လွတ်လပ်စွာ ကုန်သွယ်မှု ရရှိစေရန် အလေးပေး ဆောင်ရွက်မည်

လွတ်လပ်စွာ ကုန်သွယ်မှု ရရှိစေရန် အလေးပေး ဆောင်ရွက်မည်

အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့်နှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း ပေါ်ပေါက်ချိန်တွင်
တရားမဝင်ကုန်သွယ်မှုများကို စတင် တားဆီးနေသကဲ့သို့ လွတ်လပ်စွာကုန်သွယ်လို သူများ
အတွက် မျှတသောယှဉ်ပြိုင်မှု ရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စီးပွားရေး နှင့်၊ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မြန်မာတိုင်း(မ်) ကို ပြောသည်။

အာဆီယံစီးပွားရေးအသိုက်အဝန်းအတွက် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုယှဉ်ပြိုင်ရာတွင်
မျှတရန်၊ ဈေးနှုန်းသတ်မှတ်မှုနှင့် ကုန်စည်အရည်အသွေး ကွာဟမှုအပေါ် ပြည်တွင်း ကုန်စည်
များ၏ ရောင်းဝယ်အား ကျဆင်းမသွားရန်နှင့် ချော့မွေ့စွာကုန်သွယ်မှုပြုနိုင်ရန် အာဆီယံဒေသ
တွင်း ဆက်စပ်လမ်းမများပြု ပြင်မှုကို ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ အာဆီယံ စီးပွား
ရေး အသိုက်အဝန်းရေးရာဌာန အာဆီယံ အဆင့်မြင့်ကျွမ်းကျင်အရာရှိ ဒေါ်သန်းသန်းလင်းက
ပြောသည်။

"ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုလုပ်တော့မယ်ဆိုရင် ပထမဦးဆုံး ဘယ်လောက်လွယ်လွယ်ကူကူ
လုပ်လို့ရသလဲဆိုတာကို စီးပွားရေးသမားက စီးပွားရေးလိုကြည့်တာပါပဲ။ ၀မ်းနည်းစရာက အဲဒီ
ကုန်သွယ်မှုလွယ်ကူတဲ့ စာရင်းထဲမှာ မြန်မာ နိုင်ငံက ခုထိမပါသေးဘူး" ဟု အာဆီယံ လေ့လာ
ဆည်းပူးခြင်းဗဟိုဌာန လူမှုယဉ်ကျေးမှုရေးရာ သုတေသနမှူး မမိုးသူဇာက ပြောသည်။

လမ်းပန်းဆက်သွယ်ရေး လွယ်ကူချော့မွေ့မှု အားနည်းခြင်း၊ ကုန်အမှတ်တံဆိပ်တုပခြင်းနှင့် ကုန်
ပစ္စည်းမှောင်ခိုပြုခြင်းသည် လွတ်လပ် စွာကုန်သွယ်ခွင့်ကို ထိခိုက်စေပြီး တိကျသည့် အရေးယူ
ဆောင်ရွက်မှုနှင့် တားဆီးမှုပြုနိုင်မှ သာ မြန်မာနိုင်ငံသည် အာဆီယံစီးပွားရေး အသိုက်အဝန်း
အတွင်း လွယ်ကူစွာဝင်ရောက် နိုင်မည်ဖြစ်သလို ပြည်တွင်းကုန်စည်အရည်အသွေးနှင့် ကုန်သွယ်
မှုကို တိုးမြှင့်နိုင်မည်ဖြစ် ကာ ဥပဒေနှင့် မူဝါဒ ခိုင်မာရန်လိုအပ်ပြီး ကုန် ပစ္စည်းသာမက ကုန်အမှတ်
တံဆိပ်မူပိုင်ခွင့်များ ပါကာကွယ်ပေးရန် လိုအပ်ကြောင်း အာဆီယံ ဉာဏပစ္စည်းပိုင်ဆိုင်မှုအဖွဲ့ဝင်
တရားရုံးချုပ် ရှေ့နေ ဦးသိန်းအောင်က ပြောသည်။

"ကျွန်တော်တို့က အဓိက ပေါ်လစီတွေကို ပြီးအောင်လုပ်ရမှာ။ ပေါ်လစီတွေကလည်း တော်တော်
များတယ်။ အခုလည်း ကျွန်တော်တို့ ကုန်သွယ်ရေးမူဝါဒတွေ ရေးဆွဲနေပါတယ်။ အဲဒါက ၂၀၁၃
ခုနှစ်အတွင်းပြီးမှာပါ" ဟု ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင်
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ရာထူးတာဝန်ကို ရယူရမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်
တွင် အာဆီယံ စီးပွားရေးအသိုက်အဝန်းအကောင်အထည်ဖော်မှုကိုဆောင်ရွက်ရမည်ဖြစ်သည်။

ယင်းသို့အကောင်အထည်ဖော်ရန် အာဆီယံနိုင်ငံများဆောင်ရွက်ရမည့် လုပ်ငန်း ဆောင်တာများ
နှင့်ပတ်သက်၍ ၈၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးထားပြီ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး