မော်တော်ယာဉ်များ အပြိုင်အဆိုင် ဈေးနှုန်း လျှော့ရောင်းချမည့် ကားပြပွဲ ကျင်းပမည်

မော်တော်ယာဉ်များ အပြိုင်အဆိုင် ဈေးနှုန်း လျှော့ရောင်းချမည့် ကားပြပွဲ ကျင်းပမည်

မော်တော်ယာဉ်များကို အပြိုင်အဆိုင် ဈေးနှုန်းလျှော့ချ ရောင်းချမည့် Yangon International
Auto Show ကားပြပွဲ ကြီးကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ
ရန်ကုန် မြို့ ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်းတွင် ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါပြပွဲကို နံနက် ၉
နာရီမှ ည ၉ နာရီအထိ ကားနှင့် ဆက်စပ်ပစ္စည်းပြခန်း စုစုပေါင်း ၄၀၀ ကျော်ဖြင့် ကျင်းပ သွားမည်
ဖြစ်သည်။

ပြည်ပမှ မော်တော် ယာဉ် တင်သွင်းခွင့်ရရှိသူများ၊ မော်တော်ယာဉ်အကျိုးဆောင် ကုမ္ပဏီ များနှင့်
လုပ်ငန်းများ၊ မော်တော်ယာဉ် ထုတ်လုပ်ရောင်းချသူများ၊ ကား အရောင်းပြခန်းများက အိမ်စီးနှင့်
လုပ်ငန်းသုံး မော်တော်ယာဉ်များ၊ စက်ယာဉ်ယန္တရားကြီးများ၊ ကား ဘက်ထရီနှင့် ကားတာယာ
များ၊ ကား အင်ဂျင်ဝိုင်နှင့် အခြားစက်ဆီနှင့် ချောဆီ ရောင်းဝယ်ရေးလုပ်ငန်းများ၊ ကား အလှဆင်
ပစ္စည်းများ၊ မော်တော်ယာဉ် သုံး ကက်ဆက်၊ အော်ဒီယိုနှင့် ဆက်စပ် ပစ္စည်းများ၊ ကားအပိုပစ္စည်း
များ၊ ကား တာယာ ကွန်ပေါင်းပန်းတင်လုပ်ငန်း များ၊ အခြား ဆက်စပ်လုပ်ငန်းနှင့် ပစ္စည်းများကို
ပြသရောင်းချသွားမည် ဖြစ်သည်။ အထူးအစီအစဉ်အနေဖြင့် ကားပြပွဲ အတွင်း ကားအရောင်းစင်
တာများ၊ ကား ကုမ္ပဏီများသာမက ကားပွဲစားများနှင့် မိမိတို့၏အိမ်စီးကားများ ရောင်းချလို သော
တစ်ဦးချင်း ယာဉ်ပိုင်ရှင်များ အနေဖြင့်လည်း ပြပွဲအတွင်း သတ်မှတ် နှုန်းထားပေးသွင်း၍ ပါ၀င်ပြ
သနိုင်ရန် စီစဉ်ထားပြီးဖြစ်သည်။

ထို့ပြင် ပြပွဲသို့ လာရောက်ကြည့်ရှုသူများအနေဖြင့် လူတစ်ဦးလျှင် ကံစမ်းမဲ လက်မှတ် တစ်စောင်
အခမဲ့ရရှိမည်ဖြစ်ပြီး ကား တစ်စီး ၀ယ်ယူခြင်း၊ သို့မဟုတ် မှာယူခြင်း အတွက်လည်း အထူးကံစမ်း
မဲ လက် မှတ်တစ်စောင်ရရှိမည်ဖြစ်သည်။ ယခုနှစ်ဆန်းပိုင်းတွင် မော်တော် ကားပြပွဲများ ဆက်
တိုက်ကျင်းပခဲ့သော် လည်း နောက်ပိုင်းတွင် ပြပွဲများကျင်းပမှု ကျဲလာခဲ့ခြင်းကြောင့် ယခုပြပွဲကို
၀ါသ နာရှင်များ အကြိုက်တွေ့နိုင်မည်ဖြစ်ပြီး အဆိုပါပြပွဲအတွင်း ပြခန်းများရယူ ကာ ပါ၀င်ပြသ
လိုပါက ပြပွဲ ကျင်းပရေးကော်မတီ Smart Group၊ ဖုန်း ၀၁ ၆၅၆၈၇၅၊ ၆၆၇၄၇၃၊ ၀၉၇၃၀၁၄၇၇၇၊
၀၉၅၀၉၉၀၇၉ တို့သို့ ဆက်သွယ်မေးမြန်းနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး