချွန် သောမီဒီယာ
နှင့် သတင်းထောက်များ ကို ဆုများပေးအပ်ခဲ့ရာ မြန်မာတိုင်း(မ်) က ဆယ်စုနှစ်ကြာထူးချွန်စွာ
မီဒီယာ ပါ၀င်မှုဆုကို လက်ခံရရှိခဲ့သည်။

"ဒီကုန်စည်ပြပွဲကြီး ဟာ နိုင်ငံတကာ အသိ အမှတ်ပြုမှု အများဆုံးရ ကုန်စည်ပြပွဲတွေထဲက တစ်ခု
ဖြစ်နေပါပြီ။ ဒါဟာ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံများက မီဒီယာတွေရဲ့ ကြီးမား တဲ့ ထောက်ပံ့ပါ၀င်
မှု မရှိဘဲ ဘယ်လိုမှ မဖြစ် နိုင်ပါဘူး"ဟု ကုန် စည်ပြပွဲ ကျင်းပရေး ကော်မတီ၏ တွဲဖက် အထွေထွေ
အတွင်း ရေးမှူး မစ္စတာဝမ်လီ ကပြောသည်။

တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သတင်း နှင့် ပြန်ကြားရေးကောင်စီမှ ဒုတိယ ညွှန်ကြားရေးမှူး မစ္စတာ
၀မ်ကျိုးကွမ်က သတင်းဌာန များနှင့် သတင်းထောက်များက တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ
အကြား ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ပေးသကဲ့သို့ ပထမအကြိမ် ကုန်စည်ပြပွဲ ကျင်းပစဉ်က
ပင် နိုင်ငံ တကာ၏ စိတ်ဝင်စားမှုကို အချိန်တို အတွင်းတွင် အများဆုံးရရှိအောင် ဆောင်ရွက်နိုင်
ခဲ့ကြောင်းပြောသည်။

"ပြီးခဲ့တဲ့ ကုန်စည်ပြပွဲတွေအတွင်း မှာလည်း မီဒီယာများရဲ့ ကြိုးပမ်းမှု ကြောင့် ပိုပိုပြီးကောင်းမွန်တဲ့
ကူးသန်း ရောင်းဝယ်မှုတွေကို ပြုလုပ်နိုင်ခဲ့တယ်။ အခုနှစ်မှာ ဆိုရင်တော့ ထူးခြား မှတ်သား ဖွယ်
ကောင်းလောက်အောင်ကို စီးပွားရေးနဲ့ အာဆီယံဒေသတွင်း ကူးလူးဆက်ဆံရေးတွေမှာ ပိုမို တိုး
မြှင့်နိုင်ခဲ့ပါပြီ။ နောက်နှစ် တွေမှာ ဆက်လက်ပြီး နှစ်စဉ် ကျင်းပသွားမယ့် ကုန်စည် ပြပွဲတွေမှာလည်း
အတွေး အခေါ်တွေနဲ့ ပိုမိုကောင်းမွန် တဲ့ သတင်းဆောင်းပါးတွေ ရေးသားပြီး တရုတ်နဲ့ အာဆီယံ
နိုင်ငံများအကြား နှစ်ဦး နှစ်ဖက် ပူးပေါင်းဆောင်ရွက် ရေးနဲ့ ဆက်ဆံရေးများ တွေမှာ ပါ၀င်နိုင်ဖို့
မျှော်လင့် ပါတယ်"ဟု ၎င်းကပြော သည်။

ကုန်စည်ပြပွဲ ကျင်းပ သော နှစ်များအတွင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တရုတ်နိုင်ငံ၊ အာဆီ
ယံအဖွဲ့ဝင်နိုင်ငံ များ အပါအဝင် အခြား နိုင်ငံပေါင်း ၁၀၀ ကျော်မှ မီဒီယာပေါင်း ၁,၀၀၀ ကျော်
တက်ရောက် သတင်းယူခဲ့ပြီး ယခုနှစ် ကုန်စည်ပြပွဲတွင် အဆိုပါ သတင်းမီဒီယာများအနက်မှ
ဆယ်နှစ် တာ ကုန်စည်ပြပွဲအောင်မြင်အောင် ပါ၀င် ထောက်ပံ့ခဲ့သည့်အတွက် မီဒီယာထူးချွန်ဆု
၆၆ ဆုနှင့် သတင်း ထောက် ထူးချွန်ဆု ၅၆ ဆုကိုလည်း ချီးမြှင့်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး