စလစ်ဈေးတက်ပြီး အမြင့်ကားအရောင်းအဝယ် အေး

စလစ်ဈေးတက်ပြီး အမြင့်ကားအရောင်းအဝယ် အေး

ရန်ကုန် ကားဈေးကွက်အတွင်း စလစ် ဈေးများတက်လာခြင်းကြောင့် အမြင့်ကားများ အရောင်း
အဝယ်အေးကာ ကျပ်သိန်းတစ်ရာ ၀န်းကျင်ကားများ အရောင်းအဝယ်လိုက်လာ ကြောင်း ကား
၀ယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။

"ဈေးကွက်ကတော့ ခါတိုင်းရက်တွေထက် အရောင်းအဝယ်ပါးတယ်။ လေလံပါတဲ့ကားပြပွဲကို စိတ်
၀င်စားလို့စောင့်တဲ့သူများလို့လည်း ဖြစ်နိုင်တယ်။ နယ်ဝယ်လက် ဆင်းတာတော့ရှိ ပြီး Toyota
Hilux နဲ့ Belta တွေတော့ အမေး များတယ်။ လုပ်ငန်းသုံးကားတွေကတော့ အမေးပဲရှိပြီး အဝယ်
သိပ်မလိုက်ဘူး။ လက်ရှိ ဈေးကွက်ထဲမှာ အရောင်းအဝယ်ဖြစ်နေတာက သိန်းတစ်ရာကျော်တန်
ကားတွေ များတယ်" ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုဦးက ပြောသည်။

လာမည့် အောက်တိုဘာ ပထမပတ်အတွင်း ပြုလုပ်မည့် ကားအရောင်းပြပွဲတွင် လေလံပွဲ များပါ
၀င်မည်ဟု ကြိုတင်ကြေညာထားခြင်းကြောင့် ကားဝယ်ယူလိုသူတချို့ စိတ်ဝင်စားမှု ရှိသော်လည်း
တချို့မှာမူ ရေစိမ်ကားဟု လူသိ များသည့် ပြည်ပမှတင်သွင်းလာပြီး ဆိပ်ကမ်းတွင် သောင်တင်
နေသောကားများ ပါ၀င်မည် ကိုစိုးရိမ်နေကြကြောင်း ကားဝယ်ရောင်း လုပ်ငန်းရှင်များက
ပြောသည်။

"ဈေးကွက်ထဲမှာ အရောင်းအဝယ်နည်းနည်း ပြန်လိုက်လာချိန်မှာ ကားအရောင်းပြခန်းတွေ
စုပေါင်းပြီး ကားပြပွဲပြန်လုပ်လာတာ တွေ့ရ တယ်။ အဲဒီပွဲမှာ ထူးခြားချက်က ကားလေလံပွဲ
ပါမယ်လို့ ပြောတယ်။ အိမ်စီးကား အစီး ၂၀ ကျော် အပြင် လုပ်ငန်းသုံးကားတွေလည်း
လေလံစနစ် နဲ့ရောင်းပေးမယ်လို့ ကြားတယ်။ အဲဒီကား လေလံကို စိတ်ဝင်စားတဲ့သူက
အရင်ဆုံး စပေါ်ငွေအဖြစ် သုံးသိန်းလောက် တင်ရမယ်။ လေလံကားတွေကတော့ အပြင်
ပေါက်ဈေး ထက် သိန်း ၂၀ ကနေ ၃၀ လောက်သက်သာ မယ်လို့ ကြားတယ်။ ကားအရောင်း
ပြခန်းတွေ မှာ ဟိုအရင်ကဈေးနဲ့ သွင်းထားတဲ့ကားတွေဆိုရင်တော့ ၀ယ်တဲ့သူတွေအတွက်စိတ်ချ
ရပေမယ့် သီလဝါ လိုနေရာမျိုးမှာ ရေတောထဲမှာထားတဲ့ ကားတွေဆိုရင်တော့ သိပ်အဆင်မပြေနိုင်
ဘူး" ဟု ကားအရောင်းအဝယ် လုပ်ကိုင် သူတစ်ဦးက ပြောသည်။

ဈေးကွက်အတွင်း စလစ်ဈေးနှုန်းမှာ ကျပ် ၁၁၅ သိန်းမှ ၁၁၇ သိန်းကြား ဈေးပေါက်နေ ခြင်းကြောင့်
စလစ်ဖြင့်တွဲရောင်းသော ကား အရောင်းပြခန်းများမှ ကားများမှာ အရောင်းအဝယ်အေးနေကြောင်း
၀ယ်ရောင်းများက ပြော သည်။ "စလစ်နဲ့တွဲရောင်းတဲ့ အမြင့်ကားတွေက ကားတစ်ခုတည်းပဲ ကန
ဦးတင်သွင်းခ သိန်း ၈၀ လောက်ဆိုရင် စလစ်ပေါင်းလိုက်တာနဲ့ ဒီကားတန်ဖိုးက သိန်း ၂၀၀
လောက် ဖြစ်သွားတယ်။ အဲဒီလို သိန်း ၂၀၀ လောက်သုံးမယ့်အစား အပြင်မှာ သိန်း ၁၀၀ ကျော်
လောက်ဆိုရင် Nissan AD Van, Toyota Probox နဲ့ Honda Fit လောက်တောင် ရနိုင်တယ်။

ဒီတော့ ၀ယ်မယ့်သူတွေက သိန်းတစ်ရာကျော်ကားတွေ ကိုပဲ ရှာကြတာများတယ်"ဟု ကားဝယ်
ရောင်းလုပ်ကိုင်သူ ဦးမင်းညွန့်က ပြောသည်။ စက်တင်ဘာလ ၂၄ ရက်နေ့ အထိ 'သ' အက္ခရာ
ကားဟောင်းအစီးရေ ၄,၂၄၂ စီး အပ်နှံပြီးစီးခဲ့ပြီး 'လ'အက္ခရာအစီးရေ ၃,၈၀၆ စီး အပ်နှံခဲ့ပြီးဖြစ်
သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး