ရန်ကုန်ကားဈေးကွက်အတွင်း နယ်ဝယ် လက် အဆင်းများလာပြီး အရောင်းအဝယ်ပြန်ကောင်း
လာကာ အက္ခရာစလစ်နှင့် တက္ကစီစလစ် ဈေးနှုန်းများ မြင့်တက်လာ ဖွယ်ရှိကြောင်း ကားဝယ်
ရောင်းလုပ်ကိုင်သူများက ပြောသည်။
"ဈေးကွက်က အရောင်းအဝယ် ပြန် သွက်လာတယ်။ နယ်ဝယ်လက်တွေ က အမြင့်ကားတွေကို
ကြည့်တာများ တယ်။ Hilux Surf နဲ့ Toyota Belta လိုကားမျိုးတွေကို အမေးများ သလို
အဝယ်လည်းရှိခဲ့တယ်။ ြမေု ှုှု တွေ ဃမသတည တွေလည်း ရောင်းရတယ်"ဟု ကားဝယ်ရောင်း
လုပ်ကိုင်သူ တစ်ဦးက ပြောသည်။
နယ်ဝယ်လက် အဆင်းများလာသဖြင့် အိမ်စီးဇိမ်ခံကားများအပါအဝင် လုပ်ငန်းသုံးကားများလည်း
အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။ "ပြီးခဲ့တဲ့တစ်ပတ်က
ဈေးကွက်ထဲမှာ ၁၁၅ သိန်းပေါက်ဈေးရှိတဲ့ ှုျကဖက ၂၀၁၃ မော်ဒယ် ဒီဇယ်ဘောက်စ်ကားက ဒီတစ်
ပတ် ၁၂၅ သိန်းနဲ့ အရောင်းအဝယ်ပြန်ဖြစ်ခဲ့တယ်။ လုပ်ငန်းသုံးကားတွေဖြစ်တဲ့ ဘောက်စ်ကားတွေ
၊ နောက်ပွင့် ကားတွေကတော့ ဈေးကွက်ထဲမှာ သိန်း တစ်ရာ ပတ်ချာလည်လောက်ပဲရှိ တယ်။ ခွေး
ဘီလူးကားတွေကတော့ ဒီတစ်ပတ် အရောင်းအဝယ်မရှိတော့ ပါဘူး။ ချောင်းသာ၊ ငွေဆောင်နဲ့
တောင်ကြီးတို့ဘက်ကနေပြီး အဝယ် ဆင်းတာ ရှိတယ်။ အရင်တစ်ပတ်က တစ်စီးကို ၁၀ သိန်း
တောင် လျှော့ရောင်း တာကို ၀ယ်မယ့်သူမရှိဘူး။ ဒီတစ်ပတ် မူလဈေးနှုန်းအတိုင်း ပြန်ရောင်း
တော့မှ ၀ယ်လက်ရှိပြီး အရောင်းအဝယ်ဖြစ်ခဲ့ တယ်"ဟု ကားအရောင်းအဝယ် လုပ် ကိုင်သူ
ကိုသက်ခိုင်က ပြောသည်။
ယခုလ ၅ ရက်နေ့မှ စတင်၍၊တက္ကစီ ကားများအပ်နှံမှုကို ဆိုင်းင့ံထားခြင်း ကြောင့် စလစ်ဈေးများ
မြင့်တက်လာ နိုင်ဖွယ်ရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။ "သက်ဆိုင်ရာက လောလော
ဆယ် တက္ကစီကားအပ်နှံမှုကို စက်တင်ဘာလ ၅ ရက်နေ့ကစပြီး ခဏရပ်ထားတယ်လို့ သိရတယ်။
အဲဒီသတင်းကြောင့် စလစ် ဈေးက အခုဈေးကွက်ထဲမှာ ကျပ် ၆၈ သိန်းကနေ သိန်း ရ၀ ကျော်ကို
တက် သွားနိုင်တယ်။ အစိုးရရဲ့ မူဝါဒတစ်ခု အပြောင်းအလဲမှာ ငွေရှိပြီးမြှုပ်နှံထားနိုင်လို့ ကြီးပွား
သွားတဲ့သူတွေ ရှိသလို အရင်းအနှီးကြီးကြီးမြှုပ်နှံထားပေမယ့် လည်း အဆုံးရှုံးများပြီး နောက်ဆုံး
စိတ် ကစဉ့်ကလျားဖြစ်သွားတဲ့သူတွေလည်း အများကြီးရှိတယ်"ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ
ဦးမင်းညွန့်က ပြောသည်။
သီရိမင်္ဂလာ ကားဈေးကွက်အတွင်း အမြင့်ကား အရောင်းအဝယ်မှာ နယ်ဝယ် လက်အဆင်းများ
သည့် ယခင်အပတ်မှ စတင်၍ အရောင်းအဝယ်ဖြစ်နေသော် လည်း ကျပ်သိန်း ၁၀၀ ၀န်းကျင်ရှိ
သည့် အနိမ့်ကားများလည်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မင်းရဲကျော်စွာကားဈေးကွက်၌လည်း
ကျပ်သိန်း ၁၀၀ အထက်ကားများဖြစ်သည့် Nissan AD Van, Honda Fit, Suzuki Swift,
Toyota Belta နှင့် Toyota Probox ကားများလည်း အရောင်းအဝယ်လိုက်လာကြောင်း
၀ယ်ရောင်း သမားများက ပြောသည်။ "ဒီတစ်ပတ်စလစ်ဈေးတွေ နည်းနည်း တက်လာတယ်။
တက္ကစီစလစ်တွေကို အခု အအပ်မခံသေးတော့ တက္ကစီပိုင် ရှင်တွေက စလစ်ဈေးကို ရ၅ သိန်း
၀န်း ကျင်လောက် ခေါ်နေကြတယ်" ဟု ကား ၀ယ်ရောင်းလုပ်ကိုင်သူ ကိုအောင်စိုးက
ပြောသည်။
ဈေးကွက်အတွင်း လက်ရှိအပ်နှံ လျက်ရှိသည့် 'သ' အက္ခရာကား အမည်ပေါက်မှာ ၁၀၆ သိန်း
ခန့်ရှိပြီး စလစ်ဈေးမှာ ၁၀၃ သိန်းဝန်းကျင်ရှိ ကာ လာမည့်လတွင်အပ်နှံရမည့် 'အ' အက္ခရာကား
ဈေးမှာ ပြီးခဲ့သည့်အပတ် ဈေး သိန်း ရ၀ ၀န်းကျင်မှ လက်ရှိတွင် သိန်း ၈၀ နှင့် ၈၅ သိန်းခန့်အထိ
ဈေးတက်လာခဲ့သည်။ ၎င်းအပြင် 'က' အက္ခရာကားဈေးမှာ ရ၅ သိန်းနှင့် သိန်း ၈၀ ၀န်းကျင်၊
အအပ်ခံပြီး ကားများ ဖြစ်သော 'န' နှင့် 'ပ' အက္ခရာကားများ မှာ သိန်း ၉၀၊ အေအေစလစ်မှာ
၆၈ သိန်း ၀န်းကျင်ရှိကြောင်း ကားဝယ်ရောင်း သမားများက ပြောသည်။
















