ဂျပန်နှင့် မြန်မာ ကုမ္ပဏီချင်းပူးပေါင်းကာ ကြော်ငြာနှင့် ၀န်ဆောင်မှုလုပ်ကိုင်သွားမည်

ဂျပန်နှင့် မြန်မာ ကုမ္ပဏီချင်းပူးပေါင်းကာ ကြော်ငြာနှင့် ၀န်ဆောင်မှုလုပ်ကိုင်သွားမည်

ဂျပန် ကြော်ငြာအေဂျင်စီလုပ်ငန်းနှင့် မြန်မာပုဂ္ဂလိကမီဒီယာကော်ပိုရေးရှင်းတို့ အကျိုးတူ ပူးပေါင်း
ကာကြော်ငြာဈေးကွက် အပါအဝင် ဈေးကွက်နည်းပညာ ပေါင်းစပ်ထားသော ၀န်ဆောင်မှုလုပ်ငန်း
များကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းများမှ တာဝန်ရှိသူများက ပြောသည်။

ဂျပန်နိုင်ငံ၏တတိယအကြီးဆုံး ကြော်ငြာ လုပ်ငန်းအေဂျင်စီတစ်ခုဖြစ်သည့် ADK ကုမ္ပဏီ နှင့်
မြန်မာပုဂ္ဂလိက ကုမ္ပဏီလုပ်ငန်းဖြစ်သည့် ဟင်္သာ မီဒီယာကော်ပိုရေးရှင်းတို့သည် ဂျပန် ယန်းငွေ
၆၃ မီလျံ (ကန်ဒေါ်လာခြောက်သိန်းလေးသောင်းကျော်ခန့်) ရင်းနှီးမြှုပ်နှံကာ KH Myanmar
ကုမ္ပဏီအဖြစ် မကြာမီ လုပ်ကိုင်သွားမည် ဖြစ်သည်။

"ဂျပန်ကုမ္ပဏီက ရ၀ ရာခိုင်နှုန်း ကျွန်တော် တို့က ၃၀ ရာခိုင်နှုန်း အကျိုးတူ ပါ၀င်ထားတာ ပါ။
၀န်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တာမို့ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရလည်း အဆင်ပြေ ပါတယ်" ဟု
ဟင်္သာ မီဒီယာကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ် ဦးမင်းဗညားစံက ပြောသည်။

မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ
၏ လုပ်ငန်းကုန်ပစ္စည်းများအတွက် ၀န်ဆောင်မှုလုပ်ငန်း အရပ်ရပ်ကို ချိတ်ဆက်ဆောင်ရွက်ပေး
သောလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

"နိုင်ငံတကာမှာရှိကြတဲ့ ပြည်ပရင်းနှီးမြှုပ်နှံ သူတွေအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ
လာရောက်ရင်းနှီးမြှုပ်နှံချင်ပေမယ့် ဘာပစ္စည်း ကိုယူလာရမယ်ဆိုတာမသိသေးဘူး။ ဒါကိုလည်းသိသွားစေချင်တယ်။ နောက်တစ်ခုက မြန်မာပြည်တွင်းကထွက်တဲ့ ထုတ်ကုန်
တစ်ခုခုကိုလည်း ကမ္ဘာလုံးဆိုင်ရာဖြစ်ဖို့ လုပ်သွားချင်တာကြောင့် ဒီလိုပူးပေါင်း လုပ်ဆောင်
မှုကို စတင်ခဲ့တာပါ" ဟု ဦးမင်းဗညားစံက ပြောသည်။

ADK ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မစ္စတာရှီနီချီယူအီနိုက ဂျပန်နိုင်ငံသည် မြန်မာ နိုင်ငံနှင့်
စီးပွားရေးလုပ်ငန်းများ အကျိုးတူ လုပ်ကိုင်ခဲ့ခြင်းရှိပြီး ယခုကဲ့ဖွံ့ဖြိုးလာချိန်တွင် မြန်မာနိုင်ငံသို့
လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ဂျပန်လုပ်ငန်းရှင်ပေါင်း များစွာရှိသော်လည်း မည်သို့လုပ်ကိုင်
ရမည်ကို သေချာစွာ မသိရှိခြင်း ကြောင့် လာရောက်လုပ်ကိုင်လိုသော ဂျပန်လုပ်ငန်းရှင်များ
အတွက်သာမက ကုန်ပစ္စည်းတင်ပို့ချင်သူများ ဈေးကွက်ဝင်နိုင်ရန်အတွက် ကြော်ငြာတစ်ခုတည်း
မဟုတ်ဘဲ အားလုံးသောဝန်ဆောင်မှုများ လုပ်ကိုင်ရန်နှင့် အကျိုးတူ ပူးပေါင်းရန် မြန်မာနိုင်ငံသို့
လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှကုန်ပစ္စည်းများကို ၀န်ဆောင်မှုပေးရန် လုပ်ငန်းအပ်နှံထားခြင်းမရှိဘဲ
ဂျပန်မှကုန်ပစ္စည်းများကိုသာ မြန်မာ ဈေးကွက်အတွင်း သိရှိနိုင်ရန်အတွက် ၀န်ဆောင်မှုလုပ်ငန်း
များ ဆောင်ရွက်သွားရန်ရှိကြောင်း ဟင်္သာမီဒီယာကော်ပိုရေးရှင်း၏ အုပ်ချုပ်မှုဒါရိုက်တာ
ဦးမင်းလဂွန်းအိမ်က မြန်မာတိုင်း(မ်)ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး