အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအခန်းကဏ္ဍ မြှင့်တင်ရန် အမျိုးသားအဆင့်
လုပ်ငန်းကော်မတီ ဖွဲ့စည်းရန်ရှိကြောင်း စက်မှုဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင်ပြုလုပ်
သည့် မြန်မာ့စီး ပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု ရက်သတ္တ ပတ်ပရိုဂရမ်ဖွင့်ပွဲတွင် ပြောသည်။
"အသေးစားနဲ့ အလတ်စားလုပ်ငန်း တွေ ဖွံ့ဖြိုးဖို့ လုပ်ဆောင်သွားမှာပါ" ဟုဝန်ကြီးက ပြောသည်။
ကုလသမဂ္ဂ အာရှပစိဖိတ်ဆိုင်ရာစီးပွားရေးနှင့်လူမှုရေးကော်မရှင်၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ
လ ၂၃ ရက် မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် အဆိုပါ ပွဲသို့ မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန၊ စီးပွား
ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် ကမ္ဘာ့စီးပွားရေးဆိုင်ရာ အဖွဲ့ပေါင်း ၃၀ ခန့်ပါ၀င်
ကာ မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း
များကို ဆွေးနွေးခဲ့ကြသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က အသေးစားနှင့် အလတ်စား စီးပွားရေး
လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပုဂ္ဂလိက အခန်းကဏ္ဍ၏ စွမ်းဆောင်ရည် မြှင့် တင်ရန် လို
အပ်ကြောင်း၊ ယင်း စွမ်းဆောင်ရည် မြင့်တက်လာမှသာ အဆိုပါလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာ မည်ဖြစ်
ကြောင်း ပြောသည်။
"မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု မြှင့်တင်ဖို့ အတွက် အရမ်းကောင်းတဲ့အခွင့်အရေး ကို မြန်မာနိုင်ငံကရရှိ
နေတဲ့အချိန် ဖြစ်ပါတယ်။ ညင်သာတဲ့ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးမှုကို အဓိကထားပြီး အစိုးရနဲ့ ပုဂ္ဂလိက
စီးပွားရေးကဏ္ဍတွေကို ရလဒ် ကောင်း ပေါ်ထွက်လာအောင် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါ
တယ်" ဟု ကုလသမဂ္ဂ အာရှပစိဖိတ် ဆိုင်ရာစီးပွားရေးနှင့်လူမှုရေးကော်မရှင်မှ ဒေသတွင်းရင်းနှီး
မြှုပ်နှံမှုနှင့် ကုန်သွယ်မှုအခန်းကဏ္ဍ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြီးအကဲ Mr. Marc
Proksch က ပြောသည်။
အသေးစားနှင့် အလတ်စား အခန်း ကဏ္ဍမြှင့်တင်ရန် စွမ်းဆောင်ရည် လိုအပ်ချက်များရှိဆဲဖြစ်ပြီး
ယင်းအားမြှင့်တင်မှုပြုလုပ်ရန်လိုကာ ပုဂ္ဂလိက အခန်းကဏ္ဍ အနေဖြင့် နားလည်တတ်ကျွမ်းမှုနှင့်
စိတ်ဝင်စားနိုးကြားမှု ပိုမိုမြင့်တက်လာရန် လိုအပ်ကြောင်း အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က
ပြောသည်။
"ဖွံ့ဖြိုးမှုလုပ်ဆောင်တာနဲ့အတူ ဖွံ့ဖြိုးမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပေါ်လာရင် ဘယ်လိုအကာအကွယ်
ပေးမလဲ။ ခြစားမှုတွေရှိနေရင် စီမံကိန်း တွေလည်း အချည်း အနှီးဖြစ်သွား နိုင်ပါတယ်" ဟု အဆို
ပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် Green Spot ( Thailand) Co.Lt ၏ ဒုတိယဥက္ကဋ္ဌ
Mr. Chote Sophonpanich က ပြောသည်။

















