ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင်၊ဂျပန်ပါ၀င်မည့် ကဏ္ဍကို နို၀င်ဘာလ ရောက်မှသာ သိရှိနိုင်မည်

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင်၊ဂျပန်ပါ၀င်မည့် ကဏ္ဍကို နို၀င်ဘာလ ရောက်မှသာ သိရှိနိုင်မည်

မြန်မာ၊ ဂျပန်နှင့် ထိုင်း သုံးနိုင်ငံ ပူးပေါင်း ကျင်းပသော ထားဝယ် အထူးစီးပွားရေး ဇုန်စီမံကိန်းနှင့်
ပတ်သက်သည့် အစည်းအဝေးကို ပြီးခဲ့သည့် သီတင်းပတ်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဗဟို
ဘဏ်၌ ပြုလုပ်ခဲ့သော်လည်း ဂျပန်နိုင်ငံအနေဖြင့် စီမံကိန်းတွင် မဟာဗျူဟာမြောက် ပါ၀င်သူ
အဖြစ် မည်သို့ ပူးပေါင်းဆောင်ရွက်မည်ကိုမူ နို၀င်ဘာလအတွင်းနေပြည်တော်တွင် ကျင်းပမည့်
ဖက်စပ်ပူးပေါင်းဆောင်ရွက်မှုကော်မတီ အစည်းအဝေးမှသာ ရှင်းလင်းစွာ သိရှိနိုင်မည်ဖြစ်ကြောင်း
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဆက်အောင်က
ပြောသည်။

"အစည်းအဝေး တစ်ပွဲနှစ်ပွဲလောက် နဲ့ ဆုံးဖြတ်ချက်ပေးနိုင်မှာ မဟုတ်ဘူး။ ထားဝယ်အထူးစီးပွား
ရေးဇုန်အတွက် ဂျပန်က နည်းပညာအထောက်အပံ့ပေးမှာလား၊ အိုဒီအေ ပေးနိုင်မှာလား ဆိုတာ
ကို ဂျေစီစီအစည်းအဝေးကျရင် သိရမယ်။ ကြားထဲမှာလည်း နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲ
တွေပြုလုပ် သွားမယ်"ဟု ၎င်းကပြောသည်။

စီမံကိန်း၏ ပထမငါးနှစ်အစီအစဉ် အရ ၂၀၁၃ မှစတင်၍ လာမည့်ငါးနှစ် အတွင်း မြန်မာ ထိုင်း
အဝေးပြေးလမ်းမ ဖောက်လုပ်ခြင်း၊ ွှထူးစီးပွားရေးဇုန်အင်္ဂါရပ်နျင့် ကိုက်ညီသော ဒေသတွင်း လို
အပ်ချက်များဖြစ်သည့် လျှပ်စစ်မီး၊ ရေ၊ လူနေအဆောက်အအုံများ၊ ဆေးရုံ နှင့် ကျောင်းများ
အတွက် စီမံဆောက် လုပ်မှုများ ပါ၀င်ပြီး အခြားအကြီးစား စက်ရုံများနှင့်စပ်လျဉ်းသော စီးပွား
ရေးလုပ်ငန်းများကိုမူ နောက်ပိုင်းဆောင် ရွက်နိုင်မည် ဖြစ်သည်။

"စီမံကိန်းအတွက် ငွေကြေးလိုအပ်မှု က အတော်လေးများပါတယ်။ ဂျပန်လို စိတ်ချရပြီး လက်တွဲ
ဆောင်ရွက်မယ့်သူ မျိုး ခေါ်ယူဖို့လိုအပ်ပြီး ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာတွေက လည်း
လုပ်ငန်းမြန်မြန်ဆန်ဆန်ပြီးစီး နိုင်အောင် အထောက်အကူပြုပေးမှာ ပါ"ဟု ထားဝယ်စီးပွားရေးဇုန်
နှင့် ဆက်စပ်စီမံကိန်းများ အကောင် အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမြင့်က
ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ တွင် ၂၀၁၂၊ နို၀င်ဘာလအတွင်းက (၂၁) ကြိမ်မြောက်အာဆီယံ
အစည်း အဝေးပြုလုပ်စဉ်က ထိုင်းနျင့် မြန်မာ နှစ်နိုင်ငံအစိုးရအကြား အဆိုပါ စီမံကိန်းတွင် ဂျပန်နိုင်
ငံပါ၀င်ဆောင် ရွက်နိုင်ရန်အတွက် သဘောတူညီမှုရရှိ ခဲ့ကြသည်။

"ဂျပန်လိုမျိုး နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူတွေအနေနဲ့ အစိုးရကဏ္ဍက ဖြစ်စေ၊ ့ုဂ္ဂလိက ကဏ္ဍကဖြစ်
စေ ဒီစီမံကိန်းတိုးတက်ဖို့ ပါ၀င်ဆောင်ရွက် စေချင်ပါတယ်" ဟု ၎င်းက ပြောသည်။ ဂျပန်နိုင်ငံခြား
ရေးဝန်ကြီးဌာန၏ အရှေကတောင်နှင့် အနောက်တောင်ရေးရာဌာန၏ ဒုတိယညွှန်ကြားရေးမှူး မစ္စ
တာ ဟိဒဲနိုယာနာဂျီက ၎င်းတို့တွင် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ အတွေ့အကြံုကောင်းများ
ရှိကြောင်း ပြောသည်။

အထူးသဖြင့် ယခုထားဝယ်စီးပွားရေးဇုန်သည် ပြီးခဲ့သည့်နှစ် ၂၀ ခန့်က ထိုင်းနှင့်ပူးပေါင်းဆောင်
ရွက်ခဲ့ သော ထိုင်းနိုင်ငံ၏ အရှေကဘက်ပင်လယ် တွင်ရှိသော မာတာပွတ် စက်မှုဇုန် စီမံကိန်းပုံ
စံနှင့် ဆင်တူကြောင်း ၎င်းက ပြောသည်။

"ဒီစက်မှုဇုန်စီမံကိန်းမှာ အခက်အခဲတွေရှိတယ်ဆိုပေမယ့် အခုလက်ရှိမှာ အောင်အောင်မြင်မြင်
လုပ်ကိုင်နိုင်ဆဲပါ"ဟု ၎င်းကပြောသည်။ ဂျပန်နိုင်ငံ ၏ ယခုတစ်ကြိမ် လာရောက်မှုသည် ရေနက်
ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန်စီမံကိန်းတို့နှင့် ပတ်သက်၍ သတင်းအချက်အလက်များ ရယူရန်
ဖြစ်သည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr.Niwattumrong Boosong paisan က အဆိုပါ အဆင့်မြင့်စီမံ
ကိန်း ကြောင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းပေါကာ မြန်မာနိုင်ငံအတွက်သေချာပေါက်
အကျိုးရှိမည်ဖြစ်ကြောင်း ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး