မြန်မာလူငယ်များ အသိပညာနှင့် အတတ်ပညာပိုင်း ကြိုတင်ပြင်ဆင်ထားရန်လို

မြန်မာလူငယ်များ အသိပညာနှင့် အတတ်ပညာပိုင်း ကြိုတင်ပြင်ဆင်ထားရန်လို

အာဆီယံ အသိုက်အဝန်းစတင်မည့် ၂၀၁၅ ခုနှစ်မတိုင်မီ မြန်မာလူငယ် များအနေဖြင့် အသိပညာ၊
အတတ် ပညာပိုင်းကို အထူးပြင်ဆင်ထားရန်အရေးကြီးကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

"အခုအချိန်မှာ အလုပ်အကိုင် အခွင့် အလမ်းတွေလည်း များလာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ
လည်း ၀င်လာနေပါ ပြီ။ အဲဒီထဲမှာ ကိုယ်ကဝင်ဆံ့ဖို့လို တယ်။ ဒါပေမဲ့ သူတို့ကအတတ်ပညာ
လိုအပ်ချက်တွေ ရှိနေတာကို ထောက် ပြနေတယ်။ ဒီတော့ လူငယ်တွေအနေ နဲ့ ကြိုးစားဖို့လို
တယ်" ဟု ၎င်းက ပြော သည်။

ယခုအချိန်သည် ကမ္ဘာနှင့်ရင်ပေါင် တန်းနိုင်ရန် အထူးသဖြင့် အာဆီယံဒေသစံနှုန်းနှင့် ရင်ပေါင်
တန်းနိုင်ရန် အရေးတကြီး လိုအပ်နေကြောင်းနှင့် ထိုသို့မဆောင်ရွက်နိုင်ပါက ဒေသ၏လွှမ်းမိုးမှု
ခံရနိုင်ကြောင်း ဒေါက်တာမောင်မောင်လေးက ပြောသည်။

"အာဆီယံ အသိုက်အဝန်းမှာ ရင်ပေါင်တန်းနိုင်ဖို့ တော်တော်လေး အားနည်းနေတာ တွေ့ရတယ်။
အခုလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကုန် ပြောင်းတဲ့ အချိန်မှာ ကိုယ်ကမတတ်ရင် ပြုတ်သွား
လိမ့်မယ်။ ဒေသက လွှမ်းမိုး သွားလိမ့်မယ်" ဟု ၎င်းကပြောသည်။ လက်ရှိတွင် ကမ္ဘာ့အသိ
အမှတ်ပြု အိန္ဒိယနိုင်ငံအခြေစိုက် အသက်မွေး ၀မ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်း ဖြစ်သော
Centum Learnin က မြန်မာ နိုင်ငံအတွင်း လာမည့်လ အနည်းငယ် အတွင်းတွင် အစိုးရနှင့်
ပုဂ္ဂလိက နှစ်မျိုး စလုံးနှင့် တွဲဖက်ကာ စတင်ဖွင့်လှစ်ရန် မိတ်ဆက်ခဲ့သည်။

"မြန်မာနိုင်ငံမှာ အတတ်ပညာပိုင်း ဆိုင်ရာကျွမ်းကျင်မှု ဖွံ့ဖြိုးဖို့ အများကြီး လိုအပ်နေတာတွေ့ရပါ
တယ်။ ကျွန်တော် တို့ဆီမှာ ရှိနေတာတွေကို မြန်မာနိုင်ငံ က လူငယ်တွေကို မျှဝေပေးပြီး လိုအပ်
ချက်တွေကို ဖြည့်ဆည်းပေးချင်ပါ တယ်" ဟု ယင်းကုမ္ပဏီမှ ဒါရိုက်တာ Sanjeev Duggal က
မြန်မာတိုင်း(မ်) ကို ပြောသည်။ ဒေါက်တာမောင်မောင်လေးက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏
ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး လုပ်ဆောင်ချက် များတွင် အသက်မွေးဝမ်းကျောင်းပညာရပ်များက
လည်း အဓိကကျကြောင်း နှင့် အစိုးရအနေဖြင့်လည်း အဆိုပါ ကုမ္ပဏီအား ခွင့်ပြုသွားရန် အလား
အလာများကြောင်း ပြောသည်။

"နောက် သုံးလလောက်နေရင် စမယ် လို့ ကုမ္ပဏီဘက်က ပြောတယ်။ အစိုးရ နဲ့ ညှိနှိုင်းနေတာ
ပေါ့။ အစိုးရအနေနဲ့ ကလည်း ခွင့်ပြုပေးမှာပါ။ ကိုယ့်နိုင်ငံ ကောင်းဖို့ပဲဆိုတော့ မကြာခင်မှာဖြစ်
လာတော့မှာပါ "ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် စီးပွားရေးကို အမေရိကန် ဒေါ်လာ သန်းနှစ်ရာ
ကျော်ထိ လေးဆ တိုးမြှင့်တင်နိုင်သော အလားအလာကောင်းများရှိကြောင်းကို McKinsey
Institute က ထုတ်ပြန်ထားသည့် စာတမ်းတွင် ရေးသားဖော်ပြထားသည်။

အဆိုပါ စာတမ်းတွင် ထိုတိုးတက်လာ နိုင်သောစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု များကို အခွင့်ကောင်း
ယူ၍ အသိပညာ နှင့် အတတ်ပညာများကိုပါ တိုးတက် အောင်လုပ်ဆောင်နိုင်ကြောင်း အထူး
အလေးပေး ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ သံအမတ်ကြီး Gautam Mukhopadhyay က "ကျွန်တော်တို့ ဟာ မြန်မာနိုင်ငံမှာ
အလုပ်အကိုင် ရရှိမှု အခွင့်အလမ်းတွေနည်းနေတာ ရယ် လုပ်သားစွမ်းရည်လိုအပ်ချက်တွေရှိနေ
တာရယ်နဲ့ ပတ်သက်ပြီး ပူပန် မိတယ်။ နိုင်ငံတကာရဲ့ ပူးပေါင်း ကူညီမှုတွေနဲ့ဆိုရင် မြန်မာနိုင်ငံ
ဟာ လာမယ့် ၂၀၃၀ ခုနှစ်မှာ စိုက်ပျိုးရေး နဲ့မသက်ဆိုင်ပဲ အလုပ်အကိုင်ပေါင်း ၁၀ သန်းကျော်ကို
ဖန်တီးပေးနိုင်မဲ့ အလားအလာတွေရှိနေပါတယ်" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး