ကားအရောင်းအဝယ် ပြန်ကောင်းလာပြီး စလစ်ဈေး တက်လာ

ကားအရောင်းအဝယ် ပြန်ကောင်းလာပြီး စလစ်ဈေး တက်လာ

ပြည်တွင်း ကားဈေးကွက်အတွင်း အရောင်းအဝယ် ပြန်လည်ကောင်းမွန် လာပြီး လက်ရှိအပ်နှံ
လျက်ရှိသည့် ကား ဟောင်း စလစ်ဈေးနှုန်းများ တက်လာခြင်းကြောင့် ကားဟောင်းပိုင်ရှင်များ
တွက်ခြေကိုက်လာကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။

"နယ်ဝယ်လက်တွေကတော့ အမြင့်ကားတွေကိုလည်း စိတ်ဝင်စားတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ်
အထက်ကားတွေဝင်လာရင် လက်ရှိဈေးကွက်ထဲမှာရှိတဲ့ ဒီအမြင့်ကားတွေက ဈေးကျသွားနိုင်
တော့ ၀ယ်ချင်ကြပေမယ့်လည်း ဈေးကျ ခဲ့ရင် အရှုံးပေါ်မှာကိုတွေးပြီး ပေါ့ပေါ့ ပါးပါးဖြစ်တဲ့
၁၃၀၀ စီစီကားတွေကိုပဲ အဝယ်များလာကြတယ်"ဟု ကား အရောင်းအဝယ်လုပ်ကိုင်သူ
ကိုဦးက ပြောသည်။

ဈေးကွက်အတွင်း ကားဈေး အတက် အကျပေါ်မူတည်ကာ ရင်းနှီးလုပ်ကိုင်သူများ အဆင်ပြေပြီး
ယခင်ကဈေးကျခဲ့သော ကာဟောင်းများမှာလည်း ယခု အချိန်တွင် အဝယ်လိုက်ကာ ဈေးကောင်း
ပေးဝယ်လာကြကြောင်း ကားဝယ် ရောင်းများက ပြောသည်။

"အခုဆိုရင် 'အ' စလစ်အမည်ပေါက်ဈေးကသိန်း ၁၁၀၊ အပ်ကား ဆိုရင် ၉၂ သိန်းဝန်းကျင်လောက်
နဲ့အရောင်းအဝယ်ဖြစ်နေတယ်။ ဗ၊ ဘ၊ လ၊ သ ကားတွေက တော့ သိန်း ၁၁၀ လောက်ရှိနေပါပြီ။
စလစ်ဈေးတွေတက်လာတော့ ကားဟောင်းကိုင်တဲ့ဝယ်ရောင်းတွေရော ပိုင်ရှင်တွေပါ ငွေပိုရသလို
အကျိုးအမြတ်ကလည်းပိုရနေတယ်"ဟု ကားအရာင်းအဝယ် လုပ်ကိုင်သူ ဦးစိုးနိုင်က ပြောသည်။

ပြီးခဲ့သည့် အပတ်မှစတင်၍ နယ် ၀ယ်လက်အဆင်းများလာသဖြင့် ကား အရောင်းအဝယ်မှာ
ယခင်ကထက် ပြန်ကောင်းလာခဲ့ပြီး ၀ယ်ယူသူများ ကလည်း ပြန်လည်ရောင်းချရန် လွယ်ကူ
သည့်လွယ်ကူသည့် ၁၃၀၀ စီစီ Honda Fit, Toyota Pro box နှင့် Nissan AD Van ကား
များမှာ ၀ယ်ယူ သူများပြီး အရောင်းအဝယ်ပိုဖြစ်လာ ကြောင်း ၀ယ်ရောင်းများက ပြောသည်။

သီရိမင်္ဂလာဈေးဟောင်းရှိ ကား ၀ယ်ရောင်းဈေးကွက်မှာ ကားရပ်ရန်အခက်အခဲရှိခြင်းကြောင့်
၀ယ်ရောင်းလုပ်သူအများစုမှာ သီရိမင်္ဂလာကားဈေးကွက်ထက် မင်းရဲကျော်စွာကားဈေးကွက်
ကို ပိုမိုစိတ်ဝင်စားလာကြကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။

"သီရိမင်္ဂလာဈေးကို ကားလာကြည့် တဲ့သူတွေ ကားရပ်တာနဲ့ ယာဉ်ထိန်းရဲ ကဖမ်းတဲ့ ပြဿနာနဲ့
စကြံုတော့တာပဲ။ နောက်ပြီး ကားလမ်းကြောပိတ်တာ ရယ် ကုမ္ပဏီကကားတွေ အခုထိရှိနေ
သေးတာရယ်ကြောင့် လမ်းရှင်းတဲ့ အနေနဲ့ လမ်းပေါ်တက်လာတဲ့ကား တွေ အကုန်လုံးကို
သိမ်းကြံုး ဖမ်းတော့ တာပဲ"ဟု ကားဝယ်ရောင်း ကိုအောင်သူ က ပြောသည်။

မင်းရဲကျော်စွာဈေးကွက်မှာ နေရာကျယ်ဝန်းခြင်းကြောင့် အရောင်းအဝယ်လည်း ပိုမိုလာရောက်
လုပ်ကိုင်ကြခြင်းကြောင့် ယခင်ထက် အရောင်းအဝယ်ပိုကောင်းလာကာ စလစ်ဈေးနှုန်း နှင့်
အောက်ကားဈေးနှုန်းမြင့်မားနေခြင်း တို့ကြောင့်လည်း အောက်ကားများ အရောင်းအဝယ်
လုပ်ကိုင်သည့် သတိ ပဋ္ဌာန်၊ မြောက်ဥက္ကလာနှင့် သံသုမာ ကားရောင်းဝယ်ရေး လုပ်ကိုင်သည့်
နေရာများတွင်လည်း အောက်ကားများ အရောင်းအဝယ် ပိုဖြစ်လာကြောင်း လုပ်ငန်းရှင်များက
ပြောသည်။

"ကားအဟောင်းတွေ အရောင်း အဝယ် အဖြစ်များတဲ့ ကျောက်မြောင်း ကားဈေးကွက်က အခု
ဆိုရင်မနက်ပိုင်း ကစပြီး လူစည်နေတယ်။ လက်ရှိ အအပ်ခံနေတဲ့ 'သ' ကားက အခု အရောင်း
အဝယ် တော်တော်လေးကောင်း တယ်။ စလစ်ဈေးက ရက်ပိုင်းအတွင်း လေးသိန်းလောက် တက်
သွားတယ်။ နောက်အပ်ရမယ့် 'အ' အက္ခရာကားက အောက်တိုဘာမှ လက်ခံမယ်ဆိုတော့ ဈေး
ကွက်ထဲကကားတွေက ဈေးတက် သွားတယ်။ အရင်က အပ်ဖို့ကြေညာပြီး မအပ်ခဲ့တဲ့ ကားတွေ
လည်း အခု သိန်း ၁၁၀ လောက်ဖြစ်နေပြီ။ အပ်ကားတွေ ကို၀ယ်ပြီး စုနေတဲ့သူတွေကြောင့် ဈေး
တက်လာတာပါ"ဟု ကားဝယ်ရောင်း လုပ်ကိုင်သူ ကိုလွင်ဦးပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး