Yangon Lifestyle Furniture Fair ၂၀၁၃ ကျင်းပခဲ့

Yangon Lifestyle Furniture Fair ၂၀၁၃ ကျင်းပခဲ့

မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းမှကြီးမှူး၍ Thousand Islands Business Group ၏
ဦးဆောင်စီစဉ်မှုဖြင့် Yangon Lifestyle Furniture Fair 2013 ကို စက်တင်ဘာ ၂၆ ရက်မှ ၃၀
ရက်ထိ ဒဂုံ မြို့နယ်၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပခဲ့သည်။

"အခုကျင်းပတဲ့ ပရိဘောဂ ပြပွဲကတော့ ခုနစ်ကြိမ်မြောက်ဖြစ်ပါတယ်၊ဒီပြပွဲမှာဆိုရင်ဆိုင်ခန်းပေါင်း
၁၆၄ ခန်းနဲ့ ကုမ္ပဏီပေါင်း ၃၁ ခုပါ၀င်ပြသ ပြီး နိုင်ငံခြားကကုမ္ပဏီ လေးခုပါ၀င်ပါတယ်၊ ရည်ရွယ်
ချက်ကတော့ မြန်မာပြည် မှာရှိတဲ့ပြည်သူလူထုတွေကို နိုင်ငံ ခြားကို expot လုပ်နေတဲ့ furniture
တွေထဲကနေပြီးတော့ နိုင်ငံခြားအဆင့်အတန်းမီတဲ့ furniture တွေကိုဝယ်ယူ ရရှိနိုင်အောင် ရည်
ရွယ်ပါတယ်၊ နောက်တစ်ချက်က ပြပွဲကျင်းပလာတာ ကလည်း ခုနစ်ကြိမ်ရှိပြီဖြစ်တဲ့အတွက်ကုမ္ပ
ဏီတစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် အဆင့်အတန်းမြင့်စွာ ထုတ်လုပ်ရောင်းချနိုင်တဲ့အတွက် ဒီမှာရှိတဲ့
ပြည်သူလူထုအနေနဲ့ အဆင့်အတန်းမြင့်တဲ့ furniture တွေကိုအလွယ်တကူ ၀ယ်ယူရရှိနိုင်ဖို့
အတွက်လည်း ရည်ရွယ်ပါတယ်" ဟု ပရိဘောဂပြပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်း သိန်းက
မြန်မာတိုင်း(မ်)သို့ ဖွင့်ပွဲအခမ်း အနားကျင်းပသည့်နေ့တွင် ပြောသည်။

ပြပွဲတွင် ပရိဘောဂကုမ္ပဏီများ၊ ပရိဘောဂသုတ်ဆေးကုမ္ပဏီများနှင့် အဆင့်မြင့် ခုတင်၊ မွေ့ရာ၊
ခေါင်းအုံး ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီများ ပါ၀င်ပြသခဲ့သည်။ Yangon Lifestyle Furniture
Fair ဖွင့်ပွဲအခမ်းအနားကိုရန်ကုန်မြို့တော်ဝန်နှင့် ရန်ကုန်တိုင်းဒေသကြီးစည်ပင် သာယာရေးဝန်ကြီး
ဌာနဝန်ကြီး ဦးလှမြင့်၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးသန်းမြင့်၊
မြန်မာ့သစ်လုပ်ငန်းအထွေထွေ မန်နေဂျာ ဦးအေးကျော်၊ မြန်မာ နိုင်ငံသစ်လုပ်ငန်းရှင်များအသင်း
ဥက္ကဋ္ဌ ဦးစိန်လွင်၊ Thousand Island Business Group မှ အုပ်ချုပ် မှု ဒါရိုက်တာ ဦးမင်းသိန်းတို
့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီး ချုပ် ဦးမြင့်ဆွေက ပြပွဲ
အား စက် ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းက ကြီးမှူးကျင်းပသည့် ပရိ ဘောဂပြပွဲကို တစ်နှစ်လျှင်နှစ်
ကြိမ်နှစ်စဉ်ကျင်းပခဲ့ပြီး ပါ၀င်ပြသည့် ပရိ ဘောဂလက်ရာများလည်း တစ်နှစ်ထက် တစ်နှစ် ပိုပို
ကောင်းမွန်လာကြောင်း လည်း ၎င်းကရှင််းပြခဲ့သည်။

"နှစ်စဉ်ကျင်းပတဲ့အတွက် ပါ၀င်ပြသတဲ့ကုမ္ပဏီတစ်ခုနဲ့တစ်ခု အပြိုင် အဆိုင်ဖြစ်လာပါတယ်၊ ပရိ
ဘောဂ လက်ရာတွေ ပိုတိုးတက်လာတယ်၊လက်ရာတွေတိုးတက်လာတာနဲ့အညီ ပြည်သူလူထု
အတွက်လည်း ကွာလတီအဆင့်အတန်းမီတဲ့ furniture တွေကိုပြည်တွင်းမှာပဲ ၀ယ်လို့ရလာပြီ
ပေါ့၊ ပြပွဲကို တစ်နှစ်နှစ်ကြိမ် မတ်လနဲ့ စက်တင်ဘာလမှာ ကျင်းပပြီး နောက်တစ်ကြိမ် ၂၀၁၄ မတ်
လ ၂၇ ရက် တပ်မတော်နေ့မှာပဲ ကျင်းပသွားဖို့ စီစဉ် ထားပါတယ်"ဟုလည်း၎င်းကပြောသည်။

"ပြီးခဲ့တဲ့အကြိမ် ၂၀၁၃ မတ်လမှာတုန်းက လေးရက်ကျင်းပခဲ့တာ၊ လေးရက်အတွင်းမှာ လူပေါင်း
၁၂,၀၀၀ လောက် လာရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်၊ အခုအကြိမ်မှာတော့ ပြပွဲကို ငါးရက်ခင်း
ကျင်းပြသခဲ့ပြီး ငါးရက်အတွင်းမှာလူပေါင်း ၁၅,၀၀၀ လောက်လာရောက်ကြည့်ရှုလေ့လာမယ်လို့
မျှော်မှန်းထားပါတယ်"ဟုလည်း ဦးမင်းသိန်းက ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး