မာစီဒီးကားသစ်ကို မြန်မာနိုင်ငံမှာ လူများများစီးနိုင်ပါ့မလား

မာစီဒီးကားသစ်ကို မြန်မာနိုင်ငံမှာ လူများများစီးနိုင်ပါ့မလား

ကားထဲဝင်ပြီး ထိုင်ခုံမှာထိုင်လိုက်တာ နဲ့ သက်သောင့်သက်သာဖြစ်မှုကိုအရင်ခံစားရတယ်။ ကား
တံခါးတွေ အလုံပိတ်ထားတဲ့အချိန် အပြင်က ဘာသံမှမကြားရဘူး။ ကားထဲက အသံ စနစ်က
လည်း အဆင့်မြင့်အသံပတ်လည်ပြေးစနစ်ပါ။ ပြောရမယ်ဆိုရင်တော့ ဒီကားရဲ့အားသာချက်တွေ
ကတော့ အများကြီးပဲ။

အဓိကအားသာချက်ကတော့ ယာဉ်မတော်တဆမှုနည်းနိုင်သမျှနည်းအောင် ကြိုတင်ကာကွယ်
ပေးတဲ့စနစ်တွေ ပါ၀င်ပြီး မလွှဲသာမရှောင်သာဖြစ်ခဲ့ရင်တောင် နှစ်ဦးနှစ်ဖက် အထိအခိုက် နည်းနိုင်
သမျှနည်းအောင် ကြိုတင်စီစဉ်ထားတဲ့ စနစ်တွေ ပါနေတာပဲဖြစ်ပါတယ်။

ကားမောင်းသူတွေ အကြိုက်တွေ့စေ မယ့် နောက်တစ်ချ က်ကလည်း ကားတွေ ပေါများလာပြီး
ကားမောင်းကျွမ်းကျင်သူ နည်းတဲ့ အခုလိုခေတ်မှာ အသုံးတည့် တဲ့ အလိုလျောက်နေရာရှာပြီး
ကား ပါကင်ထိုးပေးတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ဒါကတော့ ဂျာမနီနိုင်ငံထုတ် Mercedes Benz ကား
အသစ်ကို မြန်မာနိုင်ငံ ဈေးကွက်အတွက် မိတ်ဆက်မောင်းနှင်တဲ့ခရီးမှာ ပါ၀င်ခဲ့ပြီး တွေ့မြင်ခဲ့ရ
တာလေးတွေကို ပြန်ဖောက်သယ်ချလိုက်တာပါပဲ။

Cycle and Carriage Automobile Myanmar Co.,Ltd က တစ်ဦးတည်းကိုယ်စားလှယ်အနေနဲ့
မြန်မာနိုင်ငံကို တင်သွင်းတဲ့ နောက်ဆုံးထွက်တဲ့ မာစီးဒီးကားတွေရဲ့ New E class မှာ E 200၊
250 နဲ့ E 400 ဆိုပြီး သုံးမျိုးရှိနေပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ မိတ်ဆက်လိုက်တာကတော့
E 400 ဖြစ်ပါတယ်။

အင်ဂျင်ဝါ၀ါက ၂၀၀၀ စီစီ ဖြစ်ပြီး ဆီစားလည်းအရင်ထက် သက် သာပါတယ်။ ပြီးတော့ ကုမ္ပဏီ
က ကီလို မီတာ ကန့်သတ်ချက်မရှိ နှစ်နှစ် အာမခံ ပေးမှာဖြစ်ပါတယ်။ ကားဝယ်ယူတဲ့သူတွေရဲ့
စိတ်ကြိုက် ပစ္စည်းပြင်ဆင်မှုပေါ်မူတည်ပြီး မှာယူ ထားတဲ့ကားက အစောဆုံး ၂၀၁၄ အစပိုင်းလောက်
မှာ ၀ယ်သူလက်ထဲ ရောက်နိုင်ပါတယ်။

လက်ရှိမှာE 400 ရဲ့ဈေးနှုန်းက ဆိပ်ကမ်းအရောက် တန်ဖိုး အမေရိကန်ဒေါ်လာ ၆၀,၀၀၀ ကနေ
၉၀,၀၀၀ အကြားရှိပါတယ်။ တခြား ကောက်ခံတဲ့ အခွန်အခအားလုံး ပေါင်းလိုက်မယ်ဆိုရင်တော့
ကားတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၆၀,၀၀၀ ကျော် ချင်တောင် ကျော်သွားနိုင်ပါတယ်။

ကား တန်ဖိုးကတော့ သာမန်လူတန်းစားတွေ အတွက် အတော်အလှမ်းဝေးနေတဲ့ အနေအထားပါ။
အခုဆိုရင် အစိုးရက လွတ်လပ်စွာကားတင်သွင်းခွင့်ပြုထားတာကြောင့် ကားဟောင်းတွေနေရာမှာ
တစ်ပတ်ရစ်ကားတွေအများကြီးအစားထိုး ၀င်ရောက်လာနေပါပြီ။ အသစ်စက်စက် ကားတွေ တင်
သွင်းတဲ့ ဈေးကွက်က တော့ နည်းနေပါသေးတယ်။ တစ်ဦး ချင်းဝင်ငွေအရ ဈေးသက်သာပြီး ဆီစား
နည်းတဲ့ကားတွေကို ဈေးသက်သက် သာသာနဲ့ ၀ယ်စီးနိုင်ကြပေမယ့်လည်း ယာဉ်အန္တရာယ်အတွက်
လုံခြံုမှုရှိမရှိ ကိုတော့ထည့်မတွက်ဖြစ်ကြပါဘူး။

၂၀၁၃ ခုနှစ်ထဲမှာပဲ ပြည်ပက ကား တွေကို တရားဝင်ရောင်းချခွင့်ရလာ ပြီး နာမည်ကြီးကားတွေ
လည်း ၀င်လာ တယ်။ ယာဉ်မတော်တဆမှု အန္တရာယ် ကနေ အများကြီးအကာအကွယ်ပေး နိုင်တဲ့
ကားတန်ဖိုးတွေကတော့ အနည်း ငယ်မြင့်နေပြန်ပါတယ်။၊လက်ရှိမူဝါဒအရ ကားတန်ဖိုးရဲ့ တစ်ဆ
ကျော် လောက် အခွန်ဆောင်နေရပါတယ်။

"စီအိုင်အက်ဖ် တန်ဖိုးက အမှန်တကယ်ရောင်းချတဲ့ဈေးနှုန်းအတိုင်း အစိုးရကိုတင်ပြရတယ်။ အခွန်
တန်ဖိုး က ကားတန်ဖိုးထက်များမယ်ဆိုတာ တော့ သေချာတယ်။ ပြီးတော့ ကား ၀ယ်ယူတဲ့သူက
သူ့စိတ်ကြိုက် ထပ်ပြီး ပြင်ဆင်ထားတဲ့အခါ ကားတန်ဖိုးက များသွားတယ်။ အဲဒီ များသွားတဲ့တန်ဖိုး
အတိုင်း အခွန်ထပ်ဆောင်ရပါတယ်။ မာစီဒီး ကြိုက်တဲ့သူတော်တော်များများ က ဘယ်တော့မှ ကား
ကို ဒီတိုင်းဝယ် လိုက်တာ မဟုတ်ဘူး။ စိတ်ကြိုက် ပြင်ဆင်ပြီးမှ စီးတာ။ အပြင်ပန်းက အမျိုးအစား
တူချင်တူနေနိုင်ပေမယ့် အထဲမှာထည့်ထားတဲ့ ဖွဲ့စည်းပုံက ဘယ်တော့မှမတူဘူး။ လက်ရှိမှာ အစိုး
ရသတ်မှတ်တဲ့ အခွန်ကတော့ အင်ဂျင်ပါ၀ါပေါ်မူတည်ပြီး ၁၃၅ ရာခိုင်နှုန်းကနေ ၁၆၅ ရာခိုင်နှုန်း
စသဖြင့်ရှိပါတယ်။ အစိုးရသတ်မှတ် ချက်ဖြစ်နေတော့ ဘာမှတော့ လုပ်လို့ မရဘူး။ အစိုးရလည်း
ဒါကိုသိမှာပါ။ တစ်ခုခုလုပ်ပေးဖို့တော့ ကျွန်တော်တို့လည်း မျှော်မှန်းတယ်။ ဈေးကွက်မှာ တကယ်
ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် တွေကို နှိုင်းချိန်ပြီးတော့ လိုအပ်တဲ့အပြောင်းအလဲလေးတွေ လုပ်ပေး
မယ် လို့ ထင်ပါတယ်။

အခုတောင် တော် တော်လေးလုပ်နေပါပြီ" လို့ Cycle and Carriage Automobile Myanmar
Co.,Ltd မှ Head of Sales and Marketing ဦးအောင်သက်လွင်က ပြောပါတယ်။ ဒီလိုမျိုး
အသစ်စက်စက်ကားတွေ တင်သွင်းခွင့်ရတဲ့အပြင် ၀န်ဆောင်မှုပေးတဲ့စင်တာတွေလည်း ဖွင့်ခွင့်
ရတာကတော့ ကားအသုံးပြုသူတွေအတွက် အားသာချက် တစ်ခုရှိပါတယ်။ အရင် ကလို ကား
၀ယ်ထားပြီး တစ်ခုခု ချွတ်ယွင်းတဲ့အခါ အပိုပစ္စည်းမရှိလို့ နိုင်ငံခြားကိုမှာရတဲ့ဒုက္ခနဲ့ ပစ္စည်းရှား
တဲ့ဒုက္ခတွေတော့ ကင်းဝေးသွားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာက တစ်ပတ်ရစ် ကားဈေးကွက်ကအချိန်အတော်ကြာ လွှမ်းမိုးထားခဲ့တော့
ဘယ်လောက်ပဲ နာမည်ရပြီးသားတံဆိပ်ဖြစ်ပေမယ့် ဈေးကွက်ကိုထိုးဖောက်ရတာတော့ အခက်
အခဲရှိနေဦးမှာ ဖြစ်ပါတယ်။ "မာစီဒီးက ထိပ်တန်းနာမည်ရပြီး သား တစ်ခုဖြစ်ပေမယ့် ပြိုင်ဆိုင်မှု
တော့ ရှိပါတယ်။ ပြီးတော့အသစ်စက်စက် ကားဈေးကွက်က မှန်းရခက်သလို ဒီနှစ် ရောင်းအား
ဘယ်လောက်ရှိလဲဆိုတာ ကိုလည်း ခန့်မှန်းရခက်တယ်။ ကားတွေ မသွင်းခင် လေ့လာမှုလုပ်တဲ့
အခါ မှာ မြန်မာပြည်တွင်းမှာ မာစီဒီးသုံးတဲ့သူ ဘယ်လောက်ရှိလဲဆိုတာကို အတိအကျမသိရဘူး။
ဘာဖြစ်လို့ လဲဆိုတော့ သိမ်းထားတဲ့ ကားတွေ ရှိတယ်။ ပျက်နေတာလား။ ထုတ် မစီးတာလား
မသိရဘူး။ ပျက်နေပြီး ဂိုဒေါင်ထဲရောက်နေတဲ့ ကားတွေလည်း အများကြီးတွေ့ရတယ်။ ပျက်သွား
ရင် ဘယ်သူပြင်ပေးမလဲ။ ဘယ်သူအာမခံ မှာလဲ စတဲ့ပြဿနာတွေရှိနေပေမယ့် လည်း စီးနေတဲ့
သူတွေ ရှိနေသေးတယ်။ ကျွန်တော်တို့က ဆားဗစ်စင်တာနဲ့ အပို ပစ္စည်းအရောင်းဆိုင်ပါ တွဲဖွင့်
မှာဖြစ်လို့ ဒီပြဿနာတွေအထိုက်အလျောက်တော့ ဖြေရှင်းပေးသွားနိုင်မှာပါ" လို့ ဦးအောင်သက်
လွင်က ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကားကောင်းကောင်းတွေ စီးရဖို့အတွက်က အလှမ်း ဝေးနေဆဲဖြစ်ပါတယ်။ ကား
စီးရရုံဆိုပြီး အင်ဂျင်ပါ၀ါသက်သာတဲ့ကားလေးတွေဝယ်ပြီး အသက်အန္တရာယ်ကို ကာကွယ်ပေးမယ့်
စနစ်တွေအတွက် ဘာကိုမှထည့်မတွက်ဘဲ ကျေနပ်ရမယ့် အနေအထားမှာပဲ အကြာကြီးနေရဦး
မလား။ စဉ်းစားစရာတော့ ဖြစ်နေပါပြီ။ နှစ်ပေါင်းငါးဆယ်လောက် ကားပြင်တဲ့ အလုပ်ကိုလုပ်လာ
ပြီး လက်ရှိမှာလည်း ကားဟောင်းတွေကိုပဲပြင်တဲ့ အထူး သဖြင့် မာစီဒီးတွေကို အထူးပြင်တဲ့
ကားဝပ်ရှော့ ဆရာကြီးတစ်ယောက်က အရင်ခေတ်ကကားတွေ ယာဉ်တိုက်မှုဖြစ်ရင် လူ့အသက်
အန္တရာယ်ကို ထိခိုက်တာ နည်းတယ်လို့ ပြောဖူးပါ တယ်။ ဖွဲ့စည်းပုံအရရော၊ ကားအသွင် အပြင်
အရပါ ယာဉ်မတော်ဆမှု အန္တရာယ်အတွက် ထည့်တွက်ထားကြလို့ပါလို့ ပြောပါတယ်။

"မာစီဒီး ကိုအရင်ကတည်းက ကြိုက်ခဲ့တယ်။ ဟိုးအရင်ကားအဟောင်း တွေ ကတည်းကကြိုက်
တာ။ ဒါပေမဲ့ အဲဒီအချိန်တုန်းကလည်း လူတန်းစားတစ်ရပ်ပဲ သီးသန့်စီးနိုင်တဲ့အထဲမှာ ပါနေခဲ့တယ်။
ကိုယ်က ငေးရုံပဲ ငေးကြည့်နိုင်ခဲ့တာ။ အခု မာစီးဒီး အသစ်တွေ သွင်းခွင့်ရပြီလို့သိတယ်။ ဈေးစုံစမ်း
ကြည့်တယ်။ အမေရိကန်ဒေါ်လာ ၆၀,၀၀၀ ဆိုတော့ မြန်မာငွေနဲ့တွက်ရင် ကျပ် သိန်း ၆၀၀
လောက်ဆိုတော့ မဆိုးဘူးပေါ့။ ဒါပေမဲ့ အဲဒါက အခွန်မဆောင်ရသေးဘူးတဲ့။ အခွန်ဆောင်ပြီးရင်
ကားက သိန်းထောင်ကျော်သွား ပြန်ပြီ။ အလှမ်းကဝေးနေတုန်းပဲ။ ဖြစ်နိုင်ရင်တော့ မြန်မာနိုင်ငံက
လူတွေကို ဒီလိုကားမျိုးတွေပဲ စီးစေချင် တာ။ ဒါပေမဲ့ မဖြစ်နိုင်သေးဘူး" လို့ မာစီဒီးကားစီးချင်တဲ့
ကိုအောင်လှိုင်က ပြောပါတယ်။

တကယ်တမ်း မြန်မာနိုင်ငံမှာ မာစီဒီး ဈေးကွက် ဒီထက်တိုးပြီးလိုအပ်လာပြီ ဆိုရင်တော့ Cycle &
Carriage Automobile Myanmar Co.,Ltd က မာစီဒီးကို မာစီဒီးနဲ့ပြန်လဲပေးမယ့် အစီ အစဉ်ကို
လုပ်ပေးသွားမှာပါ။ မာစီဒီး ဆိုတာကလည်း ကားသာဟောင်းသွား ပေမယ့် တန်ဖိုးကတော့
မဟောင်းပါဘူး။ ပြီးတော့ မာစီဒီးတစ်စီးဝယ်ထားတဲ့သူက နောက်ထပ်မော်ဒယ်သစ်တစ်ခု ပေါ်
တဲ့အခါမှာ ထပ်ပြီးစီးချင်ရင် အဟောင်းနဲ့လဲပေးမယ့် စနစ်မျိုးပါ။ ဘယ်လို ဖော်ဆောင်သွားမလဲ
ဆိုတာ ကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါ တယ်။ အဲဒီအချိန်ကျရင်တော့ အသစ် စက်စက်မဟုတ်
ဘဲ ထုံးစံအတိုင်း အသုံး ပြုပြီးသား ကားဈေးကွက်က ဆက်လက် ရှိနေပြီး ကိုယ်တတ်နိုင်တဲ့တန်ဖိုး
နဲ့ မာစီဒီးကားကို စီးနိုင်ကြမယ်လို့ ထင်ပါ တယ်။ အခွန်အခတွေ များများလျော့ သွားရင်တော့
နောက်ဆုံးပေါ် မော်ဒယ်အသစ်စက်စက်ကို စီးနိုင်ဖို့ စိတ်ကူးယဉ်နိုင်ကြမယ် ထင်ပါတယ်။

"လက်ရှိတော့ အခွန်နဲ့ပတ်သက်လို့ အပြောင်းအလဲတော့ မကြားသေးဘူး။ စနစ်တွေကတော့
အမျိုးမျိုးကျင့်သုံး နေတာဆိုတော့ ဒီတိုင်းလည်းဆက်ဖြစ် ရင် ဖြစ်နေနိုင်သလို ပိုကောင်းတဲ့စနစ်
တစ်ခုလည်း ဖြစ်လာဦးမှာပါ။ ဒါက တော့ ကျွန်တော်တို့ပြောလို့မရတဲ့ ကိစ္စဖြစ်သွားပြီ"လို့
ဦးအောင်သက်လွင်က ပြောပါတယ်။

မာစီဒီး အရောင်းပြခန်းကတော့ ဒီဇင်ဘာလကုန်လောက်မှာ ဖွင့်နိုင်တော့မှာပါ။ အော်ဒါမှာတဲ့ကား
တွေအတွက်သာ မိမိတို့နာမည်ပေါက် ရနိုင် မှာဖြစ်ပြီး ကားအရောင်းစင်တာဖွင့် ပြီးလို့ အရောင်း
စင်တာမှာဝယ်ရမယ့် ကားတွေအတွက်ကတော့ ကုမ္ပဏီ နာမည်ပေါက်နဲ့ပဲဖြစ်မှာပါ။ ဒီနှစ်ကုန်ရင်
တော့ ရန်ကုန်မြို့က လမ်းတွေပေါ်မှာ မာစီဒီးဘယ်နှစ်စီး လောက်တွေ့ရမလဲ။ မာစီဒီးအိပ်မက် မက်နေသူတွေဘယ်လောက်ရှိနေလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး