ယခုနှစ် မကုန်မီ နိုင်ငံခြားဘဏ်များ လုပ်ကိုင်ခွင့် ရဖွယ်ရှိ

ယခုနှစ် မကုန်မီ နိုင်ငံခြားဘဏ်များ လုပ်ကိုင်ခွင့် ရဖွယ်ရှိ

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားဘဏ်များဝင်ရောက်လာမှုကို ၂၀၁၃ ခုနှစ်မကုန်မီ စတင်ခွင့်ပြုပေးနိုင်
ရန် ပြင်နေပြီဖြစ်သော်လည်း အဆိုပါဘဏ်များကို မည်သည့်ပုံစံမျိုးနှင့် ၀င်ရောက်ခွင့်ပြုမည်ကိုမူ
ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

ယင်းအတွက် အရေးပါသော ငွေရေး ကြေးရေးအဖွဲ့အစည်းဥပဒေကို အသစ် ပြန်လည်ရေးဆွဲနေပြီး
မကြာခင်ပြီးစီးနိုင်မည်ဖြစ်ကြောင်းနှင့် လွှတ်တော်သို့ အမြန်ဆုံးတင်နိုင်ရန် ကြိုးပမ်းနေကြောင်း
ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော် ကျော်မောင်က ပြီးခဲ့သည့်သီတင်းပတ် က စာနယ်ဇင်းများနှင့် တွေ့ဆုံ
ပွဲတွင် ပြောသည်။

ဗဟိုဘဏ်က နိုင်ငံခြားဘဏ် ၀င်ရောက်ခွင့်နှင့်ပတ်သက်၍ ယမန်နှစ်အစပိုင်းကပင် ဆွေးနွေးခဲ့
သော်လည်း လိုအပ်သည့် ဥပဒေအခြေခံများမရှိ ခြင်းကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်။

"အိုင်အမ်အက်ဖ်တို့၊ ကမ္ဘာ့ဘဏ်တို့နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်း ဥပဒေ ရေးဆွဲနေပါတယ်။ ပြီး
တာတော့ ပြီးနေပါပြီ။ အဲဒီဥပဒေပြီးမှသာလျှင် နိုင်ငံခြားဘဏ်တွေကို ဘယ်လိုပုံစံနဲ့ ၀င်ရောက်ခွင့်
ပေးမလဲဆိုတာကို နည်း လမ်းတွေအများကြီးရှိတဲ့အထဲကနေ ဥပဒေဘောင်ပေါ်အခြေခံပြီး စဉ်းစား
ပါမယ်"ဟု ၎င်းက ပြောသည်။

ဗဟိုဘဏ် ဥပဒေအဟောင်း ရေးဆွဲချိန်နှင့်တူညီသည့် ၁၉၉၀ ပြည့်နှစ်က ရေးဆွဲခဲ့သော မြန်မာငွေ
ရေးကြေးရေး အဖွဲ့အစည်းဥပဒေကို ၁၉၉၄ ခုနှစ်တွင် ပြင်ဆင်ခဲ့ပြီး နည်းဥပဒေလည်း ထွက် ပေါ်
လာခဲ့သည်။ ယင်းမှာ နိုင်ငံခြားဘဏ်များ ၀င်ရောက်လာနိုင်ရန် လုံလောက်သောအခြေခံမူများမရှိ
ခြင်းကြောင့် ထပ်မံရေးဆွဲရခြင်းဖြစ်ကြောင်း ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောသည်။

"ဘဏ္ဍာရေးကို ပိုတိုးတက်အောင် လုပ်မယ်ဆိုရင် ရှိပြီးသားဥပဒေ အခြေ ခံနဲ့ မဖြစ်ပါဘူး။ နိုင်ငံခြား
ဘဏ် ၀င်ရောက်ခွင့်ပေးဖို့ကို အရင်ထည်းက နိုင်ငံတော် အကြီးအကဲတွေကလည်း စိတ်အားသန်ပြီး
လုပ်ဖို့ တွန်းအားပေးနေပါတယ်"ဟု ၎င်းက ပြောသည်။ ယခင်က နိုင်ငံခြားဘဏ်များ ၀င်ရောက်
လာပါက ဖက်စပ်ဘဏ်လုပ်ကိုင် ရန်၊ လက်အောက်ခံရုံးခွဲ ဖွင့်လှစ်ရန်၊ ဘဏ်ခွဲများ လာရောက်ဖွင့်
လှစ်ရန် စသော အဆင့်သုံးဆင့်ကို တစ်ခုချင်း ဖြတ်ကျော်ရန် ဖြစ်သော်လည်း ယခု အချိန်တွင်
မည်သည့်ပုံစံမျိုးခွင့်ပြုသွား မည်ဟု မပြောနိုင်သေးပေ။

"ကျွန်မတို့ အဲဒါနဲ့ပတ်သတ်တဲ့ နည်း ဥပဒေတွေ ဆွဲတဲ့အခါကျတော့ ရှေ့နေ ချုပ်ရုံးနဲ့ တိုင်ပင်ရပါ
တယ်။ အဲဒီအခါမှာ ကျွန်မတို့ နဂိုမူလသွားချင်တဲ့ အဆင့်အတွက် နဂိုမူလ ဘဏ္ဍာရေးအသင်းအဖွဲ့
ဥပဒေက ပြည့်ပြည့်စုံစုံရှိမနေတဲ့ အတွက် ဥပဒေရေးရာအခြေခံကိုရှာလို့ မရဘူးဖြစ်နေတယ်။ ဒါကို
ကျွန်မတို့ ပြန်သုံးသပ်ရပါမယ်။ ပြည်တွင်း အဓိကဘဏ်များမှာမူ နိုင်ငံခြားဘဏ်များနှင့် ပြင်ဆင်
ဆက်သွယ်မှုများရှိနေပြီး ဗဟိုဘဏ်ခွင့်ပြု ချက်ရသည်နှင့် ဖက်စပ်ဘဏ်လုပ်ငန်းပုံစံမျိုးစတင်ရန်ရှိ
ကြောင်း ပြောသည်။

သို့သော်လည်း ပြည်တွင်းဘဏ်များ ၏ အဓိကအခက်အခဲမှာ နည်းပညာ နှင့် ငွေရင်းငွေနှီး
အားနည်းခြင်းဖြစ်ပြီး ယင်းအတွက် နိုင်ငံခြားဘဏ်များ၏အကူအညီကို အဓိကလိုအပ်ကြောင်း
လည်း ပြည်တွင်း ဘဏ်လုပ်ငန်းရှင်များ က ပြောသည်။ အကယ်၍ ပြည်ပဘဏ်များအနေဖြင့်
ဖက်စပ်ပုံစံမျိုး မဟုတ်ဘဲ အခြားပုံစံမျိုးနှင့်ဝင်ရောက်လာပါကလည်း ပြည်တွင်းဘဏ်များမှာ
ဘဏ်ခွဲများစွာ ဖွင့်လှစ်ခြင်းဖြင့် နိုင်ငံခြားဘဏ်များကို ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းတို့က
ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ် ၁၉ ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များမှ စုစုပါင်းဘဏ်ခွဲ ၄၀၀
ကျော်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံတွင်းသို့ အရှေ့တောင်အာရှ နိုင်ငံများအပြင် တရုတ်၊ အိန္ဒိယ၊ တောင်
ကိုရီးယားနှင့် ဂျပန်တို့ လာရောက်ဖွင့်လှစ်ထားသော ဘဏ်ကိုယ်စားလှယ်ရုံးခွဲပေါင်းမှာ ၂၅ ခု
ရှိပြီဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး