မြန်မာ-ဂျပန်၊ပူးပေါင်း၍၊ပြည်ပဆန်တင်ပို့မှု မြှင့်တင်မည်

မြန်မာ-ဂျပန်၊ပူးပေါင်း၍၊ပြည်ပဆန်တင်ပို့မှု မြှင့်တင်မည်

တစ်နှစ်လျှင် ဆန်စပါးတန်ချိန်ပေါင်းတစ်သိန်း ပြည်ပတင်ပို့နိုင်မည့်စီမံကိန်းကြီးကို မြန်မာ- ဂျပန်
ပူးပေါင်းဆောင်ရွက်မှုဖြင့်စတင်ဆောင် ရွက်နေပြီဖြစ်ကြောင်းနှစ်ဖက်တာဝန်ရှိသူများ ကပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကဖွဲ့စည်း ထားသောမြန်မာ့လယ်ယာစီးပွားဖွံ့ဖြိုးတိုးတက် ရေး
အများပိုင်ကုမ္ပဏီ(MAPCO)နှင့်ဂျပန်နိုင်ငံမှ Mitsuiကုမ္ပဏီတို ့ပူးပေါင်းတည်ထောင်သည့်
MyanmarJapanRiceIndustryCo.,Ltd(MJRI) ကုမ္ပဏီအသစ်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ
ညွှန်ကြားမှုဦးစီးဌာနကမှတ်ပုံတင် ခွင့်ပြုထားပြီးဖြစ်သဖြင့်ပြည်ပသို့ဆန်တင်ပို့ မည့်အဆိုပါစီမံကိန်း
ကိုစတင်ဆောင်ရွက်တော့မည်ဖြစ်ကာရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့်နေပြည်
တော်တို့တွင်လေး နေရာခွဲကာဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်
MAPCOဥက္ကဋ္ဌဦးချစ်ခိုင်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွံတေးမြို့နယ်တွင်ပထမဆုံးစတင်ဆောင်ရွက်နေသောအဆိုပါစီမံကိန်း
အတွက်အမေရိကန်ဒေါ်လာသန်း၁၀၀ကျော်ရင်းနှီးမြှုပ်နှံသွားရန်ခန့်မှန်းထား ကြောင်း၎င်းကပြော
သည်။

"အကျိုးအမြတ်ခွဲဝေမှုကတော့MAPCOက ၅၁ရာခိုင်နှုန်းနဲ့Mitsuiက၄၉ရာခိုင်နှုန်းပါ။အခု တွံတေး
မှာစပြီးမြေစမ်းတာတွေလုပ်နေပါပြီ"ဟုဦးချစ်ခိုင်ကပြောသည်။ ြဲျွှုသည်ဆန်စပါးကိုအခြေခံပြီးတန်း
မြင့် ဆန်ထုတ်လုပ်မှု၊စားသုံးဆီထုတ်လုပ်မှု၊ဆန် ခေါက်ဆွဲ၊ဆန်ကြာဆံအပါအဝင်ဆန်စပါးအခြေခံ
တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ် မှု၊စပါးခွံမှလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့်ဓာတ်မြေဩဇာ
ဖြန့်ဖြူးမှုတို့ကိုဆောင်ရွက်သွား မည်ဖြစ်ကြောင်း၎င်းကပြောသည်။

"MAPCOနဲ့Mitsuiတို့ပူးပေါင်းဆောင်ရွက် နေတဲ့IntegratedRiceComplexProjectဟာ မြန်မာ့
ဆန်စပါးလောကရဲ့တိုးတက်မှုအလှည့် အပြောင်းကို ဆောင်ယူပေးနိုင်မယ့်စီမံကိန်းတစ်ခုဖြစ်ပါ
တယ်။ဒီစီမံကိန်းကြီးကနေတစ်နှစ်ဆန်စပါးတန်ချိန်တစ်သိန်းထုတ်လုပ်မှာဖြစ်ပြီးကျန်းမာရေးနဲ့
အထူးညီညွတ်တဲ့စားသုံးဆီတစ်နှစ်တန်ချိန်ငါးသောင်းကိုပြည်တွင်းပြည်ပဈေးကွက်အတွက်ထုတ်
လုပ်ရောင်းချပေးမှာဖြစ်ပါတယ်"ဟုဦးချစ်ခိုင်ကပြောသည်။

Mitsuiမှအုပ်ချုပ်မှုဒါရိုက်တာမစ္စတာကာဇူအိုနာကာယာမာကလက်ရှိမြန်မာနိုင်ငံ ၏ဆန်စပါးစိုက်
ပျိုးထုတ်လုပ်နိုင်သည့်ဧရိယာ အကျယ်အဝန်းအလွန်များသဖြင့်စနစ်တကျ ဆောင်ရွက်နိုင်ပါကတူ
ညီသောအကျယ်အဝန်း မှအလွန်အရည်အသွေးကောင်းမွန်ပြီးပမာဏ များသောဆန်စပါးများကို
စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းပြောသည်။

"အခုလက်ရှိမြန်မာနိုင်ငံမှာဆန်စပါးရိတ် သိမ်းတဲ့အခါစပါးထဲမှာအမျိုးအစားမတူတဲ့ စပါးမျိုးတွေကို
တွေ့နေရတာသိပ်မကောင်းပါ ဘူး။ကျွန်တော်တို့ကသာအခုလိုမျိုးဆန်စပါး ကိုစနစ်တကျနဲ့အမျိုး
အစားကောင်းမွန်အောင် ဒီတစ်နေရာကနေစံပြအဖြစ်ထုတ်လုပ်ပြနိုင် ရင်နိုင်ငံရဲ့တခြားဒေသတွေ
ကလည်းအတုယူ စိုက်ပျိုးနိုင်မယ်ထင်ပါတယ်"ဟု၎င်းကပြောသည်။

လက်ရှိတွင်မြန်မာနိုင်ငံအတွင်းစိုက်ပျိုး ထုတ်လုပ်နေသောဆန်စပါးအမျိုးအစားမှာဂျပန်နိုင်ငံတွင်
စားသုံးသည့်ဆန်စပါးအမျိုး အစားနှင့်မတူညီသောကြောင့်ဂျပန်နိုင်ငံသို့ တင်ပို့ရန်ထက်ကမ္ဘာတစ်
၀န်းရှိစားသုံးသူများ လက်ခံနိုင်သောအန္တရာယ်ကင်းရှင်းသည့်ဆန်စပါးအဖြစ်ထုတ်လုပ်ကာနိုင်ငံ
တကာသို့ တင်ပို့သွားမည်ဖြစ်ကြောင်းမစ္စတာကာဇူအို ကပြောသည်။

"Mitsui ကုမ္ပဏီဟာဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံကနေ ပထမဆုံးဆန် တင်သွင်းတဲ့
ကုမ္ပဏီဖြစ်ပြီးတချို့ကိစ္စရပ်တွေကြောင့်ကာလအတော်ကြာ ဆန်တင်သွင်းမှုရပ်ဆိုင်းခဲ့ ပါတယ်။ပြီးခဲ့တဲ့နှစ်မေလကနေစပြီးတော့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့MAPCOတို့ရဲ့
အကူအညီနဲပစင်ကာပူနိုင်ငံကိုဆန်တန်ချိန်၅၀တင်ပို့နိုင်ခဲ့တယ်။အဲဒီနောက်အာဖရိကနဲ့ဂျပန်
နိုင်ငံတို့ကိုလည်းတင်ပို့ နိုင်ခဲ့တယ်"လို့မစ္စတာကာဇူအိုကပြောသည်။

မစ္စတာကာဇူအိုကMitsuiသည်၄၅နှစ်တာစီးပွားရေးပိတ်ဆို့မှုအပြီးမြန်မာနိုင်ငံကဆန်တန်ချိန်
ပေါင်း၅,၀၀၀ကိုဂျပန်နိုင်ငံသို့ပထမဆုံးပြန်လည်တင်သွင်းနိုင်ခဲ့သောကုမ္ပဏီဖြစ်ကြောင်းလည်း
ဖြည့်စွက်ပြောကြားခဲ့သည်။

"အခုစတင်ဆောင်ရွက်နေပြီဖြစ်တဲ့IntegratedRiceComplexProjectဟာမြန်မာနိုင်ငံရဲ့ဆန်
စပါးကဏ္ဍတစ်ခုလုံးတိုးတက်ဖို့အတွက်အဓိကကျတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်။ဒီစီမံကိန်းဟာဆန်
တင်ပို့မှုတစ်ခုတည်းကိုသာမကဆန်ထုတ်လုပ်မှု၊အရည်အသွေး၊ နည်းပညာတိုးတက်မှုအစရှိတာ
တွေကိုလည်းဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြင့်ဆွေကယခုစီမံကိန်းသည်ဂျပန်-မြန်မာအစိုးရ
ချင်းပူးပေါင်းဆောင်ရွက်မှု ၏သက်သေဖြစ်ကြောင်းပြောသည်။ ပြီးခဲ့သည့်၂၀၁၂-၁၃ဘဏ္ဍာနှစ်
အတွင်းမြန်မာနိုင်ငံ၏ပြည်ပသို့စုစုပေါင်းဆန်တင်ပို့ မှုမှာစုစုပေါင်း မက်ထရစ်တန်ချိန်၁ဒသမ၄၆ သန်းရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး