ပုဂ္ဂလိကဘဏ်များ၏ အတိုးနှုန်း ပြန်လည်ပြင်ဆင်ရန်နှင့် ချေးငွေ၊ အပ်ငွေ ကြား အတိုးနှုန်းကွာ
ဟချက်များနေမှုကို ထိန်းညှိသွားရန် အစီအစဉ်ရှိကြောင်း ဘဏ်အသိုင်းအဝိုင်းနှင့် ဗဟိုဘဏ်မှ
တာဝန်ရှိသူများက ပြောသည်။
စီးပွားရေးပညာရှင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များက အတိုးနှုန်း လျှော့ချပေးရန် လွန်ခဲ့
သောသုံးလခန့် က ဆွေးနွေးခဲ့သော်လည်း ဗဟိုဘဏ်အနေဖြင့် သင့်တော်သည့်အချိန် ယူရ ဦး
မည်ဖြစ်ကြောင်း ပြောသည်။ အာဆီယံနိုင်ငံများနှင့် ယှဉ်လျှင် လက်ရှိမြင့်မားနေသော အတိုးနှုန်း
ကို မြန်မာနိုင်ငံဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ ကဦးဆောင်ကာ ပြင်ဆင်သွားရန်ရှိ ကြောင်း ထုတ်
ဖော်ပြောကြားခဲ့သော် လည်း မည်သည့်အချိန်တွင် စတင် ဆောင်ရွက်မည်ကိုမူ မသိရသေးပေ။
ဘဏ်နှင့် ငွေကြေးဖွံ့ဖြိုးတိုးတက်မှုကော်မတီအတွင်းရေးမှူးဖြစ်ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စား
လှယ် တစ်ဦးလည်း ဖြစ်သူ ဦးဝင်းမြင့်က အတိုးနှုန်းနှစ်ခု တွင် အပ်ငွေ အပေါ်ထားရှိသောအတိုး
နှုန်းမှာ အဆင်ပြေသော်လည်း ချေးငွေ အပေါ်ထားသောအတိုးနှုန်းမှာ အပ်ငွေ နှင့်စာလျှင် မြင့်
မားနေကြောင်း ပြော သည်။ အခြားအိမ်နီးချင်း နိုင်ငံများ၏ ယင်းအတိုးနှုန်း နှစ်ရပ်အတွင်း ကွာခြား
မှုမှာ ပုံမှန်အားဖြင့် ဒသမ ငါး ရာခိုင်နှုန်းဖြစ်သော်လည်း ပြည်တွင်းအတိုးနှုန်းကွာခြားမှုမှာမူ ငါးရာ
ခိုင်နှုန်း ဖြစ်နေသည်။
"အတိုးနှုန်း ပြင်ဆင်တဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်တွေက ငွေချေး ပြီး သူ့တို့လုပ်ငန်းကို ရှင်သန်
အောင် လုပ်မှာဖြစ်တဲ့အတွက် အတိုးနှုန်းနိမ့် တာကို သဘောကျမှာပါ။ တစ်ဖက်မှာ လည်း ၀န်
ထမ်းလခစားတွေကျတော့ ဘဏ်အပ်ငွေအပေါ် မှီခိုနေရတဲ့အတွက် အပ်ငွေအတိုးနှုန်း အရမ်းမ
ချလိုက်ဖို့လည်း အရေးကြီးပါတယ်"ဟု ၎င်းက ပြောသည်။ ပုဂ္ဂလိကဘဏ်များ၏ အတိုးနှုန်းကွာ
ခြားမှုမှာ ပုဂ္ဂလိကဘဏ်လုပ်ငန်းများရှင်သန်ရန်အတွက် အဓိကကျပြီး အတိုးနှုန်းကျဆင်းမှုကြောင့်
၂၀၀၃ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ပြည်တွင်းဘဏ်အကျပ်အတည်းမျိုး နောက်ထပ် မဖြစ်ပေါ်စေရန်
လိုအပ်ကြောင်း ဘဏ် လုပ်ငန်းရှင်များက ပြောသည်။
ပြည်ပနိုင်ငံများတွင် ဈေးကွက်၏ ၀ယ်လိုအား ရောင်းလိုအားနှင့်အညီ အတိုးနှုန်းသတ်မှတ်ရာတွင်
မြန်မာ နိုင်ငံတွင် ဗဟိုဘဏ်ကသာ အတိုးနှုန်းသတ်မှတ်ခြင်းဖြင့် အသားကျနေခဲ့ပြီး တခြားနိုင်ငံ
များထက် အတိုးနှုန်း မြင့်မားနေခဲ့ကြောင်း အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အာရှ
နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနမှ လက်ထောက် တာဝန်ခံအရာရှိ Matt Davies က ပြောသည်။
"မြန်မာနိုင်ငံရဲ့စီးပွားရေး ဘယ် လမ်းကြောင်းကို သွားရမယ်မှန်း မသိ သေးဘဲနဲ့ အတိုးနှုန်းလျှော့
ပါလို့တော့ ပြောလို့မရဘူး။ အဲဒီအတွက် နည်းလမ်း တွေ့လာတဲ့အခါမှာ ဒီလိုလုပ်ဖို့ ဖြစ်နိုင် ပါလိမ့်
မယ်"ဟု ၎င်းကပြောသည်။
ဗဟိုဘဏ်၏ တာဝန်ရှိသူတစ်ဦးက အပ်ငွေ၏ တစ်နှစ် အတိုးနှုန်းမှာ ရှစ်ရာခိုင်နှုန်းရှိချိန်တွင်၊မြန်
မာနိုင်ငံ ၏ငွေကြေးဖောင်းပွမှုမှာ ငါးရာခိုင်နှုန်း ရှိသောကြောင့် အပြုသဘောဆောင်ကြောင်း ပြော
သည်။
ဘဏ်များ၏ ချေးငွေအတိုးနှုန်းမြင့် မားခြင်းနှင့် အပေါင်ခံပစ္စည်းတန်ဖိုး သတ်မှတ်မှု နည်းခြင်းကြောင့်
ပြင်ပ တွင် ငါးရာခိုင်နှုန်းမှ ၁၀ ရာနှုန်းအတိုး ဖြင့်ပင် ငွေချေးယူမှုများမှာ ကျပ် ဘီလျံနှင့်ချီကြောင်း
၎င်းက ပြောသည်။
စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က အပ်ငွေအတွက် လက်ရှိအတိုးနှုန်းမှာ မြင့်မား
နေသော် လည်း အတိုးနှုန်းကို ချလိုက်ပါက ငွေအပ်နှံသူများက ၎င်းတို့၏ ငွေကြေးအမြောက်အမြား
ကို ဘဏ်မှထုတ်ယူ နိုင်သဖြင့် ဘဏ်များအကျပ်အတည်း ဖြစ်ပေါ်နိုင်ကြောင်း ပြောသည်။
"အဲဒီလိုပြောလို့ရသလို အတိုးနှုန်း မြင့်တဲ့အတွက်လည်း လူတွေက အမြတ် မကျိန်းသေတဲ့ စီးပွား
ရေးလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းမျိုးတွေမှာ မလုပ်ချင်ကြတော့ဘူး။ အိမ်ခြံမြေမှာ ရင်းနှီး
မြှုပ်နှံတာ၊ ဘဏ်မှာငွေအပ်တာ မျိုးပဲ လုပ်တဲ့အတွက် ငွေကသေနေ တယ်"ဟု ၎င်းက ပြောသည်။
















