အခွန်ငွေတိုးစေရန် အခွန်ကောက်ခံမှု စနစ်များ ယခုနှစ်တွင် ပြောင်းလဲသွား ရန် ကြားသိရကြောင်း
ပုဂ္ဂလိကကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။
၂၀၁၂ ၁၃ ဘဏ္ဍာနှစ်တွင် ၀င်ငွေခွန် အများဆုံးပေးဆောင်မှုတွင် ကမ္ဘောဇဘဏ်က အများဆုံးဖြစ်
ကာ ၎င်းနောက်တွင် မြန်မာဘရူဝါရီ၊ အိုင်ဘီစီတီကုမ္ပဏီလီမိတက်နှင့် မြန်မာ စီပီလိုက်ဖ်စတော့တို့
က အသီးသီးရှိနေ ခဲ့ပြီး ကုန်သွယ်ခွန်ကောက်ခံမှုတွင် မြန်မာဘရူဝါရီက အများဆုံးဖြစ်ပြီး Rothmas
Myanmar ၊ ဒဂုံအဖျော် ယမကာ၊City Mart တို့က ထိပ်ဆုံး လေး နေရာတွင် ရှိခဲ့သည်။
သို့သော် ပြည်တွင်း ရှိ နာမည်ကြီးဆောက်လုပ်ရေး ကုမ္ပဏီ များ အပါအဝင် ကုမ္ပဏီအားလုံးပါ၀င်
လာမှု မရှိသေးပေ။ "ဒါကြောင့်ဒီနှစ်ထဲမှာစောင့်ကြည့်အဖွဲ့တွေနဲ့ သေချာစစ်ဆေးမယ်လို့ သိရတယ်။
သူတို့က ကုမ္ပဏီတစ်ခု အခွန် တင်လာတာကို ဘယ်လောက်ပမာဏ ပဲဖြစ်ဖြစ် လက်ခံလိုက်တယ်။
ပြီးမှ တင် လာတဲ့နှုန်းထား ဆီလျော်မှု ရှိ မရှိကို ပြန်ပြီးစစ်ဆေးမယ်။ ဒီနှစ်ထဲမှာ အပြောင်းအလဲရှိ
မှာပါ"ဟု နိုင်ငံခြားဖက်စပ် ကုမ္ပဏီတစ်ခု၏ ငွေစာရင်းဌာန တာဝန်ခံတစ်ဦးက ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ပြည်တွင်းအခွန်များဦးစီးဌာန၏ မီဒီယာပြောရေးဆိုခွင့်ရှိသူထံသို့ ဆက်
သွယ်မေးမြန်းခဲ့သော်လည်း တယ်လီဖုန်းဆက်သွယ်မှု ကောင်းစွာ မရခဲ့ပေ။ သို့သော် ယခုနှစ်ဆန်း
ပိုင်းက အဆိုပါဌာန၏ညွှန်ကြားရေးမှူးက ကုမ္ပဏီကြီးများကိုအဓိကထားကောက်ခံမည့် အခွန်ရုံးကို
၂၀၁၄ ခုနှစ်ဧပြီလ အပြီးတည်ဆောက် ရန်ရှိကြောင်းနှင့် နောက်ပိုင်းတွင် အလယ်အလတ်နှင့်
အသေးစားကုမ္ပဏီ များအတွက်ပါ စိစစ်ကောက်ခံသွား မည်ဖြစ်ကြောင်း ပြောခဲ့သည်။
Cast consulting (Myanmar) တည်ထောင်သည့် ရှေကနေတစ်ဦးဖြစ်သူ မစ္စတာတက်ဆူအိုမူ
ယောင်းက မြန်မာ နိုင်ငံတွင် အခွန်ကောက်ခံရရှိမှုမှ ၀င်ငွေ မလုံလောက်မှုကြောင့် အစိုးရ၏ ရသုံး
မှန်းခြေစာရင်းသို့ ကောင်းစွာထည့် ၀င်နိုင်ခြင်းမရှိဘဲ အခြေခံအဆောက် အအုံများ တည်ဆောက်
ခြင်း၊ ပညာရေး နျင့် ကျန်းမာရေးတို့ အတွက်သုံးစွဲမှုတွင် များစွာအားနည်းနေသည်ဟု ထင်ကြောင်း
ပြောသည်။
ထိုသို့ အခွန်ကောက်ခံရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကျွမ်းကျင်ပြည့်ဝမှုအပြင် အခွန်ထမ်း
များ အခွန်ထည့်ဝင်ချင်လာအောင် ပညာပေး ဆွဲဆောင်ရန်လည်း လိုအပ်ကြောင်း ပြောသည်။
"အစိုးရက၊အခွန်ကောက်တဲ့နေရာ မှာ အခွန်ပမာဏကလည်း ဘတ်ဂျက် ကို ဘယ်လောက်ထည့်
၀င်နိုင်တယ် ဆိုတာ သတိထားတတ်ဖို့ လိုတယ်။ ကုမ္ပဏီကြီးတစ်ခုရဲ့အခွန်က တစ်ထောင် ကျ
တယ်ဆိုပေမဲ့ နိုင်ငံသားတစ်ဦးချင်း ကတော့ တစ်ကျပ်လောက်ပဲ ကျချင်ကျ မယ်။ ဒါပေမဲ့ နိုင်ငံ
သား အရေအတွက် ကဘယ်လောက်များတယ်ဆိုတာရယ် တစ်ဦးချင်းစီက ဘယ်လောက် ထည့်
၀င် ပေးနိုင်မယ်ဆိုတာရယ်ကို သတိချပ် သင့်တယ်"ဟု ၎င်းက ပြောသည်။
















