ယခုနှစ်အတွင်း ပဲဆီဈေးများ ဆက်တိုက်ကျဆင်းလာ

ယခုနှစ်အတွင်း ပဲဆီဈေးများ ဆက်တိုက်ကျဆင်းလာ

ယခုနှစ်အတွင်း မြေပဲဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းလျက်ရှိပြီး ရောင်းအားမှာလည်း ယခင်နှစ်
များအောက် ကျဆင်းလျက်ရှိကြောင်း မြေပဲဆီ လက်လီလက်ကား ဖြန့်ဖြူးရောင်းချသူများက ပြော
သည်။

"မြေပဲဆီကတော့ ဒီနှစ်ဈေးကျလာ တယ်။ နှစ်ဆန်းလောက်ကနေစပြီး ဆက်တိုက်ကျလာတာ အခု
ထိပဲ။ မနှစ် က အခုလိုအချိန်မှာ ပဲဆီဈေးက တစ် ပိဿာကို လက်လီဈေး ကျပ် ၄,၆၀၀ နဲ့ လက်
ကားဈေး ကျပ် ၄,၃၀၀ လောက်ရှိပေမယ့် ဒီနှစ်ဈေးကတော့ လက်လီ ၃,၆၀၀ နဲ့ လက်ကား ၃,၅၀၀
ပဲ ရှိတယ်" ဟု Summit ပဲဆီရောင်းဝယ်ရေးမှ ဦးစောလှမြင့်က ပြောသည်။

ယခုနှစ် မြေပဲဆီဈေး ကျဆင်းရခြင်း မှာ အညာဒေသထွက် မိုးမြေပဲဆန်များ  လှိုင်လှိုင် ထွက်ပေါ် လာခြင်းကြောင့် ဖြစ်ကြောင်း မြေပဲဆီလုပ်ငန်းရှင်များက ပြောသည်။ မိုးမြေပဲဆန် လက်ရှိ၀ယ်ဈေး
မှာ တစ် ပိဿာလျှင် ကျပ် ၁,၆၀၀ ခန့်ရှိပြီး နှစ်ဆန်းပိုင်းကဈေးဖြစ်သော ကျပ် ၂,၀၀၀ ခန့်မှ
ကျဆင်းလာခြင်းဖြစ်သည်။ ထို့ပြင် ယခုနှစ်အတွင်း မြေပဲဆီဈေး နှုန်းများ ကျဆင်းရခြင်းနှင့်
ရောင်းအား လျော့နည်းလာခြင်းသည် စားအုန်းဆီဈေးနှုန်းများ လျော့ကျခြင်းနှင့် စားအုန်း ဆီစား
သုံးမှုနှုန်း မြင့်တက်လာခြင်း ကြောင့်လည်းဖြစ်ကြောင်း လုပ်ငန်းရှင် များက ပြောသည်။

"အခုနောက်ပိုင်းက ဆီလုပ်ငန်းလို့ ပြောလိုက်ရင် စားအုန်းဆီမှာပဲ ရပ်သွား ကြတယ်။ တကယ်တော့
ပဲဆီ၊ နှမ်းဆီ နဲ့ ဆီစက်လုပ်ငန်းတွေလည်း အဓိက ကျပါတယ်။ ဒါပေမဲ့ စားအုန်းဆီ တင်သွင်းမှုအား
က ကောင်းလာတာနဲ့ အမျှ ပဲဆီအရောင်းအဝယ်နဲ့ ဆီစက်လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းလည်းကျဆင်း
လာတယ်" ဟု ငွေသဇင်မင်း ဆီစက်ပိုင်ရှင်ဖြစ်သူ ဦးအောင်ရွှေက ပြောသည်။

ယခုနှစ်များအတွင်း စားအုန်းဆီ စားသုံးမှုမြင့်တက်လာခြင်းကြောင့် ပဲဆီရောင်းအားသည် လွန်ခဲ့
သည့်ဆယ်စု နှစ်နှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင် နှုန်းခန့် ကျဆင်းသွားကြောင်း ဦးစောလှမြင့်က ပြော
သည်။

"၂၀၀၄ ခုနှစ်လောက်မှာ ကျွန်တော် တို့ ပဲဆီရောင်းအားက တစ်လကို ပီပါ ၅၀၀ ကနေ ၆၀၀ ကြား
လောက် ရှိတယ်။ အခုတော့ တစ်လကို ပီပါ ၁၅၀ ကနေ ၂၀၀ ကြားပဲ ရောင်းရတော့တယ်" ဟု ၎င်း
က မြန်မာတိုင်း(မ်)ကို ပြောသည်။

စားအုန်းဆီဈေးမှာလည်း လွန်ခဲ့သည့်သုံးလေးနှစ်ခန့်က တစ်ပိဿာ ကျပ် ၂,၀၀၀ ကျော်ရှိရာမှ ယခု
အခါတွင် ကျပ် ၁,၆၀၀ ၀န်းကျင်ခန့်သာ ရှိသည့်အတွက် ပဲဆီဈေးနှုန်းထက် ပိုမို သက်သာလာသော
ကြောင့် စားအုန်းဆီ စားနှုန်းမြင့်လာခြင်းဖြစ်ကြောင်း ဇွဲ ပဲဆီသန့်လုပ်ငန်းမှ အရောင်းတာဝန်ခံ ဖြစ်သူ
ကိုဇော်ရဲမင်းက ပြောသည်။

"အရင်တုန်းက စားအုန်းဆီဈေး ၂,၀၀၀ ကျော်လောက်တုန်းက ပဲဆီစားတဲ့သူတွေ နည်းနည်းများ
သေးတယ်။ အခုနောက်ပိုင်း စားအုန်းဆီက တစ် ပိဿာမှ ကျပ် ၁,၆၀၀ လောက်ပဲ ရှိတော့ ပဲဆီ
ဈေးက တစ်ဆကျော် လောက် ပိုမြင့်နေတယ်။ အခုနောက် ပိုင်းမှာ ဈေးသက်သာတဲ့ ဟင်းသီးဟင်း
ရွက်ဆီတွေကိုလည်း လူတွေ က စားလာကြတယ်။ ဒီတော့ ဒီနှစ်က ပဲဆီအရောင်းအဝယ် အေး
တယ်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ ဆောင်းတွင်း လိုရာသီမျိုးမှာ ပဲဆီက ရောင်းကောင်း နိုင်ပါတယ်။
အဲဒီအချိန်မှာစားအုန်းဆီ ကခဲပေမယ့် ပဲဆီကမခဲဘူးလေ" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ဆီစားသုံးမှုလိုအပ် ချက်မှာ တစ်နှစ်လျှင် တန်ချိန် ရှစ်သိန်းခွဲခန့်ရှိပြီး ပြည်တွင်းထုတ်
လုပ် နိုင်မှုမှာ တန်ချိန် ငါးသိန်းခန့်သာရှိ သည့်အတွက် နှစ်စဉ်ဆီစားသုံးမှု လိုအပ်ချက်မှာ တန်ချိန် သုံးသိန်းခန့်ရှိသည့်အတွက် ပြည်ပနိုင်ငံများမှ ပြန်လည်တင်သွင်းရကြောင်း မြန်မာ နိုင်ငံ ဆီလုပ်ငန်း
ရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးအောင်ရွှေက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး