မော်တော်ယာဉ် အရောင်း စင်တာများ ၂၀၀၈ ခုနှင့် အထက် မော်ဒယ်ကားများ တရားဝင်တင်သွင်းခွင့် ရရှိ

မော်တော်ယာဉ် အရောင်း စင်တာများ ၂၀၀၈ ခုနှင့် အထက် မော်ဒယ်ကားများ တရားဝင်တင်သွင်းခွင့် ရရှိ

၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ထုတ်လုပ်သောကားများကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁
ရက်နေ့မှစတင်၍ တင်သွင်းရောင်းချခွင့် ရရှိခဲ့ကြောင်း ကားအရောင်းစင်တာမှ တာဝန်ရှိသူ များက
ပြောသည်။

"ကျွန်တော်တို့ ကားအရောင်းစင်တာ တွေကို ၂၀၀၈ ကနေ ၂၀၁၁ မော်ဒယ်အထိ ကားတွေကို
စပြီးတင်သွင်းခွင့်ပြု တယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှာလည်း
တရားဝင်ကြေညာထားပါတယ်။ ဒီလိုတင်သွင်းခွင့်ရဖို့ကို ကားအရောင်း စင်တာတွေအနေနဲ့
နိုင်ငံခြားက သွင်း လာတဲ့ကား ဘယ်လောက်ပဲရှိရှိ ကား အစီးရေ ၁၀၀ ကျော်ရောင်းချထားပြီး
တင်သွင်းတဲ့နိုင်ငံကိုလည်း ငွေပြန်လွှဲပြီးသားဖြစ်ရမယ်။ အခု ကျွန်တော်တို့ ကားအစီး ၅၀ စသွင်း
ခွင့်ရတယ်။ မှာထားတဲ့အချိန်နဲ့ဆိုတော့ စက်တင်ဘာလ ၂၃၊ ၂၄ လောက်ဆိုရင် စရောင်း ချနိုင်
တော့မှာဖြစ်ပါတယ်" ဟု Farmer Auto မှ ပိုင်ရှင်ဦးစိုးထွန်းကပြောသည်။

ယခင်က ကားအရောင်းစင်တာများ အနေဖြင့် ၁၉၉၇ မှ ၂၀၀၇ အတွင်း ထုတ်လုပ်သော ကားများ
ကိုသာ တင်သွင်းရန် သတ်မှတ်ထားခဲ့သည်။ နောက်ပိုင်းတွင် နိုင်ငံတော်အစိုးရမှ တစ်ဦးချင်း
ကားတင်သွင်းခွင့် မူဝါဒကို ချမှတ်ခဲ့ပြီး ၎င်းတို့သာ ၂၀၀၈ နှင့် အထက် ကားများကိုတင်သွင်း
ခွင့်ရရှိခဲ့ သည်။

ထို့ကြောင့် ကားအရောင်းစင်တာ များအနေဖြင့် ၂၀၀၈ နှင့် အထက်ကားများကို တင်သွင်းလိုပါက
တစ်ဦးချင်းတင်သွင်းခွင့် ရရှိသူများထံမှ မှတ်ပုံတင် နှင့် သန်းခေါင်စာရင်း ငှားရမ်းကာ လုပ်ကိုင်ခဲ့
ရသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီအပြောင်းအလဲကိုကြိုက်ပါတယ်။ ဒီလိုလုပ်ခွင့်ပြု လိုက်တော့ မှတ်ပုံတင်နဲ့
သန်းခေါင် စာရင်းငှားရတာ သက်သာသွားတာ ပေါ့။ ကားအရောင်းစင်တာတွေမှာ လည်း
ဒီထက်ကားစုံစုံလင်လင်တွေ့ရ ပြီး တစ်ဦးချင်းတင်သွင်းခွင့်ရတဲ့သူတွေလည်း နိုင်ငံခြားကို
တကူးတက မှာစရာမလိုတော့ဘူး။ ဒီမှာပဲ စိတ်ကြိုက် ကြည့်ပြီး ၀ယ်လို့ရသွားပြီ" ဟု ရွှေဗဟိုရ်
ကားအရောင်းစင်တာမှ တာဝန်ရှိသူ ကိုညီညီဇော်က ပြောသည်။

လက်ရှိဈေးကွက်အတွင်း ကား အရောင်းစင်တာပေါင်း ၁၅၀ ၀န်းကျင်ခန့်ရှိသော်လည်း အရောင်း
စင်တာ ၄၀ သာ သတ်မှတ်ချက်များနှင့်ကိုက်ညီပြီး ကားတင်သွင်းခွင့် ရရှိထားကြောင်း ဦးစိုးထွန်း
က ပြောသည်။

ကားအရောင်းစင်တာများ အနေဖြင့် လွန်ခဲ့သောခြောက်လခန့်မှ စတင် ၍ အရောင်းအဝယ်များ aအးခဲ့ပြီး ဈေးကွက် ပြန်လည်ကောင်းမွန်ရန် စောင့်ဆိုင်းနေဆဲ ဖြစ်သော်လည်း စလစ်ဈေးများမှာ
မြင့်တက်နေခြင်းကြောင့် ယခုအပြောင်းအလဲကြောင့် ဈေးကွက် ပြန်လည်ကောင်းမွန်နိုင်ရန် မှာ
မသေချာကြောင်း ကားအရောင်း စင်တာမှ လုပ်ငန်းရှင်များကပြောသည်။

"ဒီအပြောင်းအလဲကြောင့်တော့ ကားဈေးကွက်က ထူးထူးခြားခြား ပြောင်းမလာလောက်ဘူးလို့
ထင်တယ်။ ကျွန်တော်တို့ဆို ကားပြပွဲတွေလည်း ၀င်မပြတော့ဘူး။ နေရာငှားခလည်း မပေးချင်
တော့ဘူး။ ကိုယ့် အရောင်း စင်တာမှာပဲ ကိုယ်ရောင်းတော့တယ်" ဟု ှုု ကားအရောင်းစင်တာမှ
ကိုချမ်းကျော်ကျော်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး