ငွေကြေးတန်ဖိုး အပြောင်းအလဲမြန်ဆန် ခြင်းကို ထိန်းညှိနှိုင်ရန်အတွက် ဘဏ် အချင်းချင်း ကျပ်ငွေ
ရောင်းဝယ်မှုကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်နိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူ တစ်ဦးက
ပြောသည်။
"ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ငွေ ကြေးဖောင်းပွတာကို ထိန်းပေးနိုင် မယ််"ဟု ၎င်းက ပြောသည်။
ဩဂုတ်လဆန်းပိုင်းက စတင်ခဲ့သည့် နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားမှု ကြောင့် အချိန်နှင့်အမျှ
ပြောင်းလဲနေ သော တရားဝင်ငွေလဲနှုန်းကို သိလိုပါ က ဘဏ်များ၏ ၀က်ဘ်ဆိုက်များ၊ အလို
အလျောက်ဖြေကြားသော ဖုန်းလိုင်း များမှတစ်ဆင့် သိခွင့်ရမည်ဖြစ်ပြီး ဘဏ်အချင်းချင်းလည်း
မျှတသောယှဉ် ပြိုင်မှု ရှိလာကြောင်း ၎င်းကပြောသည်။
"ဒီလို ပွင့်လင်းမြင်သာအောင် လုပ် ပေးလိုက်တဲ့အတွက် အရင်လို တစ်ယောက်ယောက်က ဈေး
ကွက်ကို ချုပ်ကိုင်ပြီး ကစားတာမျိုး မလုပ်နိုင်လောက် တော့ဘူး"ဟု ၎င်းက ပြောသည်။ လက်ရှိ
အခြေအနေအရ ငွေလဲနှုန်း ကို ဘဏ်အချင်းချင်းရောင်းဝယ်နေသ ကဲ့သို့ ဗဟိုဘဏ်နှင့်လည်း
အရောင်းအဝယ်လုပ်နိုင်သဖြင့် ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနေမည်ဟု ၎င်းက ပြော
သည်။
ဇွန်လနှင့် ဇူလိုင်လဆန်းပိုင်းက တစ် ဒေါ်လာလျှင် ကျပ် ၁,၀၀၀ အထိ မြင့်တက်သွားခဲ့သော်လည်း
ယခုအချိန်တွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ၀င်ရောက်လာသော ငွေကြေးများ၊ ဟိုတယ်နှင့် ခရီး
သွားလာရေး၊ ပို့ကုန်ရ ၀င်ငွေ၊ နိုင်ငံတကာ ငွေလွှဲကုမ္ပဏီများမှ ၀င်ရောက်လာသည့် ငွေကြေးများ
ကြောင့် ဈေးကွက်အတွင်း ဒေါ်လာ ၀င်ရောက်မှုများကာ ဒေါ်လာဝယ်လိုအားနည်းပါးနေသော်လည်း
တန်ဖိုးထပ်မံကျ ဆင်းမှုမဖြစ်စေရန် ဗဟိုဘဏ်က ထိန်းညှိ ပေးနေကြောင်း ၎င်းကပြောသည်။
သမဝါယမဘဏ် ဦးဆောင်ညွှန်ကြား ရေးမှူး ဦးဖေမြင့်က ယခုစတင်လိုက်သော နိုင်ငံခြားငွေရောင်း
၀ယ်မှုမှာ နိုင်ငံတကာ နှင့်ယှဉ်လျှင် ၂၀ ရာခိုင်နှုန်းသာ ပီပြင် သေးကြောင်းနှင့် နိုင်ငံတကာဘဏ်
များနှင့် ငွေကြေးရောင်းဝယ်ခြင်းကဲ့သို့ ချိတ်ဆက်မှုများလည်း လိုအပ်နေသေးကြောင်း ပြောသည်။
















