မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲလာ သော စီးပွားရေးဆိုင်ရာမူဝါဒများနှင့် အတူ လွတ်လပ်စွာ
တင်သွင်းခွင့်ပြု ခဲ့သော ကားတင်သွင်းမှုဆိုင်ရာ မူဝါဒ အရ မော်တော်ကား ၀ယ်ယူသူများ
အတွက် အမှန်တကယ်အသုံးတည့်သော ကားမျိုးကို ရွေးချယ်ဝယ်ယူလာ နိုင်ကြောင်း Ford
ကားအရောင်းပြခန်း နှင့် ဆားဗစ်စင်တာကိုတာဝန်ယူလုပ် ကိုင်နေသော Capital Automotive
Ltdမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ထွန်း ကပြောသည်။
"မြန်မာနိုင်ငံမှာက အသုံးပြုပြီးသား ကားတွေကို သုံးနေရပါတယ်။ ကုန်ကျ စရိတ်နဲ့ ပြန်တွက်
လိုက်မယ်ဆိုရင် ကားသစ်က ပိုပြီးအဆင်ပြေတယ်ဆို တာ သိလာကြမှာပါ"ဟု ဦးခင်ထွန်းက
ပြောသည်။
အမေရိကန်နိုင်ငံထုတ် Fordကား များကို ၂၀၁၃ ခုနှစ်၊ ဧပြီလမှစတင်၍ မြန်မာ့ကားဈေးကွက်သို့
တရားဝင် ၀င်ရောက်လာခဲ့ပြီး အရောင်းပြခန်းနှင့် ဆားဗစ်စင်တာကိုလည်း သမိုင်းလမ်းဆုံအနီး
အင်းစိန်လမ်းမပေါ်တွင် အောက်တိုဘာလ ၄ ရက်နေ့က ဖွင့်လှစ် ခဲ့သည်။
Ford Motor Company က ၎င်းတို့ ၏ ပထမဦးဆုံးကိုယ်စားလှယ်အဖြစ် Capital Diamond
Star Group ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Capital Automotive Ltd ကို အသိအမှတ်ပြုခန့်အပ်
ခဲ့ပြီး အာရှနှင့် အာဖရိကနိုင်ငံများတွင် လုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့်RMA Groupနှင့် ပူးပေါင်း
လုပ်ဆောင်သွားမည်ဖြစ်သည်။
Capital Automotive အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကားအသစ်
တင်သွင်းသူများအတွက် ထုတ်ပြန်ထားရှိသော စည်းကမ်းချက် များနှင့်အညီ တင်သွင်းလာခြင်း
ဖြစ်ကြောင်း ဦးခင်ထွန်းကပြောသည်။
"အမှန်တကယ်ကတော့ ကားသစ်ဈေးကွက်မှာ ထုတ်လုပ်တဲ့စက်ရုံကို ခြောက်လလောက် ကြိုမှာ
ရတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက လူတွေကတော့ အဲလိုမှာရတာမျိုးကို သိပ်မကြိုက်ဘူး။ အခုမြင်
အခုလိုချင်တဲ့သူက ပိုများ တယ်။ လက်ရှိ အစိုးရကချမှတ်ထားတဲ့ မူဝါဒအရ consignment
(ကုန်ရောင်း ပြီးမှ ငွေချေသည့်စနစ်) ပိုရတဲ့အတွက် ဒီမှာရောက်ထားတဲ့ကားတွေကို မှာတဲ့သူရဲ့
နာမည်နဲ့ အခုမြင် အခုဝယ်စနစ် ဖြစ်အောင် ၀န်ဆောင်မှုပေးနေပါ တယ်။ အစိုးရ ချမှတ်ထားတဲ့
3S(Sale, Service, Spare Parts) နဲ့ ပြည့်စုံမှ ဖွင့်ခွင့်ပေးတယ်ဆိုတာ မှန်ပါတယ်။ အဲဒါက
တကယ်ကိုလိုအပ်တာပါ။ လက်ရှိမြန်မာနိုင်ငံမှာ ၀န်ဆောင်မှု မပေးနိုင်ဘဲနဲ့ ကားသစ်ရောင်းနေတဲ့
သူတွေလည်း အများကြီးရှိတယ်။ ကတ်စတန်မာဘက်က ကြည့်ရင်လည်း အာမခံချက်ဆိုတာ
ရှိကိုရှိသင့်တယ်" ဟု ဦးခင်ထွန်းကပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ နိုင်ငံတကာမှကားသစ်များကို တရားဝင်
တင်သွင်းခွင့် ပြုလိုက်ပြီးနောက်တွင် ဂျပန်နိုင်ငံထုတ် Nissan, Mazda ဂျာမနီနိုင်ငံထုတ်
Mercedes၊ ကိုရီးယားနိုင်ငံထုတ် ံပကညိငေ နှင့် အမေရိကန်ထုတ် Ford ကားများကိုတင်သွင်း
ခဲ့ကြသည်။
Ford မော်တော်ကား၊ ထရပ်ကား၊ ှ့ဠ တွေအပြင် တခြားအမျိုးအစားတွေကို တွေ့မြင်ရတော့မှာပါ။
ဧပြီလ ကနေ အခုချိန်ထိဆို အစီးရေတစ်ရာ ကျော်လောက် ရောင်းချပြီးပါပြီ"ဟု Ford Motor
Company, Asia Pacific Emerging Markets Group ၏ ဒေသ ဆိုင်ရာ မန်နေဂျာ David
Westerman ကပြောသည်။
ပြီးခဲ့သည့်လအတွင်းက ကားအ ရောင်းစင်တာများကို ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်းထုတ်
လုပ်သော မော်တော်ယာဉ်များကို ထပ်မံတင်သွင်း ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ပြည်တွင်း၌ လုပ်ကိုင်
လျက်ရှိကြသော အရောင်းစင် တာအများစုက ကားသစ်များ အပြိုင်အ ဆိုင် တင်သွင်းလာကြ
သော်လည်း Capital Automotive Ltd က ၎င်းတို့ တင်သွင်းသည့်ဖို့ဒ်ကားများကို တစ် ဆင့်ပြန်
လည်ရောင်းချခြင်း ပြုလုပ်ဦး မည်မဟုတ်သေးကြောင်း ဦးခင်ထွန်း က ပြောသည်။
"Ford က နာမည်ရှိတဲ့ အမှတ် တံဆိပ်တစ်ခုဖြစ်တယ်။ အရောင်းပြခန်း ကို နိုင်ငံတကာက သတ်
မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီဆောက်လုပ် ပြီးမှ ဖွင့်ခွင့်ရတာပါ။ ဒါကြောင့် အဲဒီ စံချိန်စံညွှန်း
တွေနဲ့ ကိုက်ညီမှသာ တခြား ကိုရောင်းချခွင့်ပေးလို့ရမှာပါ။ ပိုက်ဆံ ပေး၊ ပစ္စည်းပေးမယ်ဆိုပြီး လုပ်
လို့မရ ပါဘူး။ ၀န်ဆောင်မှုကို အဓိကထားပါ တယ်"ဟု ဦးခင်ထွန်းက ပြောသည်။
လက်ရှိ ဖွင့်လှစ်ထားသော ဖို့ဒ်ကားအရောင်းပြခန်းတွင် Ranger, Fseries pickup, Explorer နှင့်
Event SUV များအပြင် လူစီးကားအနေဖြင့် Taurus များ ပြသထားပြီး အရောင်းပြခန်းမှာ ၂,၆၀၀
စတုန်းရန်းမီတာကျယ်ဝန်းကာ မော်တော်ကား ၁၂ စီးကို ပြင်ဆင်ပေးနိုင်သော Service Center
လည်း ပါရှိပြီးဖြစ်သည်။

















