'ကန်'အထူးအခွန်ကင်းလွတ်ခွင့်အတွက် ပြင်ဆင်ရန်လို

'ကန်'အထူးအခွန်ကင်းလွတ်ခွင့်အတွက် ပြင်ဆင်ရန်လို

အမေရိကန်နိုင်ငံ၏ အထူးအခွန်ကင်းလွတ်ခွင့် U.S. Generalized System of Preferences ကို
မြန်မာနိုင်ငံက ယခုနှစ်မကုန်မီ ရရှိနိုင် ကြောင်း အဖွဲ့အစည်းအများစုက ခန့်မှန်းထား ကြပြီး တာဝန်
ရှိသူများကလည်းကြိုးပမ်းလျက် ရှိရာ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကြိုပြင်ဆင်ကာ နိုင်ငံ၏
အားသာချက်များကို ကြိုတင်လေ့လာထားသင့်ကြောင်း ကုန်သည် စက်မှုအသင်းချုပ် တွဲဖက်
အထွေထွေအတွင်း ရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

"အဓိကအရေးကြီးတာက ကိုယ်က ွှဏ ရလို့ တင်ပို့တော့မယ်ဆိုရင် ကိုယ်တင်ပို့မယ့်နိုင်ငံရဲ့
လိုအပ်ချက်ကို သိဖို့လိုတယ်။ ပြီးတော့ ဘယ်လို ကုန်ပစ္စည်းတွေပို့လို့ရမလဲ။ ဒီထဲကမှ သူများ
နိုင်ငံတွေမှာမရှိဘဲ ကိုယ့်မှာရှိပြီး အရည်အသွေး ကောင်းတဲ့ ကုန်ပစ္စည်းတွေကိုလည်း စဉ်းစား
ထားရမယ်။ ပြီးတော့ သူတို့ရဲ့ ဈေးကွက်ကို လေ့လာထားရမယ်။ လက်ရှိမှာ ဘယ်နိုင်ငံတွေ
က ဘာတွေတင်သွင်းနေလဲဆိုတာ၊ ဘယ်အချိန် မှာတင်သွင်းလဲဆိုတာတွေပါ လေ့လာရမယ်"
ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် ၁၉၇၆ ခုနှစ်တွင် အမေရိကန်က အထူးအခွန်ကင်းလွတ်ခွင့်ပြုခဲ့သည့်
ထိပ်ဆုံးနိုင်ငံများ စာရင်းတွင် ပါ၀င်ခဲ့ သော်လည်း ၁၉၈၉ ခုနှစ်တွင် အမေရိကန် အစိုးရက
ထိုအခွင့်အရေးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် သမ္မတအိုဘားမားလက်ထက်တွင် မြန်မာ
နိုင်ငံအား ပြန်လည်ပေးအပ်ရန် ဦးစားပေးအနေဖြင့် ထည့်သွင်းစဉ်းစားနေခြင်း ဖြစ်ကြောင်း ပြည်
ထောင်စုမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ဩဂုတ်လ
အတွင်းက ပြုလုပ်ခဲ့သည့် အမေရိကန်နိုင်ငံ၏ အထူးအခွန်ကင်းလွတ် ခွင့်နှင့် ပတ်သက်သည့်
ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံသို့တင်သွင်းသည့် ကုန်ပစ္စည်း များနှင့်ပတ်သက်၍ သတ်မှတ်စံ
ပြည့်မီစေရန် အတွက် အထောက်အပံ့ပေးသည့် လုပ်ငန်း တစ်ခုဖြစ်သော Sandler Trade LLC
မှ အမှုဆောင်အရာရှိချုပ် Ms. Marideth Sandler က ထည့်သွင်းပြောကြားခဲ့သည်။

"ကျွန်မကတော့ ဒီနှစ်မကုန်ခင် ပေးတော့ မယ်လို့ ထင်တယ်။ ဒါကတော့ ကျွန်မအမြင်ပါ။ ကျွန်မ
အနေနဲ့ အကြံပေးချင်တာကတော့ မြန်မာ နိုင်ငံအနေနဲ့ကလည်း ဒီတိုင်းထိုင်စောင့်မနေဘဲ ဒီမှာ
ဘာတွေတိုးတက်ပြောင်းလဲနေပြီး ဘယ်လိုလုပ်ဆောင်ချက်တွေလုပ်နေပါတယ်ဆိုတာကို သူတို့
အမြဲသိနေအောင် လုပ်ပေးရမယ်။ ဒါတွေ က ွှဏ ရဖို့ အများကြီးအထောက်အကူဖြစ်စေ မှာပါ "ဟု
၎င်းက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် အမေရိကန် နိုင်ငံသို့ တင်ပို့သည့် ကုန်များအတွက် အခွန်ပေး
ဆောင်နေရပြီး ၂၀၁၃ ခုနှစ် ပထမခြောက်လ အတွင်း အမေရိကန်ဒေါ်လာ ရှစ်သန်းနီးပါးရှိသော
ကုန်စည်ပေါင်း ၄၈ မျိုးကိုသာ တင်ပို့ထား နိုင်သေးသည်။ အကယ်၍ ွှဏ ရရှိပါက မြန်မာ နိုင်ငံ
သည် ကုန်ပစ္စည်းအမျိုးပေါင်း ၄,၀၀၀ ကျော် တင်ပို့နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပွဲစာရင်းများတွင်
ဖော်ပြသည်။

"အမေရိကန်ကပေးတဲ့ အထူးအခွန်ကင်းလွတ်ခွင့်က လုံးဝကို အခွန်ပေးစရာမလိုဘူး။ တချို့နိုင်ငံ
တွေရဲ့ အခွန်ကင်းလွတ်ခွင့်တွေဆိုရင်တောင် ပုံမှန်အခွန်အောက် သက်သာပေမယ့် နည်းနည်းပေး
ရသေးတယ်။ ပြီးတော့ ကျွန်မတို့ ရဲ့အားသာချက်က ဆင်းရဲတဲ့စာရင်းဝင်နိုင်ငံ ဖြစ်တဲ့အတွက်
GSP လည်းရမယ်ဆိုရင် သူများ နိုင်ငံတွေက တင်ပို့တဲ့အရေအတွက်က ၃,၀၀၀ ကျော်ပဲ ပို့လို့ရရင်
မြန်မာနိုင်ငံက ၄,၀၀၀ ကျော် ပို့လို့ရတယ်။ သူများနိုင်ငံတွေထက် အမျိုး အမည် ၁,၅၀၀ ကျော်
လောက် ပိုတင်ပို့လို့ရတာပေါ့ "ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်မည့် အာဆီယံစီးပွားရေးအသိုက်အဝန်းပေါ်ပေါက်လာပါက
နယ်စပ်မှတစ်ဆင့် ကုန်စည်စီးဆင်းမှုများ၊ အရင်းအမြစ်စီးဆင်းမှုများကို လွတ်လပ် စွာ ဆောင်ရွက်
နိုင်တော့မည်ဖြစ်သဖြင့် အား ကောင်းသည့်နိုင်ငံများ၏ အားသာချက်ကို ယူ၍ မြန်မာနိုင်ငံမှတစ်
ဆင့် တင်ပို့ပါက ပိုမိုအကျိုးရှိနိုင်ကြောင်းလည်း ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

"ASEAN Economic Community ရဲ့အားသာချက်ကို ကိုယ်ကသုံးလို့ရတယ်လေ" ဟု ၎င်းက
ပြောသည်။

"လက်ရှိဒီမှာ အမေရိကန်ရဲ့ GSP မရသေး ဘူး။ ဒါပေမဲ့ ထုတ်ကုန်တွေက ဟိုဘက်ကို ရောက်
နေပြီ။ အခွန်ပေးပြီးတော့ကို ပို့နေတာ။ တချို့ နိုင်ငံတွေက ွှဏ ခံစားခွင့်ရပေမယ့် မပို့နိုင် တဲ့နိုင်ငံ
တွေ အများကြီးရှိတယ်။ မြန်မာပြည်က အဲဒီဘက်မှာ ယှဉ်ပြိုင်မှုအား အရမ်းကောင်းတယ်လေ။
ဒီတော့ မြန်မာပြည်ကသူတွေ အမေရိကဈေးကွက်ကိုပို့ချင်ရင်တော့ ဘယ်လိုအခွင့်အရေးမျိုးတွေ
ရှိတယ်၊ ဘာတွေပြင်ဆင်ထားဖို့လိုတယ် ဆိုတာတွေကို ဒီဆွေးနွေးပွဲမှာ Ms. Marideth Sandler
က လာပြောတာပါ " ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး