အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရန်၊လိုအပ်ချက်များ၊ဖြည့်ဆည်းရန်လို

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရန်၊လိုအပ်ချက်များ၊ဖြည့်ဆည်းရန်လို

အသေးစားနှင့် အလတ်စားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရန် အတိုးနှုန်းသက်သာသည့် ချေးငွေတစ်
ခုတည်းဖြင့် မဖြစ်နိုင်ဘဲ ဘက်ပေါင်းစုံအခြေခံလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေး
ရန် လိုအပ်ကြောင်း အသေးစားနှင့် အလတ်စားလုပ်ငန်းလုပ်ကိုင်ရန် စိတ်ပါ၀င်စားသူအချို့က
ပြောသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်း များလုပ်ကိုင်နိုင်ရန် ငွေကြေး၊ လူ့စွမ်း အားအရင်းအမြစ်၊ နည်း
ပညာနှင့် လုပ် ကိုင်မည့် လုပ်ငန်းကဏ္ဍအလိုက် အဓိက ကျသော အခြေခံလိုအပ်ချက်များစွာ ရှိနေပြီး ယင်းကဏ္ဍတစ်ခုချင်းအတွက် ဖြည့်ဆည်းဆောင်ရွက်မှုပေးနိုင်မှသာ အဆိုပါလုပ်ငန်းများ ဖွံ့ဖြိုးတိုး
တက်အောင်မြင်လာမည်ဖြစ်ကြောင်း ၎င်းတို့ က ပြောသည်။

"ကဏ္ဍပေါင်းစုံမှာ လိုအပ်ချက်ရှိနေ တာပါ။ အားလုံးခြံုပြီး အဓိကလိုအပ် ချက် ဘာလဲဆိုတာက
တော့ ပြောရခက် တယ်။ လုပ်ကိုင်မယ့် လုပ်ငန်းအလိုက် လိုအပ်ချက်တွေက တူညီမှာတော့
မဟုတ်ဘူး။ ဒါပေမဲ့ လျှပ်စစ်ဓာတ်အား၊ နည်းပညာနဲ့ လူ့စွမ်းအားအရင်းအမြစ် ဒါတွေကတော့
ကဏ္ဍတိုင်းမှာ လိုအပ်ချက်ရှိနေတယ်" ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု
လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က
ပြောသည်။

နိုင်ငံတော်အစိုးရက ဆင်းရဲနွမ်းပါး မှုလျှော့ချရေးနှင့် အခြေခံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက်
အသေးစား နှင့် အလတ်စားလုပ်ငန်းများ တည် ထောင်လုပ်ကိုင်ကြရန် ၂၀၁၀ ပြည့်နှစ် အတွင်း
က စတင်နှိုးဆော် တိုက်တွန်းခဲ့ ခြင်းဖြစ်ပြီး ချေးငွေရယူလုပ်ကိုင်လို သည့် အသေးစားနှင့် အလတ်
စား လုပ်ငန်းရှင်များအတွက် အသေးစား နှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာ
နကို ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။

ထို့ပြင် အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်း နိုင်ရန်
ဆောင်ရွက်လျက်ရှိကြောင်း စက်တင်ဘာလ ၁၂ ရက်ကထုတ်ပြန်ခဲ့ သည့် အသေးစားနှင့် အလတ်
စား လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်တွင်
ဖော်ပြသည်။

သို့ရာတွင် လုပ်ထုံးလုပ်နည်း မူ ဘောင်များနှင့်ပတ်သက်၍ ရှင်းလင်း လွယ်ကူမှုမရှိခြင်းနှင့် ငွေကြေး
ချေးငှားမှု မူဝါဒ ကန့်သတ်ချက်တချို့ကြောင့် ငွေချေးငှားလိုသူများ အခက်အခဲရှိခဲ့ ကြောင်း လုပ်ငန်း
လုပ်ကိုင်သူအချို့က ပြောသည်။

"ငွေချေးဖို့အတွက် အာမခံတင်ရ မယ်ဆိုတဲ့ ကန့်သတ်မှုက နည်းနည်းတော့ အခက်အခဲဖြစ်ပါတယ်။
လုပ်ငန်းက အခုမှစလုပ်မယ်၊ လည်ပတ်မယ်ဆိုတဲ့ သူက အာမခံတင်ဖို့ လုပ်ငန်းမရှိသေး ဘူးလေ။
နောက်ပြီး အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာလည်း မသေချာ သေးဘူး။ တကယ်လို့ မအောင်
မြင်ရင် ရော ယုံယုံကြည်ကြည်နဲ့ ထပ်ချေးပေးမှာလားဆိုတာကလည်း စဉ်းစားစရာ ဖြစ်နေသေး
တယ်" ဟု UMH Co.,Ltd မှ ဒါရိုက်တာ မမြတ်စံဝင်းက ပြောသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တော်က မြန်မာ့အသေး
စားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဘဏ်သို့ ငွေကျပ်သန်းပေါင်း ငါးထောင်
ကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ပြီး အသေးစားနှင့် အလတ်စား
လုပ်ငန်းများအနေဖြင့် အာမခံ လုံလောက်စွာ တင်သွင်းနိုင်မှုရှိမှသာ ချေးငွေ လုံလောက်စွာရရှိ
မည်ဖြစ်ပြီး ချေးငွေအာမခံအဖွဲ့အစည်း ပေါ်ပေါက် ရန် အစီအစဉ်ရေးဆွဲလျက်ရှိကာ အဆိုပါ
အဖွဲ့ ပေါ်ပေါက်လာပါက အာမခံ မတင် သွင်းနိုင်သော လုပ်ငန်းများအတွက် ယင်းအဖွဲ့က
အာမခံပေးရုံဖြင့် ချေးငွေ ရရှိမည်ဖြစ်ကြောင်း ၀န်ကြီးဌာန၏ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

"အကုန်လုံးက လက်တွေ့လုပ်ငန်း ပေါ်မှာမူတည်တယ်။ လက်တွေ့ဘယ်လောက်ထိ လုပ်နိုင်မလဲ၊
ကဏ္ဍတိုင်း ဘယ်လောက်အထိ ပြင်ဆင်နိုင်မလဲဆိုတာကို စောင့်ကြည့်သွားရမှာပါ။ နောက်တစ်ခု
က ဒီလုပ်ငန်းတွေကို ဘယ်လောက်ထိ အဆင့်ခွဲခြားထားလဲ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာပြီး
အပြိုင်လုပ်နိုင်ဖို့ ဖြစ်ပြီလား။ လျှပ်စစ်မီး လာရင်တောင် မီးအားမပြည့်လို့ ကိုယ်ပိုင်မီးစက် မောင်းနေ
ရတဲ့အခြေ အနေမျိုးမှာ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို ဘယ်လို ဖွံ့ဖြိုးအောင်လုပ်မလဲ
ဆိုတာ ကျွန်မတို့ စိတ်ဝင်စားပါတယ် ။

ဒါတွေအတွက် လုပ်ငန်းရှင်တွေကို တစ်ဦးချင်းစီ သီးသန့်ခေါ်ပြီး ဆွေးနွေးညှိနှိုင်း တိုင်ပင်တာမျိုးကို
အသေအချာ လုပ်သွားသင့်တယ်လို့ ကျွန်မထင်ပါတယ်" ဟု မမြတ်စံဝင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး